ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့်
ဆေးရုံ တစ်ရုံပျက်စီးသွားပြီး အနည်းဆုံးနှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း
အာဏာပိုင်များက နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် ခွဲထွက်သူများက ထိန်းချုပ်ထားသည့် ဒိုးနက်စ်
မြို့နယ်တွင် ယူကရိန်းနှင့် ရုရှား လိုလားသည့် ခွဲထွက်သူများ အကြား
နိုဝင်ဘာ ၂၇ ရက်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် အသက် ၁၂နှစ်
ကလေးငယ် တစ်ဦးနှင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးပါဝင်ကြောင်း
သိရသည်။ အဆိုပါ တိုက်ခိုက်မှုသည် ယူကရိန်းအစိုးရ တပ်များနှင့်
ခွဲထွက်ရေးသမားများအကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီထားစဉ် အတွင်း ဖြစ်ပွား
ခဲ့ခြင်းဖြစ်ပြီး ခွဲထွက်ရေး သမားများအား ထောက်ပံ့ ပေးနေသည့်
ရုရှားအစိုးရသည် ယူကရိန်း နိုင်ငံ အတွင်းသို့ ကျူးကျော်ရန်
စီစဉ်လျက်ရှိသည်ဟု နေတိုး အကြီးအကဲများက ပြော ကြားထားသည်။ သို့ရာတွင်
ရုရှားအစိုးရသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ကို ယူကရိန်း နိုင်ငံ အတွင်း၌
ဖြန့်ကြက်ချ ထားခြင်းမရှိကြောင်း ယင်းနိုင်ငံ အစိုးရက ပြောကြားထား သည်။
သို့ရာတွင် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် လက်နက်ကိုင် ပဋိပက္ခများ
စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ ယခုအချိန်အထိ သေဆုံးသူဦးရေမှာ ၄၃ဝဝ
ကျော်ရှိပြီဖြစ် ကြောင်း သိရသည်။
No comments:
Post a Comment