Sunday, November 30, 2014

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က တောင်ယာလုပ်ကိုင်တဲ့ ဖခင်တစ်ဦး က သမီးဖြစ်သူရဲ့ ပြင်းထန်တဲ့ အအေးလွန်အဖျားရောဂါအတွက် ဆေးရုံတက် ဆေးကုသစရိတ်မတတ်နိုင်တဲ့အတွက် ရိုးရာဆေးမြှီး တို မီးခိုးမှိုင်းတိုက်ကုသနေခြင်း အခုဆိုရင် လပေါင်းအတော်လေးကို ကြာနေခဲ့ပါပြီ။



လယ်သမားအမျိုးသား ၀ီရှုဖုက ပြီးခဲ့သည့်အောက်တိုဘာလက တည်းက စတင်ပြီးနာတာရှည်ဖျားနာနေတဲ့ ၆ နှစ်အရွယ်သမီးဖြစ် သူ ၀ီဂျင်ကွင်ရဲ့ အဖျားရောဂါအတွက် ဆေးကုမှုကုန်ကျစရိတ်ယွမ် သုံးသိန်းနီးပါး ကသူ၏တစ်နှစ်ပတ်လုံးရှာသမျှ ၀င်ငွေ ယွမ်လေး ထောင်နီးပါးနှင့်ဆို များစွာကွာခြားနေခဲ့တာပဲဖြစ်ပါတယ်။

ဒီ့အတွက်ကြောင့် ၀ီက သူတို့ရဲ့တိုင်းရင်းဆေးရိုးရာအတိုင်း ဆောင်း တွင်းပေါက် သစ်ပင်နွယ်ပင်ဖြန့်ခင်းထားတဲ့ ကွပ်ပျစ်ငယ်ပေါ်ကို သမီးငယ်ကိုတင်ပြီး အောက်ခြေက မီးခိုးမှိုင်းတိုက်တဲ့ ဆေးနည်းနဲ့ နေ့စဉ်ရက်ဆက် ဆေးကုသမှုမညည်းညူစတမ်းပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ မှုကြောင့် ဆေးရုံတစ်ရုံ ပျက်စီး အနည်းဆုံး နှစ်ဦး ဒဏ်ရာရရှိ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံ တစ်ရုံပျက်စီးသွားပြီး အနည်းဆုံးနှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ခွဲထွက်သူများက ထိန်းချုပ်ထားသည့် ဒိုးနက်စ် မြို့နယ်တွင် ယူကရိန်းနှင့် ရုရှား လိုလားသည့် ခွဲထွက်သူများ အကြား နိုဝင်ဘာ ၂၇ ရက်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် အသက် ၁၂နှစ် ကလေးငယ် တစ်ဦးနှင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးပါဝင်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုသည် ယူကရိန်းအစိုးရ တပ်များနှင့် ခွဲထွက်ရေးသမားများအကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီထားစဉ် အတွင်း ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ခွဲထွက်ရေး သမားများအား ထောက်ပံ့ ပေးနေသည့် ရုရှားအစိုးရသည် ယူကရိန်း နိုင်ငံ အတွင်းသို့ ကျူးကျော်ရန် စီစဉ်လျက်ရှိသည်ဟု နေတိုး အကြီးအကဲများက ပြော ကြားထားသည်။ သို့ရာတွင် ရုရှားအစိုးရသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ကို ယူကရိန်း နိုင်ငံ အတွင်း၌ ဖြန့်ကြက်ချ ထားခြင်းမရှိကြောင်း ယင်းနိုင်ငံ အစိုးရက ပြောကြားထား သည်။

သို့ရာတွင် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် လက်နက်ကိုင် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ ယခုအချိန်အထိ သေဆုံးသူဦးရေမှာ ၄၃ဝဝ ကျော်ရှိပြီဖြစ် ကြောင်း သိရသည်။

