Yahooyeeha Dota Suggestion
>> Nevermore The Shadow Fiend <<
(ဒီဆောင်းပါးဟာ internet journal အမှတ် (၄၂) မှာေ
ဖ်ာပြပြီးဖြစ်ပါတယ်။)
ကမ္ဘာ့အနုပညာသမိုင်းကြောင်းမှာ ထင်ရှားကျော်ကြားခဲ့
တဲ့ အမေရိကန် စာရေးဆရာ Edgar Allen Poe ဟာ
၁၈၄၅ ခုနှစ်ခန့်က “The Raven” လို့ အမည်ရတဲ့ ကဗျာရှ
ည်တစ်ပုဒ်ကို ရေးသားခဲ့ပါတယ်။ အချစ်ဒဏ်ကြောင့် အေ
မှာင်ထုထဲမှာ ပင်ပန်းစွာလောင်ကျွမ်းဆွေးမြေ့နေခဲ့ရတဲ့
Lenore ဆိုတဲ့ ဇာတ်ကောင်ရဲ့ ဝိညာဉ်ကို “Nevermore”
လို့အမည်ရတဲ့ ကျီးမဲတစ်ကောင်က လာရောက်ခေါ်ဆော
င်သွားတဲ့ပုံသဏ္ဍန် ရေးဖွဲ့ထားတဲ့အဆိုပါ ကဗျာရှည်ကို အ
စွဲပြုပြီး သူတစ်ပါးရဲ့ ဝိညာဉ်ကို ဖမ်းဆီးခေါ်ယူပြီး ပြန်လည်
တိုက်ခိုက်တဲ့ “အမှောင်ထု မိစ္ဆာ” The Shadow Fiend
ကို Dota 1 မှာ ထည့်သွင်းအသုံးပြုခဲ့ခြင်းဟာ
Nevermore ဆိုတဲ့ မြန်မာကစားသမား အများစုကြိုက်ြ
ကတဲ့ Hero တစ်ကောင်အစပြုခဲ့သော စိတ်ကူးစိတ်သန်း
တစ်ခုပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ Dota ကစားသမားမျာ
းနဲ့ အကျွမ်းတဝင် ရှိပြီးသားဖြစ်တဲ့ Nevermore ဟာ
Carry Hero တစ်ကောင်ဖြစ်ပြီး Disable Ability မပါတဲ့
Nuker Hero တစ်ကောင်လည်းဖြစ်ပါတယ်။ Dota 2 ပေ
ါ်ပေါ်လာချင်းမှာ Nevermore ရဲ့ မလှပတဲ့ Model ကြောင့်
လူရွေးချယ်မှုနည်းပါးခဲ့ပေမယ့် v6.82 Rekindling Soul
Update မှာ ပြောင်းလဲသွားတဲ့ Model Rework နဲ့
Demon Eater Arcana ကြောင့် ကစားပွဲတွေမှာ ပြန်လ
ည်မြင်တွေ့လာရတဲ့ Dota Idol Hero တစ်ကောင်ပဲဖြစ်ပါ
တော့တယ်။
Background Story
ယုံတမ်းစကားများအနေဖြင့် Nevermore The Shadow
Fiend ကို ကဗျာဆရာတစ်ယောက်ရဲ့ ဝိညာဉ်တစ်ခုလို့ေ
ခ်ါဆိုကြပါတယ်။ အကြောင်းကတော့ သူ့ဟာ မြောက်မျာ
းစွာသော ဝိညာဉ်များကို ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်
ပဲ ဖြစ်ပါတယ်။ ခေတ်ကာလများစွာကို ဖြတ်သန်းပြီးနော
က်မှာတော့ Nevermore ဟာ သူဖမ်းဆီးထားတဲ့ ကဗျာ
ဆရာများ၊ ဘုန်းတော်ကြီးများ၊ ရှင်ဘုရင်များ၊ သူဖုန်းစား
များ၊ အစေခံများ၊ အတွေးအခေါ်ပညာရှင်များ၊ ရာဇဝတ်မှု
