Tuesday, November 4, 2014

ဖြိုက်ဖြိုက်ရွာသွန်းချ ၊ မိုးလေချမ်းအေးမြချိန် စိတ်ကူးအတွေး ၊ ချစ်သူဘေးဝယ် တစ်ချိန်ကိုယ့်ပခုံးထက် ၊ ကြင်နာသူခေါင်းလေးအုံးလို့ ကြည့်နူးခဲ့စဉ် ထိုအရင်က… သူတို့နှစ်ဦး ချစ်ခဲ့ဖူးသည်။ ။ .. မိုးကိုမကြောက် ၊ အတူတွဲလျှေက်လို့ ပေတစ်ရာထက်၊ ခြေရာပျက်ပြယ် မဆုံးသောလမ်း လျှောက်စတမ်းနော်။ ။ … တုန်ရီချမ်းမြ ၊ ခိုက်လှပါလည်း နွေးထွေးမှုဓါတ် ၊ ချစ်သူလက်ဝယ် ရှိသည့်အလား ၊ ချမ်းပါသော်လည်း မချမ်းဟုထင် ၊ ချစ်စိတ်ပင်လျှင် စွမ်းသည့်အလား ။ ။ …. စိတ်ကူးတစ်ပိုင်း ၊ အတိတ်ရိုင်းက လွင့်စင်ပျယ်ပြောက် ၊ ဘယ်ဆီရောက်လို့ ဘယ်ရင်ခိုနား ၊ ပျော်နေငြားလည်း ကိုယ့်ချစ်သူ ။ ။….

No comments:

Post a Comment