မကြာသေးခင်က ကရင်လက်နက်ကိုင် လေးဖွဲ့ပူးပေါင်းပြီး ဖွဲ့စည်းခဲ့တဲ့
ကော်သူလေး တပ်မတော် KAF ဟာဘယ်နိုင်ငံရေး အဖွဲ့အစည်းတစ်ခုခုရဲ့
လွှမ်းမိုးမှုမှမရှိကြောင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဒီကနေ့
ကြေညာလိုက်ပါတယ်။
ကော်သူလေး တပ်မတော်မှာ ကရင်လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို
ပါဝင်ခွင့်ပြုထားတဲ့အတွက် တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲရေးတွေနဲ့ပတ်သက်ပြီး
ရေရှည်မှာ ပြဿနာမရှိအောင် အခုလိုကြေညာချက် ထုတ်တာဖြစ်တယ်လို့ DKBA
ဒုတိယစစ်ဦးစီးမှူး ဗိုလ်မှူးထွန်းထွန်းက ပြောပါတယ်။
"ပွဲတစ်ပွဲအခြေအနေမှာလေ လုပ်ရကိုင်ရ၊ ပေါင်းရအောင် ဆိုလိုတာက KAF ဆိုတဲ့
အောက်မှာကျတိုင်း အခါကျတော့ အားလုံးတန်းတူပဲလေ၊ ဘယ်သူ့ကိုမှဘယ်သူ
လွှမ်းမိုးမှု မရှိဘူး၊ ဆိုတော့ နိုင်ငံရေးအရရောဘာရော တစ်ချိန်တစ်ခါမှာ
လွှမ်မိုးမှု မဖြစ်လာနိုင်အောင် ကြိုပြောတာ၊ ရှင်းရှင်လင်းလင်းဖြစ်အောင်
ဒါလုပ်ထားတဲ့သဘောပဲ၊ ဖွဲ့စည်းဖို့လိုအပ်လာတယ်ဆိုတဲ့ သဘောပဲ၊
ဖွဲ့စည်းဖို့လိုအပ်လာတဲ့အပေါ်မှာ နိုင်ငံတော်ဆိုတဲ့
အာဏာပိုင်ဆိုတဲ့အပေါ်မှာလည်းပဲ တောင်းဆိုတယ်၊ လူထုသဘောထားကလည်း
နားထောင်ကြည့်တဲ့ အခါကျတော့လည်း လူထုကလည်း တောင်းဆိုတယ်၊
အဲ့ဒီဆုံးဖြတ်ချက်အပေါ်မှာ ကျနော်တို့ကလည်း ဖွဲ့စည်းခဲ့တာပါ"
ကရင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KNLA ၊ KNDO ၊ DKBA ၊
KNU/KNLA-PC တို့ကပြီးခဲ့တဲ့အောက်တိုဘာလ ၂၉ ရက်နေ့က ကော်သူလေး တပ်မတော်ကို
ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့လည်း ကော်သူလေးတပ်မတော် ဖွဲ့စည်းတဲ့အပေါ် မူအရသဘောတူထားပြီး ဖြစ်တယ်လို့သိရပါတယ်။
No comments:
Post a Comment