ကျူးလွန်သူများနဲ့ အထူးသဖြင့် သူရဲကောင်းများရဲ့ ဝိညာဉ်
များစွာဟာ လွတ်မြောက်ရာ လမ်းမရှိကြောင်းကို သက်ေ
သပြခဲ့ပါတယ်။ ဒါပေမယ့် ဒီဝိညာဉ်တွေကို ဘာကြောင့်
ဖမ်းဆီးချူပ်နှောင်ထားသလဲဆိုတာကတော့ မည်သူမျှ မ
သိနိုင်ခဲ့ပါဘူး။ ဘယ်နေရာမှာရှိမှန်းမသိတဲ့ နက္ခတာရာေ
ဒသတစ်ခုကနေ ငါးရှဉ့်တစ်ကောင်သဖွယ် တိုးဝင်ရော
က်လာခဲ့တဲ့ Nevermore ရဲ့ ရင်ဘက်ထဲက ဝိညာဉ်များကို
သိုလှောင်ထားတဲ့ ချောက်နက်ကြီးထဲကို မည်သူတစ်ဦး
တစ်ယောက်မှ ချောင်းကြည့်ရဲတဲ့ သတ္တိမရှိခဲ့ပါဘူး။ ဒြါေ
ကာင့် သူဟာ ဖမ်းမိထားတဲ့ ဝိညာဉ်များကို ဝါးမြိုစားသုံးပ
စ်လိုက်သလား ? ။ Eldritch ဘုရားကျောင်းကိုပဲ ၄င်းတို
့ကို စီးနင်းခေါ်ဆောင်သွားသလား ? ။ လူသေကောင်ေ
တွအသက်ပြန်သွင်းဖို့အတွက် ဝိညာဉ်တွေကို ဆေးရည်စိ
မ်ပြီး သိမ်းထားသလား ? ။ ဒါမှမဟုတ် သူဟာ သာမန်
ရုပ်သေးရုပ်တစ်ရုပ်ဖြစ်ပြီး သူ့ကို အမှန်တကယ်ထိန်းကျေ
ာင်းထားတဲ့ အရှင်သခင်ထံကို ဝိညာဉ်များကို ပြန်လည်ပို
့ဆောင်ပေးရသူလား ? ။ မိစ္ဆာတစ်ကောင်ဖြစ်တဲ့
Shadow Fiend ဟာ သိပ်သည်းပြင်းထန်လွန်းတဲ့ အမှေ
ာင်စွမ်းအားများနှင့် ပြည့်နှပ်နေတဲ့အတွက်ကြောင့် သာမ
န်စိတ်တန်ခိုးလောက်နဲ့ သူ့ရဲ့ ဖြစ်တည်မှုကို ဖောက်ထွင်ြး
မင်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် …. သင်က
Nevermore ရဲ့ လျှို့ဝှက်ချက်တွေ သိချင်ရင်တော့ သင်ကြိုး
စားကြည့်ခွင့်ရမယ့် နည်းလမ်းတော့ ရှိပါတယ်။ သင့် ဝိည
ာဉ်ကို သူ့ရဲ့ ဝိညာဉ်စုဆောင်းရေးအတွက်ပေးလိုက်မယ့်န
ည်းဖြစ်ပြီး၊ မပေးနိုင်ရင်တောင် Nevermore ကိုယ်တိုင်
သင့်ရဲ့ ဝိညာဉ်ကို လာရောက်နှုတ်ယူသွားမယ့် အခြေအေ
နကို ထိုင်စောင့်နေရမယ့် နည်းလမ်းအပြင်မရှိတာကို သ
င်သိသွားပါလိမ့်မယ်။
Overview
Agility Carry Hero တစ်ကောင်ဖြစ်တဲ့ Nevermore ဟ
ာ Strength အလွန်နည်းပါးခြင်းက အဓိက အားနည်းချ
က်ဖြစ်ပေမယ့် သင့်ရဲ့ Farming ကို အလွယ်တကူရရှိစေ
မယ့် Ability များဖြင့်ပေါင်းစပ်ဖွဲ့စည်းထားတဲ့အတွက်ြေ
ကာင့် ထွေထွေထူးထူးပြောစရာ မရှိတဲ့ Shadow Fiend
ဟာ လူကြိုက် အင်မတန်များတဲ့ Agility Carry Hero တ
