ဆာဘီးယားနိုင်ငံတွင် ခရီးသည်များသည် လေယာဉ်၏ ဘရိတ်စနစ် ချွတ်ယွင်းမှုကြောင့်
လေယာဉ်ကို ဆင်းတွန်းခဲ့ရ ကြောင်း Sky news သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အေးခဲသည့် ရာသီဥတုကြောင့် လေယာဉ် သောင်တင် နေသည့် အတွက် ခရီးသည်များက
အပူချိန် အနုတ် ၅၂ စင်တီဂရိတ်အောက် တွင် လေယာဉ်ကို ၀ိုင်းတွန်း ခဲ့ကြရခြင်း
ဖြစ်သည်။
အွန်လိုင်းတွင် တင်ထားသည့် ဗီဒီယိုတွင် ဆာဘီးယားရှိ နှင်းများ
ဖုံးလွှမ်းနေသော ပြေးလမ်းတစ်လျှောက် Tupolev လေယာဉ်အား ခရီးသည်များ
ဝိုင်းတွန်းနေကြ သည်ကို တွေ့မြင်ရသည်။
အင်္ဂါနေ့က အိုင်ဂါကာမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်ရပ်နှင့်
ပတ်သက်၍ အနောက်ဆာဘီးယားရှိ သယ်ယူပို့ဆောင်ရေး အာဏာပိုင်များက စုံစမ်းစစ်ဆေး
လျက်ရှိသည်။
UTair လေကြောင်း အုပ်စုမှ ပိုင်ဆိုင်သည့် အဆိုပါလေယာဉ်တွင် ခရီးသည် ၇၄ ဦး စီးနင်းလိုက်ပါခဲ့ခြင်းဖြစ်သည်။
“လေယာဉ်က ပြေလမ်းမှာ ၂၄ နာရီလောက် ရပ်နေခဲ့ရတာ၊ လေယာဉ်မှူးက လေယာဉ်ဘရိတ်ကို
ဖြုတ်လို့ မရဘူးတဲ့လေ။ နောက်တော့မှသိတာက လေယာဉ်ဘရိတ်က အေးခဲပြီး
ကြပ်နေလို့ တင်မရတာတဲ့”ဟု လေကြောင်း နည်းစနစ်ဒါရိုက်တာ ဗလာဒီမာအာမန်ကိုက
ထုတ်ဖော်ပြောဆိုခဲ့သည်။
ခရီးသည်များ၏ လုပ်ရပ်က ရုရှားမီဒီယာများတွင် ပြောစမှတ်တွင်သည့် သတင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး လူအများက ချီးကျူး ပြောဆိုလျက်ရှိသည်။
အဆိုပါလေယာဉ်သည် အိုင်ဂါကာလေဆိပ်မှ ထွက်ခွာကာ ဆာဘီးယားနိုင်ငံ ခရာစနိုယာ့ခ်မြို့သို့ ချောမောစွာရောက်ရှိခဲ့သည်ဟု ဆိုသည်။
လွန်ခဲ့သည့် နှစ်နှစ်ကမူ လေယာဉ်တောင်ပံများ အေးခဲနေမှုကြောင့် UTair မှ
လေယာဉ်တစ်စီး ပျက်ကျကာ လူပေါင်း ၂၉ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
No comments:
Post a Comment