ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်ပျက်စီးစေမည့်
တည်ဆောက်မှုများကို တားမြစ် ထားသော်လည်း ပုဂံယဉ်ကျေးမှုဇုန် အတွင်း ဆက်လက်
လုပ်ဆောင်မှုများ ရှိနေ
ပုဂံ ၊ ၁၁-၁၁-၂၀၁၄
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များကို ထိခိုက်စေမည့် တည်ဆောက်မှု များကို
ယဉ်ကျေးမှု ဝန်ကြီးဌာန မှ တားမြစ် ထားသော်လည်း ပုဂံယဉ်ကျေးမှု ဇုန်တွင်
ဆက်လက် လုပ်ကိုင်မှုများ ရှိနေသေး ကြောင်း ပုဂံချစ်သူများ အဖွဲ့ မှ
ဦးဝင်းမောင် ၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ ပုဂံယဉ်ကျေးမှု ဇုန်အတွင်း ၌ ရှေးဟောင်း စေတီပုထိုး၊ ကျောင်းကန်၊
သိမ်၊ ဇရပ်များ နှင့် ပေ ၉ဝ အကွာ တွင် အဆောက်အအုံ များကို ဆောက်လုပ် ရမည်
ဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ် က ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ်
ထိန်းသိမ်းရေး ဥပဒေ ၉/၉၈ ကို ပြဋ္ဌာန်း ခဲ့ရာ၌ အဆိုပါ အချက်ကို ဖော်ပြ
ထားသော်လည်း လက်ရှိ အချိန်တွင် ပုဂံ ယဉ်ကျေးမှု အမွေအနှစ် များကို မျက်ကွယ်
ပြုကာ တည်ဆောက် နေသည့် ဟိုတယ် အလုံးရေ ၂ဝ ခန့်ရှိ နေသည်။
ထို့ကြောင့် ထိရောက်စွာ အရေးယူ နိုင်ရန် တင်ပြ ထားကြောင်း သိရသည်။ ၂ဝ၁၄
ခုနှစ် အောက်တိုဘာ လကုန်အထိ ဆောက်လုပ်ပြီး ဟိုတယ် များတွင် ရှေးဟောင်း
ယဉ်ကျေးမှု အမွေအနှစ် စေတီ၊ ဂူ၊ ကျောင်း နှင့် ဘုရားကုန်း များ ပါဝင်လျက်
ရှိပြီး အဆောက်အအုံ ဆောက်လုပ်ခြင်း မပြုရန် တားမြစ် ထားသည့် နေရာများတွင်
စီးပွားရေး လုပ်ငန်း လုပ်ကိုင် နေမှုများကို တွေ့မြင် နေရကြောင်း၊
ဟိုတယ်နှင့် တည်းခိုခန်း များ တည်ဆောက် မည့် နေရာ များသည် ယဉ်ကျေးမှု
အမွေအနှစ် များနှင့် မလွတ်ကင်း သဖြင့် လွတ်ကင်းသော နေရာများ၌ တည်ဆောက်
ခွင့်များ ပြုသင့်ကြောင်း သိရသည်။
ထို့ကြောင့် ဟိုတယ်ဝင်း အတွင်း ပါဝင်နေသော ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်း
ဘုရားများ၊ ဂူများ နှင့် ဘုရားကုန်း များကို အများပြည်သူ နှင့် နိုင်ငံတကာ
ခရီးသွားများ ကြည့်ရှု လေ့လာ ဖူးမြော်နိုင်ရန် ဒေသခံများ လိုလားလျက်
ရှိနေကြပြီး ခွင့် မပြုပါက ဟိုတယ် အဆောက်အအုံ များကို ဖျက်သိမ်း ပေးရန်
ဒေသခံများ က တောင်းဆို ထားကြောင်း သိရသည်။
ထို့အပြင် ပုဂံဒေသ အတွင်းရှိ တရားမဝင် ဆောက်လုပ် ထားသော ဟိုတယ်များနှင့်
တိုးချဲ့ဆောင်များ သည် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များကို
ထိခိုက်ပျက်စီး စေကြောင်း သိရှိရသည်။
No comments:
Post a Comment