စ်ကောင်ဖြစ်ပါတယ်။ ZXC လို့ အလွယ်ခေါ်တဲ့ Powerful
Nuke Ability Shadowraze, ကစားပွဲအစောပိုင်း Item
နည်းပါးစဉ်ကာလမှာကတည်းက သင့်ကို များပြားတဲ့
Physical Damage ပမာဏ ထောက်ပံ့ပေးမယ့်
Necromastery, ကစားပွဲနောက်ပိုင်းမှာ Physical
Damage နဲ့ တိုက်ခိုက်မယ့် Nevermore ကို ရိုးရှင်းစွာအ
ထောက်အကူပြုမယ့် Presence of the Dark Lord နဲ့
Slow, Damage Reduction အပြင် Nuke Ability တစ်
ခုအဖြစ် တစ်စုတစ်စည်းတည်းမြင်ရမယ့် Ultimate
Requiem of Soul အစရှိတဲ့ Ability များနဲ့ ပေါင်းစပ်ဖွဲ့စ
ည်းထားတာဖြစ်ပါတယ်။
Abilities
Mana Cost အလွန်နည်းပါးသလောက် ရရှိမယ့်
Damage ပမာဏ များပြားလွန်းတဲ့ ZXC လို့ သုံးနှုန်းလေ့
ရှိသော Shadowraze ဟာ သင့်ရဲ့ Lvl 7 အရောက်မှာ
အဆုံးထိ တင်သင့်တဲ့ AoE Nuke Ability တစ်ခုဖြစ်ပါ
တယ်။ တစ်ဆင့်ယူလိုက်တာနဲ့ သင့်မှာ အနီး၊အလယ်၊အ
ဝေးသုံး Shadowraze ၃ ခု ရရှိမှာဖြစ်ပါတယ်။ AoE 250
ရှိပြီး အနီးအတွက် 200 Range, အလယ်အတွက် 450
Range နဲ့ အဝေးအတွက် 700 Range ဆီ အသီးသီးရှိမှ
ာဖြစ်ပြီး Damage ဟာလည်း 75/150/225/300
Magical Damage အဖြစ်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။
အလျင်မြန်ဆုံး Soul စုဆောင်းရေးအတွက် Trademark
Ability တစ်ခုဖြစ်ပြီး အသုံးပြုလိုက်ချိန် Nevermore ရဲ့ မျ
က်နှာမူရာတည့်တည့်မှာ မိမိအသုံးပြုတဲ့ အကွာအဝေးအ
တိုင်း AoE Magical Damage ဖြစ်ပေါ်လာမှာဖြစ်ပါတ
ယ်။ 250 AoE ဟာ အလွန်ကျယ်ဝန်းတဲ့ ပမာဏတစ်ခုလို
့ပြောလို့ရပြီး မိမိအသုံးပြုချင်တဲ့ နေရာရဲ့ အနောက်ဘက်မ
လှမ်းမကမ်းကို Right Click ထောက်ပြီး (သို့မဟုတ်) အ
သုံးပြုမယ့် ဦးတည်ဘက်သို့ မိမိနဲ့ အနီးကပ်ဆုံး မြေကြီးေ
ပ်ါသို့ Right Click ထောက်ပြီး Shadowraze အသုံးပြုခြ
င်းက ပိုမိုတိကျတဲ့ ZXC အသုံးပြုမှုတစ်ခုဖြစ်အောင် အေ
ထာက်အကူပေးပါလိမ့်မယ်။
Nevermore အနေနဲ့ Creep, Neutral, Building နဲ့
Ward တွေကို အဆုံးသတ်တိုက်ခိုက်မှုတစ်ခုလုပ်နိုင်လို
က်တိုင်း 1 Soul (2 Physical Damage) ကို ရရှိစေမြှာ
ဖစ်ပါတယ်။ အားသာချက်တစ်ခုကတော့ Last Hit လုပ်