ပြင်​သစ် အတိုက်​အခံ​ပါ​တီ​မှာ ဆာ​ကို​ဇီ ခေါင်းဆောင် ပြ​န်ဖြစ်ပြီ

ပြင်သစ် အတိုက်အခံ ဗဟို လကျာ် ပါတီ ဖြစ်တဲ့ UMP ကို ဦးဆောင်ဖို့ သမ္မတဟောင်း နီကိုးလပ်စ် ဆာကိုဇီ ကို တင်မြှောက် လိုက်တဲ့ အတွက်၊ ပြင်သစ် သမ္မတ နေရာကို ပြန်လည် ဝင်ရောက် အရွေးခံဖို့ မစ္စတာ ဆာကိုဇီ အတွက် ခြေလှမ်းသစ် တစ်ရပ် ဖြစ်လာပါတယ်။

မစ္စတာ Sarkozy ဟာ၊ ပါတီတွင်း မဲ အားလုံးရဲ့ ၆၅ % ရခဲ့ပြီး၊ ပြိုင်ဘက် ၂ ယောက်ကို ၊ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

အခုလို နိုင်ငံရေး မျက်နှာစာထက် ပြန်ရောက် လာတာဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ နိုင်ငံရေး ရည်မှန်းချက် အတွက် မဟုတ်ပါဘူး ဆိုပြီးတော့ မစ္စတာ ဆာကိုဇီကတော့ ပြောပါတယ်။

လွန်ခဲ့ ၂ နှစ်က ၊ ဖရော်န်ဆွာ အိုလော်န့် ဦးဆောင်တဲ့ ဆိုရှယ်လစ် ပါတီကို ရွေးကောက်ပွဲမှာ ရှုံးခဲ့တဲ့ နောက်ပိုင်း၊ UMP ပါတီမှာ ငွေကြေး ဆိုင်ရာ အရှုပ်အရှင်းတွေ၊ ပါတီတွင်း ညီညွတ်မှု ပြိုကွဲနေတာတွေ ဖြစ်ပေါ်နေပြီး၊ မစ္စတာ ဆာကိုဇီ အနေနဲ့ ဒီ ပြဿနာတွေ ကိုင်တွယ်ဖို့ အတွက် ပါတီတွင်း ထောက်ခံမှု လုံလောက်အောင် ရရှိ မနေဘူး လို့ သုံးသပ် နေကြပါတယ်။
ဗြိတိန်နိုင်ငံမှာ လူမှောင်ခိုကူးခံရသူ ၁၃,၀၀၀ ရှိပြီး အဲဒီသူတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ ဒါမှမဟုတ်လည်း ခေတ်သစ် ကျွန်တွေအဖြစ် အသုံးချခံနေရတယ်လို့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အစိုးရက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ အရင် အစိုးရက ကောက်ခံရရှိထားတဲ့ စာရင်းဇယားတွေထက် ၄ ဆလောက် ပိုများနေတာလည်း ဖြစ်ပါတယ်။

လူမှောင်ခိုကူးခံရသူတွေဟာ ပြည့်တန်ဆာ ဒါမှမဟုတ်လည်း ငွေကြေးအမြတ်အစွန်းအတွက် လိင်ပိုင်းဆိုင်ရာ စော်ကားခံကြရတဲ့အပြင် လစာ အနည်းငယ် ဒါမှမဟုတ်လည်း လစာလုံးဝမရဘဲ အိမ်ဖော်အဖြစ် အလုပ်လုပ်နေကြရပြီး တချို့ဆိုရင် စိုက်ပျိုးရေးလုပ်ငန်းတွေ၊ စက်ရုံ အလုပ်ရုံ တွေနဲ့ ငါဖမ်းသင်္ဘောတွေပေါ်မှာ အလုပ်လုပ်ကြရတယ်လို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနက ကောက်ခံရရှိတဲ့ စာရင်းဇယားတွေမှာ ဖော်ပြ ထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ခေတ်သစ် ကျွန်စနစ် ပပျောက်ရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ ပထမအဆင့်အနေနဲ့ ဒီ ကျွန်စနစ် ရှိနေတယ် ဆိုတာကို ရင်ဆိုင် လက်ခံကြဖို့လိုအပ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီး Theresa May က ပြောပါတယ်။ ဗြိတိန်နိုင်ငံမှာ ခေတ်သစ် ကျွန်တွေအဖြစ် အခုလောက် အရေအတွက်များများ ရှိနေတာဟာ အင်မတန် ထိတ်လန့်စရာကောင်းပြီး အခု အသစ်ထွက်လာတဲ့ အရေအတွက်အရ ဒီကိစ္စကို အလျင်အမြန် ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Theresa May က ပြောပါတယ်။

