Dog တစ်ကောင်ရဲ့ God ထံပေးစာ
ကျနော်က ခွေးတစ်ကောင်ပါ။ မရှင်းမလင်းတာေ
လးတွေ မေးချင်လို့ ခွင့်ပြုပါ။ ဒီမိုကရက်တစ်ကျကျ
ဖြေဆိုပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။
၁။ ထာဝရဘုရားရှင်ရဲ့ လက်ရှိရာထူးက ပါတီစုံစန
စ်နဲ့ ရွေးကောက်တင်မြှောက် ထားတဲ့ရာထူး မှန်ပ
ါသလား။ Please don't mind နော်ဖျာ့။
၂။ မကြည့်ချင် မမြင်ချင်လို့ မျက်စိမှိတ်ပြီး လူရဲ့ ခြေ
သလုံးကိုဆွဲလိုက်မိတာ ဟာ ခွေးအခွင့်အရေး ချိုး
ဖောက်ရာ ရောက်ပါသလား။
၃။ ဘာရယ်မဟုတ် မည်းမည်းမြင်ရာ ဟောင်လို
က်မိတာကို နောက် က ခွေးတွေ ကလည်း (ဘာရ
ယ်မဟုတ်) တအုံကြီးလိုက်ဟောင်ကြတယ်။ ဒါဆို
သူတို့က ကျနော့်ကို "Like" လုပ်တာလား
"Share" လုပ်တာလား။
၎။ အဲသလို ဖြစ်လာရင် ကျနော်ဟာ စည်းရုံးရေးေ
ကာင်းသူ ဖြစ်ပါပြီလား။ နိုင် ငံရေး လုပ်လို့ရပြီလ
ား။
၅။ နိုင်ငံရေးပါတီတွေထဲမှာ ခွေးသားမစားတဲ့ ပါ
တီမရှိသေးပါ။ ခွေးသား မ စားတဲ့ ပါတီကိုပဲ မဲပေ
းလိုခြင်းဟာ အမြင်ကျဉ်းမြောင်းခြင်း ဟုတ်ပါသ
လား။ ဒါမှမဟုတ် ဒီမိုကရေစီကို နားမလည်ခြင်း
လား။
၆။ "လူမှာအဝတ်၊ တောင်းမှာအကွတ်" တဲ့။ ဖြစ်
သင့်တာက "ခွေးမှာအဝတ်၊ တောင်းမှာအကွပ်"
ပါ။ လူတွေကအဝတ်အစား ပြောင်းဝတ်ပြီး ထင်ရ
ာတွေလုပ်နေနိုင်တယ်။ တကယ်က "လူမှာကျင့်ဝ
တ်၊ တောင်းမှာအကွပ်" မဟုတ်ဘူးလား ဖျာ့။
၇။ စစ်ဗိုလ်ချုပ်လူထွက်တွေအချင်းချင်း ဦးသူကေ
ထာင်ချနေတာကို ဘာလို့ "Dog eats dog" လို့ေ
ခ်ါကြပါသလဲ။ "General eats general" ဖြစ်သင်
့တယ် မဟုတ် ဘူးလား။
၈။ ကျနော်နဲ့ ဟိုဘက်အိမ်က ခွေးမလေး (ကိုးက
ွယ်မှု မတူပါ) ရပြီး ခွေးလေး ငါးကောင်မွေးလာပါ
တယ်။ သူတို့ဟာ ဗုဒ္ဓဘာသာဖြစ်သင့်သလား၊ မ
ွတ်စ လင်ဖြစ်သင့်သလား၊ ခရစ္စယန်ဖြစ်သင့်သလ
ား။ မျက်နှာမလိုက်ကြေးနော် ဖျာ့။
၉။ ကောင်းကင်ဘုံမှာဆိုရင် ကျနော်တို့နေရာဟာ
ဆိုဖာလား၊ တံခါးပေါက် လား၊ အမှိုက်ပုံလား။
