Wednesday, November 5, 2014

ငီးငွေ့မှုတွေ တောက်လောင်နေဆဲခဏ
ကိုယ့်ဘာသာကျိန်ဆဲ
လက်ကျန်သက်ပြင်းတစ်ချို့ကို မှုတ်ထုတ်မိတယ်
ကျွန်တော်ကကောင်းကင်ပြိုကျရင်တောင်ခေါင်းမော့ကြည့်သူမဟုတ်ဘူး
ကောင်းကင်ကလဲ တစ်ခါမှမပြိုကျဖူးဘူး

ကိုယ့်ကိုယ်ကိုယ်ထိခိုက်နာကျင်လွယ်တတ်သူမှန်းတော့သိတယ်
မြင်ကွင်းအသစ်တွေ၊ မိတ်ဆွေအသစ်တွေ၊ စိတ်ကူးအသစ်တွေ၊
အခက်အခဲအသစ်တွေ၊သတင်းအသစ်တွေ၊ အကြွေးအသစ်တွေ…
အသစ်…အသစ်တွေ
ကြား၊ ကျွန်တော်ကတော့
ကိုယ့်ကိုယ်ကိုယ် အဟောင်းကြီးလို့ယုံကြည်တုန်းပဲ

No comments:

Post a Comment