Because of Green (စိမ်းနေခြင်းကြောင့်သာ)
=============================
နာမည်ကျော် ဒရမ်မာစီးရီး ကားတစ်ခုဖြစ်တဲ့ Love
Story In Harvard ဇာတ်ကားထဲ ဇာတ်ဝင်ခန်းတစ်ခု
ကိုမျက်စိထဲပြန်မြင်နေရတယ် ။ ဟားဗက်ဥပဒေကျော
င်းရဲ့ တရားရုံးပုံစံငယ်တစ်ခုမှာ
အပြင်မှာဖြစ်ပွားခဲ့တဲ့ အမှု တွေကို အုပ်စု ၂ စုခွဲပြီး တ
ရားလိုဘက် ၊ တရားခံ ဘက် ရှေ့နေလိုက်ကြရင်း ဥပ
ဒေပိုင်းဆိုင်ရာတွေဆွေးနွေးငြင်းခုန်နေတာပါ ။ လူမ
ည်းအမျိုးသမီးတစ်ယောက်က
စူပါမားကတ်မှာဈေးဝယ် ရင်း ပစ္စည်းခိုးတယ်လို့ စွတ်စ
ွဲခံရတဲ့အတွက် ရှာဖွေခြင်းခံရပါတယ် ။ အဲဒီအတွက်
အရှက်ရပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဖြစ်ပေါ်ခဲ့ပါတယ်
။
ဝမ်းနည်းနာကျည်း မှုတွေနဲ့ နှလုံးရောဂါအခံပေါင်းစပ်ြ
ပီး လူမည်းအမျိုးသမီး ဟာ သေဆုံးခဲ့ရပါတယ် ။ ဒြါေ
ကာင့် လူမဲအမျိုးသမီး ရဲ့ ပက်သက် သူတွေ ဟာ စူပါမ
ားကတ်ကိုတရားစွဲဆိုခဲ့တယ်။
ဒါပေမဲ့ စူပါမားကတ်တွေမှာ မယုံသင်္ကာဖြစ်လျှင် စစ်ေ
ဆးခွင့်ရှိတာကြောင့် တရားလိုသေဆုံးမှု မှာ စူပါမား
ကတ်နဲ့မသက်ဆိုင်ဘူးလို့ တရားရုံးကဆုံးဖြတ်ချက်ချပြီ
း စူပါမားကတ်ပိုင်ရှင်ကို အနိုင်ပေးခဲ့တယ် ။
အဲဒီအမှုကို Kim Hyun-woo ဦးဆောင်တဲ့ ဟားဗက်
ဥပဒေကျောင်းသားများအဖွဲ့က တရားရှုံးသွားတဲ့ မစ်စ်
ဆူဇန် ရဲ့ ဘက်ကနေ ရှေ့နေ အဖြစ် တရားရင်ဆိုင်ခဲ့ပါ
တယ် ။
ပုံစံငယ် တရားရုံးမှာ ဥပဒေကျောင်းသားလေး Kim
Hyun-woo က လျှောက်လဲချက်ပေးရင်း တရားသူကြီ
းပါမောက္ခ တွေကို ဗီဒီယိုဖိုင်လေး တစ်ခုဖွင့်ပြပါတယ်
။
" ဒါဟာ သာမန်ချိန် စူပါမားကတ်မှာ ဈေးဝယ်သူတစ်ေ
ယာက်ကို မသင်္ကာတဲ့ခါ လုံခြုံရေးတွေက စစ်ဆေးတဲ့
ပုံစံ ဗီဒီယိုဖိုင် လေးဖြစ်ပါတယ် ။ မည်သူ့ကို မျှ ဝတ်လ
စ်စလစ် ချွတ်ပီး မစစ်ဆေးကြပါဘူး။
ဒါပေမဲ့ လူမည်းအမျိုးသမီးကို မသင်္ကာလို့ စစ်ဆေးတဲ့ခ
ါမှာတော့သာမန် စစ်ဆေးတဲ့ ပုံစံမျိုး မဟုတ်ပဲ လူတစ်ေ
ယာက် အရှက်ရလောက်အောင် ၊ ဂုဏ်သိက္ခာထိခိုက်
