ကတ်ကို အသုံးပြုပြီး ATM စက်ကနေ ငွေထုတ်ယူတဲ့နည်းပညာဟာ မကြာခင် အတိတ်မှာ ကျန်ရစ်ခဲ့နိုင်ပါတယ်။
ဂျပန်နည်းပညာကုမ္ပဏီဖြစ်တဲ့ Hitachi နဲ့ ပိုလန်
ဘဏ်လုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီ Itcard တို့ ဟာ သူတို့ ရဲ့ နည်းပညာသစ်ဖြစ်တဲ့
‘Finger Vein’ နည်းပညာကို ပိုလန်နိုင်ငံတစ်ကြောမှာ
တပ်ဆင်အသုံးပြုလိုက်ပါပြီ။
ငွေထုတ်ယူမယ့်လူတွေဟာ သူတို့ ရဲ့ လက်ချောင်းကို စကင်ဖတ်မယ့်နေရာမှာ
တင်ပေးရုံနဲ့ ကတ်မလိုဘဲ ၀န်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ပါပြီ။
ကတ်ပျောက်ရှမှာ မပူရတဲ့အပြင်၊ လှို့ ဝှက်နံပါတ်မေ့တာ စတဲ့ ပြဿနာတွေလည်း
ကြုံတွေ့ ရမှာမဟုတ်တော့ဘူးလို့ ဆိုပါတယ်။
ဒီနည်းပညာကို ဒီနှစ်အတွင်း ပိုလန်နိုင်ငံမှာရှိတဲ့ ATM ပေါင်း အနည်းဆုံး
အလုံး ၁၇၃၀ မှာ တပ်ဆင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လောလောဆည်တော့ တစ်ချို
့ဘဏ်တွေမှာ ဒီနည်းပညာကို စတင်စမ်းသပ်အသုံးပြုနေပြီဖြစ်ပါတယ်။
Hitachi ဟာ ဒီနည်းပညာကို UK နဲ့ တခြားနိုင်ငံတွေဆီလည်း ယူဆောင်လာမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။
CCD ကင်မရာနဲ့ အနီအောက်ရောင်ခြည် ပေါင်းစပ်အသုံးပြုထားတဲ့ ဒီနည်းပညာဟာ
ငွေထုတ်ယူမယ့်သူက လက်ချောင်းကို စကင်ဖတ်တဲ့နေရာပေါ်တင်လိုက်ရုံနဲ
့အနီအောက်ရောင်ခြည်က တစ်ဆင့် လက်ချောင်းသွေးကြောတွေရဲ့ ပုံစံကို
ဖတ်ရှုမှာဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီမှာ မတူကွဲပြားတဲ့
လက်ချောင်းသွေးပြန်ကြောပုံစံရှိကြောင်း ဖော်ပြထားပါတယ်။
ဖတ်ထားတဲ့ သွေးပြန်ကြောပုံစံနဲ့ မူလ မှတ်သားထားတဲ့ ပုံစံကို တိုက်ယှဉ်ကြည့်ပြီး အသုံးပြုသူကို ခွဲခြားမှာ ဖြစ်ပါတယ်။
ဆွီဒင်တောင်ပိုင်း Lund မြို့ မှာလည်း ဒီနည်းပညာကိုစမ်းသပ်အသုံးပြုနေပြီး
အောင်မြင်မှုရရှိရင် ATM စက်တွေမှာ တပ်ဆင်သွားမယ်လို့ သိရပါတယ်။
ဧပြီလအတွင်းမှာ ဆွီဒင်နဲ့ ပိုလန်နိုင်ငံက ဈေးဝယ်သူတွေဟာ လက်တစ်ချက်
တင်လိုက်ရုံနဲ့ သူတို့ ရဲ့ ၀ယ်ယူ ကျသင့်ငွေတွေကို
ပေးချေနိုင်တော့မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
No comments:
Post a Comment