လိုက်တဲ့ Unit ဟာ Hero ဖြစ်နေခဲ့မယ်ဆိုရင် 12 Souls
(24 Damage) ကို ချက်ချင်းရရှိသွားမယ့်အချက်ပဲဖြစ်ပါ
တယ်။ ကစားပွဲအစောပိုင်းမှာ Nevermore အတွက် မျာြး
ပားတဲ့ Damage ပမာဏကို ထောက်ပံ့ပေးနေမှာဖြစ်တဲ့
အပြင် အဓိက ကျတဲ့ Ultimate Requiem of Soul နဲ့ တို
က်ရိုက်ဆက်နွယ်နေတဲ့အတွက် ဒုတိယမြောက်မတင်မဖြ
စ်တင်သင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ Dota 1 တုန်း
က Clorkwerk ရဲ့ Power Cogs များကို Deny လုပ်ခြင်ြး
ဖင့် Soul များရရှိခဲ့ပေမယ့် ကစားပွဲမစခင်ကတည်းက
Damage ပမာဏများပြားစွာရရှိနေမယ့် မမျှတတဲ့အခြေ
အနေတစ်ခုဖြစ်ခဲ့တဲ့အတွက် Dota 2 မှာတော့ Cogsေ
တွဟာ Nevermore ကို Soul ရရှိစေမှာမဟုတ်ပါဘူး။
Assault Cuirass နဲ့ ဆင်တူတဲ့ Presence of the Dark
Lord ဟာ Nevermore ရဲ့ ပတ်လည် AoE 900 အတွင်း
မှာရှိတဲ့ Non-Ally Unit တွေကို 3/4/5/6 Armor လျေ
ာ့စေမယ့် AoE Ability တစ်ခုဖြစ်ပါတယ်။ ပွဲအစောပိုင်းမှ
ာ ဒီ Presence of the Dark Lord ထက် အရေးပါတဲ့ အ
ခြား Ability ၂ ခုရှိတဲ့အတွက် တင်သင့်မတင်သင့် ဆုံးဖြ
တ်နေစရာမလိုဘဲ စိတ်ချလက်ချ နောက်ဆုံးမှ တင်သင့်
တဲ့ Ability တစ်ခုလို့ ပြောလို့ရပါတယ်။ ပွဲနောက်ပိုင်းမှာ
တော့ Physical Damage နဲ့တိုက်ခိုက်ရမယ့်
Nevermore နဲ့အခြား Ally တွေအတွက်ပါ အသုံးဝင်မယ့်
Auto AoE Aura Ability တစ်ခုဖြစ်ပါတယ်။
Ultimate Requiem of Soul ရဲ့ တွက်ချက်မှုတွေအားလုံ
းဟာ Necromastery နဲ့ တိုက်ရိုက်ဆက်သွယ်နေပါတယ်
။ မိမိရရှိထားတဲ့ Soul ၂ ကောင်ကို 1 Line နှုန်းနဲ့
Maximun 36 Souls အတွက် 18 Lines အထိ ဖြစ်ပေါ်
တိုက်ခိုက်နိုင်မယ့် Ultimate ဖြစ်လို့ သင့်ရဲ့
Necromastery အဆုံးထိ မတင်နိုင်မခြင်း မယူပဲနေလို့ရ
တဲ့ Ability တစ်ခုဖြစ်ပါတယ်။ Line တစ်လိုင်းချင်းစီဟာ
ကန်တော့ပုံသဏ္ဍန်ရှိပြီး Nevermore ရဲ့အောက်ခြေတည့်
တည့်မှ သေးငယ်တဲ့ AoE ဖြင့်အစပြုပြီး အသုံးသတ်မှာေ
တာ့ 450 အကျယ်အဝန်းရှိတဲ့ AoE ဖြင့် အဆုံးသတ်သွား
မှာဖြစ်ပါတယ်။ ပုံမှာ 36 Souls အခြေအနေနဲ့ Soul
