Tuesday, November 11, 2014

မလေးရှားတွင် မြန်မာတဦး သတ်ခံရ

မလေးရှားနိုင်ငံ ပီနန်မှာ မြန်မာ အလုပ်သမား တဦး အလောင်းကို တွေ့ရှိတယ်လို့ မလေးရှားနိုင်ငံထုတ် သည်စထရိတ်တိုင်မ်း သတင်းစာက ရေးပါတယ်။

သေဆုံးသူဟာ အသက် ၃၄ နှစ်အရွယ် ဆောက်လုပ်ရေး လုပ်သား ကိုဟိန်းလတ်ကျော်ဖြစ်ပြီး ဂျာရတ် အတာ့စ် နေရာက ဆီအုန်းခြံထဲမှာ လည်ပင်း ပြတ်ရှတဲ့ ဒဏ်ရာနဲ့ တနင်္လာနေ့ မနက်က တွေ့တာလို့ ပီနန်ဒေသ စီအိုင်ဒီအဖွဲ့ အကြီးအကဲ မဇလန် ကိဇာ က ပြောဆိုချက်ကို ကိုးကား ရေးသား ပါတယ်။

ကိုဟိန်းလတ်ကျော် သေဆုံးမှုဟာ ပီနန်မှာ ဒီနှစ်အတွင်း ၁၈ ယောက်မြောက် မြန်မာပြည်သား သတ်ခံရမှု ဖြစ်တယ်လို့ ဆိုပါတယ်။

No comments:

Post a Comment