အကျဉ်းသား အခွင့်အရေး အတွက် လှုပ်ရှားပေးတဲ့ Justice Action အဖွဲ့ရဲ့
အဆိုအရ သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ် ပြည်နယ်အတွင်းက
အကျဉ်းထောင်တွေမှာ မွတ်စလင် အကျဉ်းသားတွေ အပေါ် ခွဲခြားမှုတွေ လုပ်နေတဲ့
အတွက် ပြဿနာကြီး ဖြစ်လာနိုင်တယ်လို့ သတိပေး ထားပါတယ်။
IS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့ရဲ့ လုပ်ရပ်တွေကို ထောင်တွင်းက
မွတ်စလင်တွေ ပေးဆပ်နေရသလို ဖြစ်နေတယ်လို့ Justice Action အဖွဲ့က
Brett Collins က ပြောပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်းကစပြီး Goulburn အကျဉ်းထောင်သာမက တခြား
အကျဉ်းထောင်တွေမှာလည်း အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ
ရှိနေပြီး ဘာသာရေးခံယူချက်အပေါ် စော်ကားခံရတာမျိုးပါ ကြားလာနေရတယ်လို့
သူက ပြောပါတယ်။
အကျဉ်းထောင်အတွင်းမှာ ရုန်းရင်းဆန်ခမှုတွေ မဖြစ်အောင် ရဲတွေအနေနဲ့ သေချာစောင့်ကြည့်နေတယ်လို့လည်း အကျဉ်းထောင်အရာရှိက ပြောပါတယ်။
အရင်လတုန်းက မွတ်စလင်ဘာသာဝင် အကျဉ်းသားတွေက ဘာသာရေးပွဲတော်အနေနဲ့ BBQ
အသားကင်တွေ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အဲဒီ အစီအစဉ်
ဖျက်သိမ်းခံရပြီးနောက် မွတ်စလင် အကျဉ်းသားတွေက မကျေမနပ် ဖြစ်ကြရာကနေ
ပဋိပက္ခတွေ ဖြစ်ပြီး မွတ်စလင် အကျဉ်းသား၁၁ ဦးကို ဆူပူမှုနဲ့ ထပ်မံ
တရားစွဲလိုက်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-23/1382137
No comments:
Post a Comment