ခေတ်သစ် ကျွန်စနစ်နဲ့ လူမှောင်ခိုကူးမှုတိုက်ဖျက်ရေး အစီအစဉ်တစိတ်ပိုင်းအဖြစ်နဲ့ ဗြိတိန်အစိုးရ ရာဇ၀တ်မှုဆိုင်ရာအေဂျင်စီက ဒီ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။ မနှစ် ၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့အထဲမှာ ၂,၇၄၄ ဦးပဲရှိတယ်လို့ ဖော်ပြထားရာက အခုနှစ်မှာ ၁၃,၀၀၀ အထိ ရှိလာတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနောက်ပိုင်း အကြမ်းဖက်မှု ၁၅ ဦး သေဆုံး

တရုတ်နိုင်ငံ အနောက်ပိုင်းက ရှင်းကျန်းပြည်နယ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်မှု တခုဖြစ်ပွားခဲ့ပြီး လူအနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ပါတယ်။

အကြမ်းဖက်တစုက လူအုပ်ထဲ ဗုံးတွေပစ်သွင်းခဲ့ပြီး ဓားတွေ၊ ပုဆိန်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။

သေဆုံးခဲ့သူ ၁၅ ဦးထဲမှာ အကြမ်းဖက်သူ ၁၁ ဦးပါဝင်ပြီး ကင်းလှည့်လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်သတ်လိုက် တာလို့လည်း သတင်းက ဆိုပါတယ်။ တခြားလူ ၁၄ ဦး ဒဏ်ရာ ရရှိ ခဲ့ပြီး ဆေးကု သမှုခံယူနေပါတယ်။

ရှင်းကျန်းပြည်နယ်ဟာ မွတ်စလင် ပြည်နယ်ဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ မြို့နယ်ဟာ ပြည်နယ်မြို့တော်နဲ့ ကီလိုမီတာ ၂ ရာအကွာက Shache မြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။

ဇူလိုင်လကလည်း ရှင်းကျန်းပြည်နယ်မှာပဲ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း တိုက်ခိုက်သူ ၅၉ ဦးအပါအ၀င် လူ ၁၀၀ လောက်သေဆုံးခဲ့ပါသေးတယ်။

အခုနှစ်ထဲမှာ ရှင်းကျန်းပြည်နယ်အကြမ်းဖက်မှုတွေကြောင့် လူ ၁၅၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ပြည်နယ်ခွဲထွက်ရေး အကြမ်းဖက်မှုတွေဆိုပြီး ဒေသခံ ၀ီဂါလူမျိုးတွေကို တရုတ်အစိုးရက ပြစ်တင်ထားပါတယ်။

ဒါပေမယ့် ဒေသခံတွေကတော့ တရုတ်အစိုးရရဲ့ လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်မှုတွေက ဒီအကြမ်းဖက်မှုတွေကို အားပေးသလိုဖြစ်စေတယ်လို့ တုံ့ပြန်ပြောဆိုကြပါတယ်။

အင်္ဂါဂြိုဟ်ပေါ်တွင် သက်ရှိလူသား နှစ်ဦးကို တွေ့မြင်ခဲ့ဟု NASA ဝန်ထမ်းဟောင်း တစ်ဦး ပြောကြား

အင်္ဂါဂြိုဟ်ပေါ်တွင် လမ်းလျှောက်နေသည့် လူသားနှစ်ဦးကို ၁၉၇၉ ခုနှစ်ခန့်က တွေ့မြင် ခဲ့ရကြောင်း NASA အာကာသ ဌာနတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ဝန်ထမ်းတစ်ဦး ဖြစ်သူ ဂျက်ကီက အခိုင်အမာ ပြောကြားသည်။