လောက်အောင် ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်လော
က်အောင် တစ်ကိုယ်လုံးဝစ်လစ်စလစ်ချွတ်ပြီး
စစ်ဆေးခဲ့ပါတယ် " ။ " တရားသူကြီးမင်းတို့ခင်ဗျာ ။
အဲဒါဟာ ဘာကြောင့်လို့ ထင်ပါသလဲ ။ တူညီတဲ့ဖြစ်စ
ဉ်တစ်ခုမှ ဘာလို့ ဆောင်ရွက်မှုတွေ မတူညီရတာပါလဲ
။ အဖြေကရှင်းပါတယ် ။ "
"Because .... of .... B L A C K " ။ သူတို့ ဟာ လူ
မည်းဖြစ်နေလို့ပါပဲ ... တဲ့ ။
ခုတလောမှာ ဟော့ ဖြစ်နေတဲ့ အကြောင်းရာက သ
တင်းထောက်ကိုပါကြီး အကြောင်းဖြစ်မယ်ထင်ပါတ
ယ် ။ အဘယ်သို့သောအကြောင်းကြောင့်ဖြစ်စေ လူ
တစ်ယောက်သေဆုံးတာဟာ
ဝမ်းမြောက်စရာမဟုတ်ပါဘူး ။ မည်သူပင် ဖြစ် ပါစေ
လူတစ်ယောက် လူ့လောကထဲက ပျောက်ကွယ်သွား
တာ ၊ ဇနီးသည်တစ်ယောက်အတွက် ခင်ပွန်းဆုံးရှုံးသ
ွားတာ ၊ သားသမီးတွေအတွက် ဖခင်တစ်ယောက်
ဆုံးရှုံးသွားတာ ဟာ အသေအချာ ဖြစ်ပါတယ် ။ သေ
ဆုံးသူ ကိုပါကြီးရဲ့ ဇနီးသည် တရားစွဲဆိုတာ ၊ အမှုဖွင့်
တာ ဟာလည်းဖြစ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ် ။ ခ
င်ပွန်းတစ်ယောက်လုံးဆုံးရှုံးသွားတဲ့
သူ့အတွက် တရားမျှတ မှု ၊ သိသာထင်ရှားမှု လိုအပ်ပါ
တယ် ။ အမှု ဖွင့် ၊ သက်ဆိုင်ရာ မှုခင်းဆရာဝန် ၊ စုံစမ်
းစစ်ဆေးရေးရဲအရာရှိတွေ က စစ်ဆေး ဘယ်လိုသေ
ဆုံးခဲ့တယ်ဆိုတာဖော်ထုတ်
တရားရုံး က အချက်လက်တွေ ရယူ ၊ တရားခံ ၊ တရာ
းလိုဘက်က ပစ္စည်းသက်သေ ၊ လူသက်သေတွေ ရဲ့
ထွက်ဆိုချက်တွေကို စစ်ဆေး ကြမယ် ။ တကယ်လို့
သတင်းထောက်ကိုပါကြီးဟာ
တပ်မတော်က ပြောသလို KKO အဖွဲ့က လက်နက်ကို
င်တစ်ယောက်မဟုတ်ခဲ့ဘူးဆိုရင် ဒါဟာ လူသတ်မှု ဖြ
စ်ပါတယ် ။
လူသတ်မှု ဥပဒေပုဒ်မတွေအတိုင်း ပစ်ခဲ့တဲ့စစ်သည်ကို
အရေးယူ ၊ တာဝန်ရှိတဲ့
တပ်ခွဲမှူး ၊ တပ်ရင်းမှူးတွေ ကို စစ်ဘက်ဥပဒေ လုပ်ထုံး
လုပ်နည်းတွေ အတိုင်း တာဝန်ရှိမှု အတွက် အပြစ်ပေး
။ တကယ်လို့ ကိုပါကြီး ဟာ သတင်းထောက်အပြင်
လက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်ယောက်
ဖြစ်ခဲ့တယ် ။ သေနတ်လုခံရလို့ ခုခံကာကွယ်ရင်း သေ
