ဧပြီလအတွင်းက တောင်ကိုရီးယား ကူးတို့ သင်္ဘောကြီး Sewol နစ်မြုပ်မှုတွင်
တာဝန်လစ်ဟင်းမှု၊ လျစ်လျူ ရှုမှု တို့ဖြင့် သင်္ဘောကပ္ပတိန် ဖြစ်သူကို ထောင်ဒဏ်
၃၆ နှစ် ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ထိုစဉ်က သင်္ဘောပေါ်တွင် လူပေါင်း ၄၇၆ ဦး လိုက်ပါသွားခဲ့ရာ လူပေါင်း ၃၀၀
ကျော် သေဆုံးခဲ့ရသည်။ သေဆုံးသူ အများစုသည် လေ့လာရေးခရီး ထွက်လာသော
အထက်တန်းကျောင်းသားများဖြစ်သည်။
သင်္ဘောကြီးနစ်မြုပ်မှုကြောင့် ကပ္ပတိန် Lee Joon-seok အပါအ၀င် သင်္ဘော အမှုထမ်း ၁၅ ဦးကို ရုံးတင်စစ်ဆေးခဲ့ကြသည်။
တရားလိုရှေ့နေများက Lee Joon-seok အား သေဒဏ်ပေးရန် ၀ိုင်းဝန်းတောင်း
ဆိုခဲ့ကြသော်လည်း တရားသူကြီးများက နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ် သည်။
Lee Joon-seok သည် အသက် ၆၀ ကျော်နေပြီဖြစ်ရာ ကျန်ရှိသည့် ဘ၀သက်တမ်းကို အကျဉ်းထောင်တွင်း၌သာ ကုန်ဆုံးရတော့မည်ဖြစ်သည်။
သင်္ဘော၏ အင်ဂျင်နီယာချုပ်ဖြစ်သူကို ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်ပြီး
ကျန်ရှိသည့် အမှုထမ်း ၁၃ ဦးကိုမူ ထောင်ဒဏ် အနှစ် ၂၀ နှင့်အထက် ချမှတ်
လိုက်ကြောင်း သိရသည်။
No comments:
Post a Comment