အဆိုပါ လူသားနှစ်ဦးသည် အာကာသ အတွင်း၌ မိမိတို့ ဝတ်ဆင်လေ့ ရှိသည့် အရွယ်အစား ကြီးမားသော အာကာသဝတ်စုံ မဟုတ်သည့် အာကာသ ဝတ်စုံများကို ဝတ်ဆင်ထား ခဲ့ကြောင်း၊ သို့ရာတွင် အဆိုပါ လူသားနှစ်ဦး၏ ပုံစံကို မြင်တွေ့ရသည်မှာ လုံခြုံမှုရှိသည့် ပုံစံဖြစ်ကြောင်း၊ ၄င်းတို့နှစ်ဦးသည် မြေပြင်ပေါ်တွင် လမ်းလျှောက်နေသည့် ပုံစံဖြင့် အင်္ဂါဂြိုဟ် ပေါ်တွင် လမ်းလျှောက်ကာ မိမိတို့၏ Viking Explorer အင်္ဂါဂြိုဟ်ဆင်း ယာဉ်ဆီသို့ ဦးတည် လျှောက်လှမ်း လာခဲ့ကြောင်း Coast to Coast ရေဒီယိုဌာနမှ တစ်ဆင့် ဂျက်ကီက ပြောကြားသည်။

အဆိုပါ ထူးဆန်းသည့် မြင်ကွင်းနှင့် ပတ်သက်၍ အဖြေထုတ်နိုင်ရန် ကြိုးပမ်းခဲ့သည်မှာ ၂၇ နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ အဆိုပါ မြင်ကွင်းကို မိမိတွေ့မြင် ခဲ့ချိန်တွင် Viking Explorer ယာဉ်အတွင်း၌ မိမိ၏ လုပ်ဖော် ကိုင်ဖက် ခြောက်ဦးလည်း ရှိနေခဲ့ကြောင်း သူမက ထပ်လောင်း ပြောကြားသည်။

Viking Explorer အာကာသယာဉ်သည် အင်္ဂါဂြိုဟ်၏ ပုံရိပ်များကို ရိုက်ကူးထားသည့် ဓာတ်ပုံ များအား ကမ္ဘာမြေသို့ ပထမဆုံး ပြန်လည် ပေးပို့ခဲ့သည့် ယာဉ်ဖြစ်ပြီး ၄င်းယာဉ်ကို ၁၉၇၅ ခုနှစ် သြဂုတ် ၂ဝ ရက်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ရေး ကြိုးပမ်းမှု မမှန်ကန် မှုတွေ ရှိ

၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ ဖလား ဘောလုံး ပွဲတွေ လက်ခံ ကျင်းပ နိုင်ဖို့ ကြိုးစားတဲ့ နေရာမှာ မမှန်ကန်တဲ့ လုပ်ရပ်တွေ ရှိခဲ့တယ် ဆိုတဲ့ နောက်ထပ် စွပ်စွဲချက်တွေ ထပ်မံ ထွက်ရှိ လာပါတယ်။

၂၀၁၈ အတွက် အိမ်ရှင် အဖြစ် ရုရှားက ရရှိသွားသလို ၂၀၂၂ ခုအတွက် ကိုတော့ ကာတာ နိုင်ငံက ရသွား တာပါ။ အခု စွပ်စွဲ ထားရှိချက်တွေကတော့ ၂၀၁၈ အိမ်ရှင် ဖြစ်ရေး ကြိုးပမ်းတဲ့ အင်္ဂ္လန် အဖွဲ့က စုစောင်း ရရှိတဲ့ သတင်း အချက် အလက်တွေ ဖြစ်ပါတယ်။

ဒါတွေကို ထောက်လှမ်းရေး ဌာနက လျှို့ဝှက် သိမ်းဆည်းထားတာ ဖြစ်ပြီး၊ အခုထွက် ရှိလာတဲ့ တချို့ စွပ်စွဲ ချက်တွေ ကိုတော့ ဗြိတိန်ထုတ် The Sunday Times သတင်းစာမှာ ဖေါ်ပြ ပါရှိ ပါတယ်။

ရုရှ သမ္မတ ဗလာဒီ မီယာ ပူတင် ကိုယ်တိုင် ဒီ မမှန်ကန်တဲ့ လုပ်ရပ်တွေ ထဲမှာ အကြီး အကျယ် ပါဝင် ပတ်သက် နေပြီး မစ္စတာ ပူတင်က သူ့နိုင်ငံ မဲရရေး အတွက် စည်းရုံး ပေးဖို့ ဖီဖာ ဥက္ကဌ ဆက်ပ် ဘလက်တာ ဆီက တောင် အကူ အညီ တောင်း ခဲ့တယ်လို့ ဆိုပါတယ်။

