Saturday, November 29, 2014

သောင်းနှင့်ချီသော မြန်မာလုပ်သားများကို ရက်ပိုင်းအတွင်းခေါ်ယူလိုကြောင်း မကာအိုအေဂျင်စီကမ်းလှမ်း

မကာအိုသို့ သောင်းနှင့်ချီသော မြန်မာလုပ်သားများ အမြန်ဆုံးစေလွှတ်ပေးရန် မကာအိုရှိ အေဂျင်
စီအဖွဲ့ အစည်း (MOW-EAA)မှ ဥက္ကဋ္ဌက မြန်မာအေဂျင်စီအသင်းချုပ်ထံ နိုဝင်ဘာ ၂၁ ရက်က တောင်းဆိုသည်။

မကာအိုတွင် ကာစီနိုလုပ်ငန်းများ   တိုးချဲ့လျက်ရှိသော ကြောင့် လုပ်သားလိုအပ်ချက်များ မြင့်တက်
လာပြီး ၂၀၁၄ နှစ်စပိုင်းမှစတင်ကာ မြန်မာအလုပ်သမားများခေါ်ယူခန့်အပ်ရန်လာရောက်ကမ်းလှမ်း
ခဲ့သည်။ထိုသို့ကမ်းလှမ်းမှုအပေါ်အလုပ်သမားဝန်ကြီးဌာနကအိမ်အကူလုပ်သားနှင့် ဖျော် ဖြေရေးလုပ်
သားများမှအပ ခေါ် ယူခန့်အပ်နိုင်ကြောင်း ညွှန်ကြားချက်အရ မြန်မာနိုင်ငံအေဂျင်စီအသင်းချုပ်သည် မကာအိုရှိ အေဂျင်စီအဖွဲ့အစည်းလေးခုနှင့် သဘောတူညီမှုစာချုပ်များရေးထိုးခဲ့သည်။

နားလည်မှုစာချွန်လွှာ လက် မှတ်ရေးထိုးခဲ့သောအဖွဲ့အစည်း များအနက် နိုဝင်ဘာ ၂၁ ရက် က လက်မှတ်ရေးထိုးခဲ့သော Macau Oversea Workers Employment Agency Association (MOWE-AA)အမည်ရှိ မကာအိုအေဂျင်စီက မြန်မာအလုပ်သမားသောင်းဂဏန်းအမြန်ဆုံးခေါ်ယူလိုသောကြောင့်  အချိန်တိုအတွင်း ပို့ ဆောင်ပေးရန် မြန်မာအေဂျင်စီအသင်းချုပ်ထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

‘‘မကာအိုမှာ လုပ်သားလို အပ်ချက်က နိုင်ငံတွင်းမှာရှိတဲ့ လူဦးရေထက် ပိုများနေပါတယ်။ လာမည့်နှ
စ်မှာမကာအိုမှာ ပြည်ပအလုပ်သမားသုံး၊ လေးသောင်းလိုအပ်နေပါတယ်။ကာစီနိုလုပ်ငန်းတွေ ခြောက်
ခုလောက်ဖွင့်ဖို့လုပ်နေပါတယ်’’ဟု MOWEAA ဥက္ကဋ္ဌမစ္စတာ Ao Leong Kuong Kao က ပြောသည်။
‘‘သူတို့ကတော့ခေါ်စာရပြီး ၂၅ ရက်နဲ့လိုချင်ကြတယ်။ ကျွန် တော်တို့လည်း ပို့နိုင်အောင်ကြိုး စားပါ့မယ်။ သူ့နိုင်ငံကလုပ်ငန်း စဉ်တွေလွယ်တယ်။ ဒီတော့ ကျွန် တော်တို့ဝန်ကြီးဌာနကိုလည်း တင်ပြမှာပါ။ အမျိုးသမီးတွေ အတွက်လည်း   ဥပဒေခိုင်မာမှုရှိ တယ်’’ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။

 မကာအိုက မြန်မာအလုပ်သမားများကို အနိမ့်ဆုံးသန့်ရှင်းရေးဝန်ထမ်းနှင့် လုံခြုံရေးဝန်ထမ်းတစ်ဦး
အား တစ်လလျှင်အမေရိကန်ဒေါ်လာ ၅၀၀ မှ ၇၀၀၊တရုတ်နှင့်အင်္ဂလိပ်ဘာသာစကားပြောနိုင်ပါက
 ဒေါ်လာ၇၀၀မှ၁,၀၀၀၊ဘွဲ့ရရှိပြီးဘာသာစကားနှစ်မျိုးလုံးတတ်ကျွမ်းသည့်အပြင်ကွန်ပျူတာကျွမ်းကျင်
ပါကဒေါ်လာ ၁,၀၀၀ မှ ၁,၅၀၀ အထိလုပ်ခလစာပေး၍ အလုပ်ခေါ်ဆိုလျက်ရှိကြောင်း  သတင်းရရှိသ
ည်။

 မကာအိုသို့လုပ်သားစေ လွှတ်မှုနှင့်ပတ်သက်၍ ယခုလ ၂၄ ရက်တွင် ပြုလုပ်မည့် အလုပ် သမားဝန်ကြီးဌာနနှင့် အေဂျင်စီ အသင်းချုပ်တို့ တွေ့ဆုံဆွေးနွေး မည့် အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်

ထို့အပြင် မကာအိုတွင်နိုင်ငံခြားသားလုပ်သားများနှင့် ပတ်သက်၍ အလုပ်သမားအခွင့်အရေးများကို ၎င်းတို့နိုင်ငံသားများနှင့်နည်းတူ အခွင့်အရေး၊ အကျိုးခံစားခွင့်များပေးထားပြီး နေစရိတ်၊ စားစရိတ်အ
တွက် လစာအပြင် ဒေါ်လာ ၅၀၀ လည်း ထပ်မံပေးကြောင်း သတင်းရရှိသည်။

မကာအိုသို့သွားရောက်လုပ် ကိုင်မည့် လုပ်သားများအနေဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ညွှန် ကြားထားသည့်အတိုင်း ဝန်ဆောင်ခနှုန်းထားကို လုပ်ခလစာ၏လေး လစာထက်မပိုသော နှုန်းထားဖြင့် သာ ကောက်ခံမည်ဖြစ်ပြီးယခုအခါသတ်မှတ်ထားသည့် လေးလစာထက်  လျော့နည်းဖွယ်ရှိ ကြောင်း
 နှစ်နိုင်ငံအေဂျင်စီအဖွဲ့ အစည်းက ပြောသည်။

No comments:

Post a Comment