Line တစ်ခုခြင်းစီရဲ့ ဖြစ်ပေါ်လာမယ့် AoE တွေကို အကြ
မ်းဖျဉ်းဖော်ပြထားခြင်းဖြစ်ပြီး Soul Line တစ်ခုနဲ့တစ်ခု
ထပ်နေတဲ့နေရာတွေမှာ Damage ပိုများများထိမှာဖြစ်ြေ
ကာင်းဖော်ပြထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပုံမှာပြထာ
းတဲ့ အလယ်တည့်တည့် အနက်ရောင် အကွက်ကလေး
က Nevermore ရဲ့တည်နေရာဖြစ်ပြီး အဆိုပါနေရာအတ
ွင်းမှာ ရှိနေမယ့် Enemy အနေနဲ့ Shadow Fiend ရဲ့ 18
Soul Line စလုံးနဲ့ ထိသွားမှာဖြစ်လို့ နောက်ဆုံးအဆင့်
Soul Line တစ်လိုင်းကို 160 Damage နှုန်းနဲ့ 160 x
18 = 2880 Damage အထိ ခံစားရမှာဖြစ်ပါတယ်။
Soul Line တစ်ခုစီရဲ့အစ AoE ဟာ အကြမ်းဖျဉ်းအနေဖြ
င့် 20 Degree နဲ့ အစပြုမှာဖြစ်ပြီး ပုံမှာပြထားတဲ့ အရော
င်အနုအရင့်အတိုင်း 1 Soul Line, 2 Soul Lines, 3
Soul Lines နဲ့ 18 Soul Lines ဆိုတဲ့အခြေအနေအမျိုးမျို
းကို ခွဲခြားသုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ
Requiem of Soul AoE အတွင်းမှာ ရှိသမျှ Enemy Unit
များအနေနဲ့ 50% Base Damage Reduction နဲ့ 20%
Movement Speed Slow နဲ့ Attack Speed Slow ကို
5 seconds ကြာအောင် ခံစားရဦးမှာဖြစ်ပါတယ်။ (ဖော်ြ
ပပါပုံဟာ ယခင် Maximum 15 Soul Line ပဲရှိစဉ်က ပုံ
အဟောင်းကို အသုံးပြုထားခြင်းဖြစ်လို့ အနည်းငယ်ကွဲလ
ွဲနိုင်ပြီး အဓိကအနေနဲ့ Soul Line တစ်ခုခြင်းစီရဲ့ AoE ကို
မြင်သာစေယုံသာ ရည်ရွယ်ထားပါတယ်။)
Overview
Nevermore ဟာ အခြား Carry Hero တွေထက်အားသ
ာတဲ့ Shadowraze ကို ပိုင်ဆိုင်ထားခြင်းဖြင့် အလျှင်မြန်
ဆုံး Farming အားတစ်ခု ရရှိအောင် အထောက်အပံ့ ဖြ
စ်ပေါ်စေပါတယ်။ 300 Damage ဆီ အသီးသီးရှိတဲ့
Shadowraze ၃ ခုကို မှန်ကန်စွာအသုံးပြုခြင်းဖြင့် Creep
Wave တစ်ခုကို မပင်မပန်းပဲ စားနိုင်မှာဖြစ်လို့ အစောပိုင်
းမှာ သင့်ရဲ့ Mana Regen ကို အထောက်အကူပေးမယ့်
Bottle တစ်လုံးလောက်တော့ မဖြစ်မနေ ဝယ်ထားသင့်
တဲ့ အခြေခံ Item တစ်ခုဖြစ်ပါတယ်။ Bottle ဟာ အခြေ
ခံအကျဆုံး Item ဖြစ်သလို Boots of Travel + Dagger
(သို့မဟုတ်) Power Treads + Shadow Blade အစရှိ