ကာတာ နိုင်ငံ ကတော့ သူတို့ရဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်း အရှိန် အဝါနဲ့ မဲရအောင် လုပ်ခဲ့ တယ်လို့ စွပ်စွဲ ပါရှိ ပါတယ်။

Saturday, November 29, 2014

လက်ပံတောင်းနှစ်နှစ်ပြည့်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြသူတွေ မီးလောင်ဗုံးနဲ့ ဖြိုခွဲခံခဲ့ရတဲ့ (၂) နှစ်ပြည့်တဲ့နေ့မှာ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီး (၆) မြို့မှာ လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြဆုတောင်းပွဲ တွေနဲ့ ဆန္ဒဖော်ထုတ် ပြသနေကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

သံဃာတော်အများစုပါဝင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်တဲ့ သပိတ်စခန်းကို အာဏာပိုင်တွေကလွန်ခဲ့တဲ့ နှစ်နှစ်က မီးလောင်ဗုံးတွေနဲ့ ဖြိုခွဲခဲ့တာပါ။ ဒီဖြစ်ရပ်အပေါ်မှာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးသလို မြေတွေသိမ်းဆည်းခံထားရတဲ့ ဒေသခံတွေနဲ့လည်း ပြေလည်မှုမရသေးတဲ့အတွက် ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီး (၆) မြို့မှာ ဆန္ဒပြခဲ့ကြတာပါ။

“မနက်လင်းအားကြီးအချိန်မှာ အတင်းအဓမ္မအနိုင်ကျင့်ပြီးတော့မှ ဖယ်ပစ်လို့ သံဃာတော် ၉၉ ပါးနဲ့ လူပုဂ္ဂိုလ်တွေ စုစုပေါင်း ၁၀၈ ဦးကို ထိခိုက်ဒဏ်ရာ ရစေခဲ့ပါတယ်။”

ဒါကတော့ မန္တလေးမြို့ လှုပ်ရှားမှုက အသံတွေပါ။

မန္တလေးမြို့မှာတော့ လူစုဝေးတဲ့ မဟာမြတ်မုနိဘုရားဝင်းရှေ့မှာ လက်ပံတောင်းအရေး လှုပ်ရှားသူတွေ လမ်းပေါ်ထွက်လို့မရအောင် အာဏာပိုင်တွေက ပိတ်ဆို့ထားတယ်လို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။

“---ဝင်းထဲမှာ စုမိတာက မန္တလေးမှာ အင်အားနည်းနည်း နည်းနေတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ အပြင်မှာက မဘသဘုန်းကြီးတွေရယ်၊ အုပ်ချုပ်ရေးရယ်နဲ့က ပိတ်ထားသလိုဖြစ်နေတယ်။”

ရန်ကုန်မြို့မှာလည်း ညနေ (၄) နာရီကျော်ကတည်းက ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြ၊ ဟောပြော ဆုတောင်းခဲ့ကြပါတယ်။ ရန်ကုန်လှုပ်ရှားမှု အခြေအနေကို တက်ကြွလှုပ်ရှားသူတစ်ဦးက အခုလို ပြောပါတယ်။

“ရဟန်းသံဃာတွေကို မီးရှို့တဲ့နေ့လည်းဖြစ်တယ်၊ တောင်သူလယ်သမားတွေ လယ်ယာဆုံးရှုံးတဲ့ကိစ္စလည်းဖြစ်တယ်ပေါ့။ အဲဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့ ဆုတောင်း ဆန္ဒပြနေရခြင်းဖြစ်ပါတယ်။”

လက်ပံတောင်းမှာတော့ ည (၆) နာရီကျော်မှာ စတင်လှုပ်ရှားမှာဖြစ်ကြောင်းနဲ့ မီးလောင်ဗုံးနဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေနဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးတဲ့အခြေအနေကို လက်ပံတောင်းတောင် စန်းမြဝတီကျောင်းတိုက်ဆရာတော် ဦးအာလောက-က မိန့်ပါတယ်။