ဆုံးခဲ့ရတယ်ဆိုရင် .... သက်ဆိုင်ရာ စစ်မြေပြင်ဥပဒေ
/ တန်းပြည့်စစ်မှုထမ်းချိန်ဥပဒေ များအတိုင်း စစ်သည်
ဟာ ဥပဒေရဲ့ အကာအကွယ်ကို ခံစားခွင့်ရရှိရမှာ
ဖြစ်ပါတယ် ။ တရားလိုလည်းရှိနေပြီ ၊ တရားခံလည်း
ရှိနေပြီ ၊ အကြောင်းခြင်းရာ မှန်မမှန် စစ်ဆေး ဖို့ သာ
လိုအပ်တာဖြစ်ပါတယ်။ အရာအားလုံး ဟာ ရိုးရိုးလေး
ပါပဲ ။ တပ်မတော် ဟာ ဆင့်ကဲဆင့်ကဲ ကွပ်ကဲမှု
တွေနဲ့ တာဝန်ယူရမှာဖြစ်သလို ၊ တပ်မတော်သားတွေ
အနေနဲ့လည်း ဘာမှ ပြောစရာမလိုပါ ဘူး။
တစ်ကိုယ်ရေ အမြင် ကတော့ ကိုပါကြီးဟာ သတင်းေ
ထာက်တွေဘက်က ပြောသလို သတင်းထောက်သြာ
ဖစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင် တွေ နဲ့ လုံးဝပက်သ
က်သူ မဟုတ်ဘူးလို့ ကံသေကံမ ထင်ထင်ရှားရှား ရှိမ
နေသလို ၊
တပ်မတော် က ထုတ်ပြန်သလို လက်နက်ကိုင်တပ်ဖွဲ့ဝ
င် သာ ဖြစ်တယ်ဆိုတာလည်း သေချာပေါက်ပြောလို့မ
ရပါဘူး ။ ဘာကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ နဲ့
ပက်သက်မနေဘူးလို့ ပြောမရသလဲဆိုရင်
နောက်ကြောင်းရာဇဝင်တွေ နဲ့ ဓာတ်ပုံတွေ ကြောင့်ဖြ
စ်ပါတယ် ။ ယူနီဖောင်းဝတ်ထားတာ ၊ ကိုပါကြီးဟုတ်
မဟုတ် ငြင်းနေတဲ့ ဓာတ်ပုံတွေ ကို ခဏ ထားလိုက်ပါ
။ ဓာတ်ပုံတစ်ပုံ က စစ်ထွက် မိန့်ခွန်း ပြောနေတဲ့ချိန်
ရိုက်ထားတဲ့ပုံ ကို ကိုပါကြီးကိုယ်တိုင်တင်ထားတာဖြစ်
ပါတယ် ။ ဘယ်ချိန်မှာ စစ်ထွက် မိန့်ခွန်း ပြောသလဲ စ
စ်သားတွေသိပါတယ် ။ စစ်ချီမဲ့အချိန် ၊ ခြုံခိုတိုက်ခိုက်မဲ
့အချိန် ၊ တိုက်စစ်ဆင်နွှဲမဲ့အချိန် ..အဲဒီအချိန်တွေမှာ
လက်အောက်က စစ်သည်တွေကို ဘယ်ကို သွားမယ် ၊
ဘာလုပ်မယ် ၊ ဘာကိုတော့မလုပ်ကြရဘူးဆိုတာ လ
က်အောက်ကစစ်သည်တွေကို ညွှန်ကြားချက်ပေးတြာ
ဖစ်ပါတယ် ။ အဲဒီညွှန်ကြားချက် တွေမှာလည်း
အောက်ခြေစစ်သည် သိရမဲ့ အကြောင်းရာ နဲ့ တပ်စုမှူး
၊ တစ်ခွဲမှူး ၊ တပ်ရင်းမှူး စတဲ့ ဦးစီးခေါင်းဆောင်တွေသိ
ရမဲ့ အကြောင်းရာ ဟာ မတူပါဘူး ။ အဲဒီ အကြောင်း
ရာတွေ ဟာ ကိုယ့်တပ်ရဲ့လုပ်ဆောင်မဲ့ အစီစဉ်တွေဖြ
စ်လို့