တဲ့ မတူညီတဲ့ ကစားကွက် ၂ မျိုးနဲ့ အစပြုလေ့ရှိတာကိုေ
တွ့ရလေ့ရှိပြီး ပထမ Item Build က သင့်ရဲ့ Late Game
တိုက်ခိုက်မှုကို အထောက်အကူပြုဖို့အတွက် သင့်ရရှိထား
တဲ့ Shadowraze ကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး ပိုက်ဆံမြ
န်မြန်ရှာဖို့အတွက်ရွေးချယ်နိုင်ပြီး ဒုတိယ Item Build အ
နေနဲ့ ကစားပွဲအလယ် Team Fight ဝင်ပေးတဲ့ Carry ပုံ
စံဖြစ်သွားစေပါလိမ့်မယ်။ တတိယမြောက် မဖြစ်မနေ ရေ
ွးချယ်ပေးရမယ့် Item ကတော့ ပျော့ပြီးသေလွယ်တဲ့
Nevermore အတွက် အလွန်အသုံးတည့်တဲ့ Black King
Bar ပဲဖြစ်ပါတယ်။ Cast Time 1.6 seconds ရှိတဲ့
Requiem of Soul ကို အသုံးပြုဖို့အတွက် Dagger,
Shadow Blade ထက် BkB က ပိုမို တိကျစေရုံမကဘဲ
Team Fight တစ်ခုမှာ Disable ခံရတဲ့ အခြေအနေမှလ
ွတ်ကင်းစွာနဲ့ Physical Damage ဖြင့် ရိုးရှင်းစွာ တိုက်ခို
က်နိုင်မှာဖြစ်ပါတယ်။ မိမိနဲ့ယှဉ်ပြီးတိုက်ခိုက်ရမယ့် Hero
မျိုးပါလာခဲ့ရင် Butterfly + Monkey King Bar +
Stanic အစရှိတဲ့ Build, Team Fight အများစုကြုံတွေ့ရ
မယ့် အခြေအနေမျိုးအတွက် Assault Cuirass + Skadi
+ Daedalus အစရှိတဲ့ မိမိနှစ်သက်ရင် နှစ်သက်သလိုေ
ရွးချယ်နိုင်တဲ့ Item ပေါင်းများစွာနဲ့ လိုက်ဖက်တဲ့
Nevermore The Shadow Fiend ပဲဖြစ်ပါတယ်။
Nevermore ဟာ မိမိကျွမ်းကျင်မှု ရှိအောင်၊ နေတတ်ထိုင်
တတ်အောင် လေ့ကျင့်ထားနိုင်တာနဲ့အမျှ ကစားပွဲရဲ့ အစ၊
အလယ်၊ အဆုံး တစ်ဖက်အသင်းကို ဒုက္ခကောင်းကောင်
းပေးမယ့် Hero တစ်ကောင်ဖြစ်ပါတယ်။ တစ်ဖက်အသင်
းအနေနဲ့လည်း အလွန်သတ်ရလွယ်အောင် ပြေးလွှားစရာ
Ability မရှိတဲ့အပြင် ပျော့လွန်းတဲ့အတွက် အစောပိုင်းမိ
မိရဲ့ အနေအထိုင်တတ်မှုဟာ များစွာ အရေးကြီးတဲ့အချက
်တစ်ချက်ဖြစ်ပါတယ်။ Nevermore The Shadow Fiend
ဟာ Flexible ကျတဲ့ Carry Hero တစ်ကောင်ဖြစ်လို့ သ
င်ကြိုက်နှစ်သက်တဲ့ ကစားကွက်သာလျှင် သင့်အတွက်
အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
Burn With the Flame of YOUTH !!
yahooyeeha ©
No comments:
Post a Comment