“အထူးသဖြင့်တော့ (၂၉) ရက်နေ့က သံဃာတော်တွေ မီးလောင်ဗုံးနဲ့အပစ်ခံရတဲ့နှစ်နှစ်ပြည့်ဖြစ်တယ်။ အဲဒီဟာတွေကို အရေးယူပေးခြင်း၊ ဆောင်ရွက်ပေးခြင်း ယနေ့အချိန်အထိ ဘာမှမရှိသေးဘူးပေါ့ဗျာ။”

ဒီနေ့မှာပဲ မန္တလေးတိုင်း၊ ပြင်ဦးလွင်နဲ့ မိတ္ထီလာမြို့တွေမှာလည်း လက်ပံတောင်းအရေး လှုပ်ရှားသူတွေက နှစ်နှစ်ပြည့် အထိမ်းအမှတ်တွေ လုပ်ခဲ့တာပါ။ မိတ္ထီလာလှုပ်ရှားမှုနဲ့ ပတ်သက်လို့ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ယက်က ဒေါ်မြင့်မြင့်အေးက အခုလို ပြောပါတယ်။

“မီးရှို့တာကို အမှတ်ရနေတယ်ဆိုတဲ့အထိမ်းအမှတ်ရယ်၊ လှုပ်ရှားမှုတခုရယ်အနေနဲ့ ကျမတို့ ရွှေမြင်တင်ဘုရားမှာ ဝတ်ပြုဆုတောင်းတယ်။”

Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း သူတို့ရဲ့ စုံစမ်းတွေ့ရှိချက်တွေအရ မီးလောင်ဗုံးနဲ့ဖြိုခွဲမှု (၂) နှစ်သာ ပြည့်သွားခဲ့ပေမယ့် ဒီအကြမ်းဖက်ဖြိုခွင်းမှုမှာ ပါဝင်ပတ်သက်သူတွေကို အစိုးရဘက်က တစုံတရာ အရေးယူမှု မရှိသေးသလို အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေတဲ့အပေါ် အတော်လေးစိုးရိမ်ကြောင်း ပြီးခဲ့တဲ့ရက်အတွင်းကပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အခုလို ပြည်တွင်းပြည်ပ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေဟာ လက်ပံတောင်းပြည်သူတွေနဲ့ သူတို့ကို ကူညီနေသူတွေရဲ့ အားထုတ်ဆောင်ရွက်မှုအဖြစ် ဆရာတော် ဦးအာလောက-က သုံးသပ်ပါတယ်။

“အဓိက-ကတော့ဗျာ။ လက်ပံတောင်းဒေသခံတွေပေါ့နော်၊ တစိုက်မတ်မတ်ပေါ့၊ ဒီကိစ္စကို မဆုတ်မနစ်ဘဲနဲ့၊ မကြောက်မရွံ့ဘဲနဲ့ တကယ်လည်း ဆုံးရှုံးနစ်နာတာတွေကို မပြတ် ဆောင်ရွက်နေတဲ့အတွက်ပေါ့နော်၊ ဒါကို နိုင်ငံတကာကရော၊ ပြည်တွင်းကနိုင်ငံရေးအသိုင်းအဝိုင်းတွေကရော လက်ပံတောင်းကို အမြဲတမ်းအာရုံစိုက်နေတာ၊ လက်ပံတောင်းဒေသခံတွေနဲ့လာရောက်ပြီးတော့ တကယ်ကိုမခံချင်တဲ့စိတ်နဲ့လာပြီးတော့ ဝိုင်းဝန်းကူညီနေတဲ့ပုဂ္ဂိုလ်တွေရဲ့အကျိုးသက်ရောက်မှု ရှိတယ်လို့ မြင်တယ်ဗျ။”

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ၊ လူထုကျန်းမာရေးထိခိုက်တာတွေရှိနေကြောင်းကိုလည်း ပညာရှင်တွေက ထောက်ပြခဲ့တာပါ။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးခဲ့ပေမယ့် ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာမှုမရှိကြောင်း ကော်မရှင်အဖွဲ့ဝင်တွေကလည်း ဆိုပါတယ်။