၁၀။ ကောင်းကင်ဘုံရောက်ဖို့ တွေ့တဲ့လူတိုင်းကို "
အဘ" ခေါ်စရာ လိုသလား။
၁၁။ "ခွေးတောင် ကျွေးတဲ့လက်ကို မကိုက်ဘူး"
ဆိုတဲ့ စကားပုံဟာ ကျနော် တို့ကို နှိမ့်ချဆက်ဆံရ
ာ (ဒစ်စ်ခရိုင်မီနေးရှင်း) မရောက်ဘူးလား။
၁၂။ ကျနော်တို့ ကစားနေကျ၊ အီးအီးပါနေကျ အေ
ဆာက်အဦကြီးဟာ အ ခု ဟော်တယ်ဖြစ်တော့မ
ယ်လို့ ကြားရပါတယ်။ ဒါကိုပဲ ပြုပြင်ပြောင်းလဲခြင်
း (Reform) လို့ ခေါ်ပါသလား။
၁၃။ ဟော်တယ်ဖြစ်သွားရင် ကစားလို့၊ အီးအီးပါ
လို့ မရတော့ပါ။ ဒီ အတွက် ကျနော်တို့က နစ်နြာေ
ကးတောင်းဆိုရင် ရနိုင်ပါသလား။ တည်ဆဲ၊ တ
ည် ဖို့ကြိုးစားဆဲ ဥပဒေတွေနဲ့ ညီညွတ်ပါသလား။
၁၄။ မျက်စိနောက်လောက်အောင် ဝတ်စားထား
တဲ့လူတွေကို ဟောင် မိတဲ့ အတွက် တောင်ပန်စ
ကားပြောဖို့ (အပေါ်လောဂျိုက်ဇ်) လိုအပ်ပါသလာ
း။ ဒါမှမဟုတ် ဒါဟာ ကိုယ်ပိုင် လွတ်လပ်ခွင့်လား
။
၁၅။ နောက်ဆုံး "အချစ်ဆုံးသတ္တဝါ ခွေး" လို့ လူ
သိရှင်ကြား စတေးတပ် တင်ကြတဲ့ကောင်မလေး
တွေနဲ့ပတ်သက်ပြီး သူတို့စတေးတပ် တကယ်မှန်
မမှန် စုံစမ်းထောက်လှမ်းဖို့ Watch dog တွေကို
တာဝန်ပေးထားပါသလား၊ စတေးတပ်နဲ့ မညီည
ွတ်ခဲ့သော် သူတို့အပေါ် အရေးယူဒဏ်ခတ်မှုက
ဘယ်လိုမျိုးပါလဲ။ မမှန်ခဲ့ဘူးဆိုရင်တောင် အမျာြး
ကီးတော့ အရေးမယူစေချင်ပါ။ သူ့တို့အမေတေ
ွက မုန့်ဖိုးလျှော့ပေးရုံ၊ ဟန်းဖုန်းကို ဆိုင်းလင့်လုပ်၊
လက်ကိုင်အိပ်ထဲထည့်ထားပြီး ပျောက်လို့ဆို ဒေါ
င်ချာစိုင်းအောင် လိုက်ရှာနေတာလောက်တော့
လုပ်သင့်တယ်ဖျာ့။ ဒါမှ မှတ်သွားကြမှာ။
ကျေးဇူးပြုပြီး ဒီမိုကရက်တစ်ကျကျ ဖြေဆိုပေးပါ။
ဒါဟာ လူတွေလို ကွန်ပ လိန်းတက်နေခြင်း၊ အခ
ွင့်အရေးတွေ တောင်းဆိုနေခြင်းမဟုတ်ဘဲ အင်တ
ယ် လက်ကျူယယ်မေးခွန်းသက်သက်တွေမို့ ဖြေ
ဆိုပေးမယ်လို့လည်း ယုံကြည် ထားပါတယ်။
(ဝေါင်း ဝေါင်း ဝေါင်း)
လေးစားစွာဖြင့်
ခရစ္စတိုဖာ စတီဗင် အောင်နက်
မြန်မာပြည်
No comments:
Post a Comment