အီဘိုလာ ရောဂါပိုး ကူးစက်ခံ ရမှာကို စိုးရိမ်တဲ့ အတွက် အီဘိုလာ ရောဂါ
ဖြစ်နေတဲ့ နိုင်ငံက လူတွေကို ပြည်ဝင်ခွင့် မပေးဖို့ နိုင်ငံ တချို့က
ပြုလုပ်ထားတဲ့ အပေါ် နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့က ရှုံ့ချ
လိုက်ပါတယ်။
အီဘိုလာ ရောဂါ ပြန့်ပွားမှု ဖြစ်နေတဲ့ နိုင်ငံကို လေယာဉ်
မပျံသန်းတော့တာတွေ၊ နယ်စပ်ဂိတ် ပိတ်ချလိုက်တာတွေနဲ့ အဲဒီက
နိုင်ငံသားတွေကို ပြည်ဝင်ခွင့် မပေးတော့တာဟာ ကြောင်းကျိုးဆီလျော်မှု
မရှိဘူးလို့ အဖွဲ့ရဲ့ အကြီးအကဲ Elhadj As Sy က ပြောလိုက်ပါတယ်။
အီဘိုလာကြောင့် ကြောက်စရာတွေ၊ စိုးရိမ်စရာတွေဖြစ်နေပြီး အဲဒီလို
ဖြစ်ရာကနေ ကျိုးကြောင်းဆီလျော်စွာ မတွေးတော့ပဲ နယ်စပ်ကို
ပိတ်ချလိုက်တာမျိုး၊ လေယာဉ်မပျံသန်းတော့တာမျိုးနဲ့ ရောဂါဖြစ်နေတဲ့
နိုင်ငံတွေကို အထီးကျန်အောင် ခွဲခြားတာမျိုးတွေ လုပ်နေကြတယ်လို့
ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ် ကော်မတီတွေက ဒီကနေ့ တွေ့ဆုံမှာ
ဖြစ်ပြီး အခုလို ရောဂါဖြစ်နေတဲ့ နိုင်ငံတွေအပေါ် ခွဲခြားမှုတွေ
လုပ်ဆောင်တဲ့ ကိစ္စနဲ့ အီဘိုလာကို ဘယ်လို နှိမ်နင်းမလဲ ဆိုတဲ့
ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ အီဘိုလာ ပိုးကို လာမယ့် ၆ လအတွင်း
ထိန်းထိန်းသိမ်းသိမ်း ကုသနိုင်မယ့် အခြေအနေ ရောက်ရှိနိုင်တယ်လို့
ကြက်ခြေနီအသင်းရဲ့ အထွေထွေအတွင်းရေးမျူးချုပ်က ပြောပါတယ်။
သြစတြေးလျနိုင်ငံမှာလည်း အီဘိုလာ ဖြစ်နေတဲ့ နိုင်ငံက လူတွေ ဝင်လာရင်
သီးသန့်ခွဲပြီး စစ်ဆေးလေ့လာမှုတွေ လုပ်ဖို့ စဉ်းစားနေသလို
အမေရိကန်နိုင်ငံမှာလည်း အဖျားတိုင်တာရေး စနစ်တွေ ထားရှိနေသလို ရောဂါ
ဖြစ်နေတဲ့ နိုင်ငံက လူတွေကို ဝင်ရောက်ခွင့် ပေးသင့်မသင့်
စဉ်းစားနေကြောင်း သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-23/1382135
No comments:
Post a Comment