စစ်သည်တွေရဲ့ အသက်နဲ့ အတူတူ အရေးကြီးပါတယ်
။ အဲဒီအစီအစဉ် သတင်းကိုသာ တစ်ဖက်ရန်သူ ကြ
ကိုသိလို့ ချေမှုန်းခံခဲ့ရရင် စစ်ပွဲ ရှုံးနိမ့်ပါတယ် ။ အဲလို
အချိန်မှာ ကိုပါကြီး ဟာ ဘာကြောင့် အဲဒီနေရာမှာ ရှိ
နေသလဲ။
သာမန်သတင်းထောက်တစ်ယောက်ကို DKBA တပ်ဖ
ွဲ့ဝင်တွေ/ခေါင်းဆောင်တွေ က အသက်နဲ့ထပ်ပြီးယုံကြ
ည် နိုင်ပါသလား ။
တကယ်လို့ ကိုပါကြီး နေရာမှာ သာ စစ်တပ်သတင်းေ
ပးတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် DKBA တပ်ဖွဲ့တွေ
ဘယ်လို ဖြစ်သွားမယ်ထင်ပါသလဲ ။ ဒါဟာ စဉ်းစားစ
ရာအချက်တွေဖြစ်ပါတယ် ။ နောက် တပ်မတော်ထုတ်ြ
ပန်သလို KKO တပ်ဖွဲ့ဝင်လို့ ကံသေကံမ ပြောလို့ မရ
တာ က ကိုပါကြီးဟာ သတင်းဆောင်းပါးတွေ ရေးသ
ားပေးပို့ နေသူ
ဖြစ်လို့ပါပဲ ။ လက်ရှိသတင်း ထောက်လုပ်နေပါတယ်
လို့ အာမခံနိုင်သူ သတင်းသမားတွေ ရှိနေလို့ပါပဲ ။ ဒါ
ကြောင့် ကိုပါကြီး ဘယ်သူဖြစ်နိုင်သလဲ ဆိုရင် ကျွန်ေ
တာ့်အတွက်တော့ 50/50 ပါပဲ ။
100 စီ သေချာနေသူတွေလည်းရှိကောင်းရှိနိုင်ပါတယ်
။
ပြည်တွင်းစစ်ရဲ့ ဘေးထွက်ဆိုးကျိုး တွေ အနေနဲ့ဖြစ်ပေါ်
ခဲ့တဲ့ ကိုပါကြီး ဆန်ဆန် အမှု မျိုးတွေ မြောက်များစွာရှိ
ခဲ့ပါတယ် ။ မြန်မာပြည်မြောက်ပိုင်း မှာ အသတ်ခံ ခဲ့ရ
တဲ့ ကျောင်းဆရာ၊ ဆရာမတွေ ။ အုပ်ချုပ်ရေးဝန်ထမ်း
တွေ ။
ပြန်ပေးဆွဲ ခံ ခဲ့ရတဲ့ နိုင်ငံဝန်ထမ်းတွေ ၊ သိပ်မကြသေ
းခင် က လက်နက်ကြီးထိမှန်လို့ ဗိုလ်တဲ မှာ သေဆုံး
သွားကြတဲ့ သာမန်ပြည်သူတွေ ။ အဲဒီလူတွေ အတွက်
ကော တရားမျှတမှု ဆိုတာ မရှိသင့်ဘူးလား ။ သူတို
့ကရော ပြည်သူတွေ မဟုတ်ကြလိုလား။
လူတွေ မဟုတ်ကြလို့လား ။ မထူးဆန်းတဲ့ လူ့လောက
ထဲ အမှု အခင်းတစ်ခုအတွက် ထူးဆန်းနေတာတွေေ
တာ့ရှိပါတယ် ။ စံ ဆိုတဲ့ ဖြောင့်မတ်မှု ဟာ မည်သည့်
နေရာ ၊ မည်သည့်ချိန်ခါတွင်မှ ချိုင်ခွက် ကောက်ကွေး
မနေပါဘူး ။
အထက်ပါ အကြောင်းအရာတွေ တုန်းက ရေငုံ နှုတ်ပိ
တ် နေခဲ့ကြသူတွေ ဟာ ယခုအခါမှာတော့ စတိတ်မန်
့ကိုယ်စီ ထွက်လာကြတာ ပါပဲ ။ နောက် တရားမျှတမှု
