ရှမ်းပြည်နယ် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့မှာ
မနေ့ညက (31-10-2014) အောက်တို ဘာလ ၃၁ရက်နေ့ သောကြာနေ့ ည (၈) နာရီကျော်
အချိန် နယ်မြေခံ တပ်ရင်း ခမရ(၄၂၄)က ဗိုလ်နိုင်ချမ်းသာနဲ့ တပည့်
စစ်သားနှစ်ယောက် အရက်ဆိုင်မှာ အရက်သောက်ရင်း အရပ်သား သုံးယောက်နဲ
့ရန်ဖြစ်ခဲ့ ကြကြောင်း သိရပါတယ်။
အဲဒီနောက် တပ်ရင်းကို ပြန်ပြီး ကျန်ရှိသော စစ်သားများကို တပ်ရင်းမှ faw
ကားဖြင့် ခေါ်လာပြီး မြို့တွင်းလမ်းမပေါ်တွေ့ သမျှ အရပ်သားများကို
ဝိုင်းရိုက်ခဲ့ကြရာ အပြစ်မဲ့ အရပ်သားသုံးဦး ဒါဏ်ရာ အပြင်းအထန် ရရှိပြီး
ဆီဆိုင်မြို့ပြည်သူ့ ဆေးရုံတွင် တင်ထားရပါတယ်။
ဒါဏ်ရာရရှိသူများမှာ မြကန်သာ ရပ်ကွက်က ကိုပေါက်ဖေါ် ဆိုသူနှင့် ညီဖြစ်သူ ကိုနေအောင်တို့ ဖြစ်ပါ တယ်။
ကိုပေါက်ဖေါ်မှာ ဦးခေါင်းတွင် ဒါဏ်ရာ ရှစ်ချက်ချုပ်ရပြီး ကိုနေအောင်မှာ ဦးခေါင်းတွင် ဒါဏ်ရာ ခြောက်ချက်ချုပ်ရကြောင်း သိရပါတယ်။
အဆိုပါ အရိုက်ခံရသော အရပ်သားများမှာ လမ်းမပေါ်တွင် အပြစ်မဲ့စွာ အရိုက်ခံရသော
သူများဖြစ်ပြီး လမ်းဘေးတွင် ရပ်ထားသော ဆိုင်ကယ်များကိုလည်း
ရိုက်ချိုးဖျက်ဆီး သွားခဲ့ကြပါတယ်။
လမ်းဘေး လက်ဘက်ရည်ဆိုင် အတွင်းရှိ မီးဖိုများ ခုံများ ကိုလည်း ရိုက်ချိုး ဖျက်ဆီး သွားခဲ့ကြကြောင်း သိရပါတယ်။
ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများအား စစ်တပ်မှ အရာရှိတစ်ဦးက အရက်မူး
ရမ်းကားပြီး အုပ်စုဖွဲ့ အနိုင်ကျင့်သွားသည့် မင်းမဲ့စရိုက်
ဆန်ဆန်လုပ်ရပ်အပေါ် ဆီဆိုင်မြို့ ပြည်သူတစ်ရပ်လုံးက မခံမရပ်
ဖြစ်နေကြကြောင်းအဆိုပါ ကိစ္စကို ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးဖို့ 
တောင်းဆို သွားမည် ဖြစ်ကြောင်းလည်း သိရပါတယ်။
No comments:
Post a Comment