အမေရိကန်နိုင်ငံ သမ္မတအိုဘားမား ခရီးစဉ်အတွက် လုံခြုံရေးပစ္စည်း များကို
လေယာဉ် ၁၅ စင်းဖြင့် ရန်ကုန်သို့ တင်ပို့ထားကြောင်း ရဲမှူး ချုပ်တစ်ဦးက
ပြောကြားသည်။
ယခုလ ၁၄ရက်တွင် ရန်ကုန် မြို့ရှိ ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ၌
မိန့်ခွန်း ဟောပြောမည့် အစီ အစဉ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့
ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံရန် အစီအစဉ်များရှိသော ကြောင့်
အိုဘားမား လုံခြုံရေး အတွက် အမေရိကန်နိုင်ငံက ပေးပို့ထားခြင်း ဖြစ်ကြောင်း
၎င်းကပြောသည်။
''လုံခြုံရေးချထားမှုနဲ့ အင်အား အရေအတွက်ကိုတော့ ပြောလို့မရ ဘူး။ ဒါပေမယ့်
စီမံချက်တွေရေး ဆွဲပြီး သေချာပြင်ဆင်ထားတယ်။ ရဲတပ်ဖွဲ့အရေအတွက်ကိုလဲ
တိုးမြှင့် ချထားတယ်''ဟု ရဲမှူးချုပ်ကဆို သည်။
အမေရိကန်သမ္မတ၏ အနီး ကပ်လုံခြုံရေးအတွက် ၄င်းကိုယ် ပိုင်လုံခြုံရေးများဖြင့်
လာရောက် ခြင်းဖြစ်ပြီး မည်သို့သောအစီအမံ များဖြင့် ဆောင်ရွက်မည်ကို မလာ
ခင် ညပိုင်းရောက်မှသာ သိရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏
အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
လေယာဉ်ဖြင့် ရောက်ရှိလာ သော လုံခြုံရေးပစ္စည်းများတွင် မည်သည့်အရာများ
ပါဝင်လာ သည်ကို မသိရှိကြောင်းနှင့် ထို ပစ္စည်းများထားရှိရန်အတွက် နိုင်ငံ
ခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက
လိုက်လံပြသမှုသာရှိကြောင်း ၄င်း ကဆက်လက်ပြောသည်။
အာဆီယံဥက္ကဋ္ဌအနေဖြင့်မြန်မာ နိုင်ငံကပြုလုပ်သော အာဆီယံ ထိပ်သီးအစည်းအဝေးကို
နေပြည် တော်တွင် ကျင်းပမည်ဖြစ်သည်။ထိုအစည်းအဝေးတွင် နိုင်ငံတကာ မှ
ခေါင်းဆောင်များ တက်ရောက် မည်ဖြစ်ပြီး အမေရိကန်သမ္မတ အိုဘားမားလည်း
လာရောက်မည် ဖြစ်သည်။
သမ္မတအိုဘားမားအနေဖြင့် မြန်မာနိုင်ငံသို့ အစိုးရသစ်လက် ထက်၌ ဒုတိယအကြိမ်
လာရောက် ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှတစ်ဆင့် သြစတြေးလျနိုင်ငံသို့
ထပ်မံထွက် ခွာမည်ဖြစ်သည်။အိုဘားမားခရီးစဉ်နှင့် RSO
အဖွဲ့ကအကြမ်းဖက်သမားများ ဝင် ရောက်ခြင်းအစရှိသည်များကြောင့် ရပ်ကွက်၊
မြို့နယ်များအတွင်း နေ့စဉ်ဧည့်စာရင်းစစ်ခြင်းကို ဆက် တိုက်ပြုလုပ်နေကြောင်း
ဒဂုံမြို့ နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။
မြန်မာနိုင်ငံရှိ အာဆီယံ ထိပ် သီးအစည်းအဝေးကို ပစ်မှတ်ထား ပြီး အလ်ကေးဒါး
အကြမ်းဖက် ဒုတိယခေါင်းဆောင်က ပစ်မှတ် ထားတိုက်ခိုက်မှုများ ပြုလုပ်သွား
မည်ဟု သတင်းလွှင့်ထားကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြထားသည်။
အာဆီယံထိပ်သီးအစည်းအဝေး ကာလအတွင်း ရန်ကုန်-နေပြည် တော်- မန္တလေး-ပုဂံ
စသည့်ဆက် စပ်မြို့များနှင့်လမ်းများတွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့က အင်အား
၂ဝရာခိုင် နှုန်းကိုအသုံးပြုထားပြီးလှည့်ကင်း၊ ဝပ်ကင်း၊
ကင်းပုန်းစသည်များနှင့် လုံခြုံရေးဆောင်ရွက်မှုများ ပြုလုပ် ထားကြောင်း
သိရသည်။
No comments:
Post a Comment