ဆို ပြီးတောင်းဆိုလာကြတာပါပဲ ။ " လူသတ်ရာမှာ
လက်ယဉ်နေပြီးလား" ဆိုတဲ့ ခေါင်းကြီးတွေ နဲ့ ဖော်ပြ
လာကြတာပါပဲ ။ မတိကျ မသေချာသေးတဲ့ အမှု အခ
င်းတစ်ခုအတွက် လူစုပြီး ဖိအားပေးလာကြတာပါပဲ ။
ဘာကြောင့်ပါလဲ ။ တူညီသော အကြောင်းရင်းခံတွေမှ
ာ ဘာလို့ တုန့်ပြန်မှုတွေ က
ကွဲပြားနေရတာပါလဲ ။ တူညီတဲ့ ဖြစ်စဉ်တွေမှာ လိုချင်
တဲ့ တရားမျှတမှု တွေ ဟာ ဘာလို့ မတူညီရတာပါလဲ
။ အဖြေဟာ သိပ်ကိုရှင်းလင်း ပါတယ် ။
ဟားဗက် ဇာတ်ကားထဲ က Kim Hyun-woo ရဲ့ စက
ားကို ငှား ပြောရရင် .... " Because Of G R E E N
" ။ အမှန်အမှား ၊ တရားမျှတမှု ၊ တရားဥပဒေ ဆိုတာ
တွေ ထက် ....ကျူးလွန် ခဲ့ တယ် ဆိုသူတွေဟာ တပ်မ
တော်သား များ ဖြစ်နေလို့ပါပဲ ။
ညိမ်းညို ရဲ့ ရေချမ်းစဉ် ကဗျာလေးထဲကလိုပါပဲ ...
ငြိမ်းအေးမှုရသနဲ့
ငါ့ကိုယ်ငါ တည်ဆောက်ချင်ခဲ့တာပါ
သိသူဖြစ်စေ မသိသူဖြစ်စေ
ရန်သူမိတ်ဆွေမဟူ ဘက်မတူခဲ့ရင်လည်း
ငါက ကြည်ဖြူမှာပါ
ကိုယ့်အရိပ်လေးထဲ ကိုယ်နေ
ကိုယ့်အကိုင်းအုပ်အုပ်လေးနဲ့ကိုယ် တိမ်မြုပ်
ဘာကိုမှ အရေးမလုပ်ပဲနေနေတာ မဟုတ်ပါဘူး
ခရီးသွားတွေဆိုတာ
ငါ့ရှေ့ကလမ်းကလေးမှာ နေ့စဉ်ဖြတ်သွားကြတာပဲေ
လ
သူတို့အသံတွေကို ငါကြားနေရတာပေါ့
သူတို့လှုပ်ရှားမှုတွေကို ငါမြင်တွေ့နေရတာပေါ့
အမှန်နဲ့အမှား ဘယ်လိုချို ဘယ်လိုခါးတယ်ဆိုတာ
ရေချမ်းစဉ်လေးအဖြစ်နဲ့လည်း ငါမှတ်သားနေမိပါတ
ယ် ...
အပြစ်ရှိကြောင်း ထင်ရှာ နေတဲ့ တပ်မတော်သားတွေ
အတွက် ကျွန်တော်တို့ ဟာ ဘယ်သော အခါမှ ကာ
ကွယ် ပေးမှာ မဟုတ်ပါ ။ ကိုယ့်ခံယူချက် ၊ ယုံကြည်ချ
က်အတွက် ကိုယ့်ဘဝလေးနဲ့ကိုယ်တိမ်မြုပ်
ကိုယ့် အလုပ်ကို လုပ်ရင်း တာဝန်ကျေနေဦးမှာပါ ။ ေ
နာက်လူငယ်တွေအဖြစ် ဒေါသ ၊ အာဃာတ ဆိုတာေ
တွကို ကျွန်တော် တို့ တတ်နိုင်သလောက် ငြှိမ်းသတ်
ထားပါတယ် ။
သို့သော် .... ဘယ်သူတွေ က ဘယ်လိုသဘောထား
တယ်ဆိုတာ ကျွန်တော်တို့စိတ်ထဲမှာ တိတ်တိတ် ကေ
လး မှတ်သားနေပါတယ် ။
ကျွန်တော်တို့ တွေ မှတ်သားနေဦးမှာပါ ။
(ရုပ်ဆိုး)
No comments:
Post a Comment