ဒီစီမံကိန်းကို မြန်မာအစိုးရနဲ့ စစ်တပ်ပိုင် မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီလိမိတက်၊ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့က ဖက်စပ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ဒေသခံရွာတွေကို ဖယ်ရှားခိုင်းခဲ့သလို ဒေသခံတွေရဲ့ ထောင်နဲ့ချီတဲ့ လယ်ဧကတွေကိုလည်းတန်ရာတန်ကြေးမပေးဘဲ သိမ်းယူခဲ့ပါတယ်။ ဒါ့အပြင် ဒီ ကြေးနီစီမံကိန်းလုပ်ကွက်ပေါ်မှာ ရှိနေတဲ့ ရှေးဟောင်း သာသနိက အဆောက်အဦးဖြစ်တဲ့ လယ်တီသိမ်ကို ဖြိုဖျက်ခဲ့တာလည်း ရှိပါတယ်။

ဒုသမ္မတနေရာ အမည်စာရင်းသွင်းခံရန် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မည်သူ့ကိုမဆို ယှဉ်ပြိုင်မည်ဟု ဦးရွှေမန်းပြော

လာမည့်ရွေးကောက်ပွဲ တွင် ဒုတိယသမ္မတနေရာ အမည်စာရင်းတင်သွင်းခံရရန် ဒေါ် အောင်ဆန်းစုကြည် အပါအ၀င် မည်သူနှင့်မဆို ပြိုင်ဆိုင်သွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်းကပြောသည်။

နိုဝင်ဘာ ၂၂ရက်တွင် ပြုလုပ်ခဲ့သော ဗီအိုအေသတင်းဌာနနှင့်အင်တာဗျူး၌ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ခဲ့ ပါက ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာမည့် ဒုတိယသမ္မတနေရာအတွက် မည်ကဲ့သို့သဘောထား ရှိပါသ လဲဆိုသည့် မေးခွန်းကို သူရဦးရွှေမန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

‘‘ပြိုင်ဆိုင်ဖို့ အတွက်က တော့ ဒေါ်အောင်ဆန်းစုကြည် လည်း ပြိုင်ဆိုင်မယ်။ ကျန်တဲ့ တ ခြားသူရှိမယ်ဆို ရင်လည်း ပြိုင်ဆိုင်မယ်။ ဒါက အခွင့်အရေးပါ ပဲ။ ပြိုင်ဆိုင်မှုအတွက် မိမိတို့ လို လားတယ်။ ဒေါ်အောင်ဆန်း စု ကြည်နဲ့ ပြောမယ်ဆိုရင်လည်း အခု ပါတီချင်းပြိုင်ဆိုင်နေတာပဲ။ လူချင်းလည်း ပြိုင်ဆိုင်နေတယ်။ အဲဒီလို ပြိုင်ဆိုင်ဖို့အတွက် ဒီလို ရှိတဲ့နေရာမှာတစ်ယောက်နဲ့တစ် ယောက်ရန်သူလို သဘောထား ဆောင်ရွက်မယ့် အချိန်လည်းမ ဟုတ်ဘူး’’ ဟု ၎င်းက ဖြေဆိုခဲ့သည်။

ယခင် ရွေးကောက်ပွဲ ကာလများကဲ့သို့ ပါတီချင်း အပြုတ်တိုက်၊ အပြတ်ရှင်းရမည့်အချိန်မဟုတ် ဘဲခေတ်စ နစ်နှင့်အညီပေါ်ပေါက်လာသော ရွေးကောက်ပွဲဖြစ်သောကြောင့် အားလုံးပူးပေါင်းဆောင်ရွက်မည်ဖြစ်
ကြောင်း ၎င်းက ပြောသည်။

သို့ရာတွင် ရွေးကောက်ပွဲ၌ အနိုင်ရအောင် တရားသော ယှဉ်ပြိုင်ခြင်းဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒေါ်အောင် ဆန်းစုကြည်နှင့် လည်းသဘောတူထားကြောင်း သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

မူဘာရက် ကို စွဲချက် တွေကို အီဂျစ် တရားရုံး ပယ်ဖျက်

၂ဝ၁၁ ခုနှစ် အာရပ်နွေဦး လှုပ်ရှားမှု အတွင်း ဆန္ဒပြသူ ရာနဲ့ချီ ပြီး ပစ်ခတ် သေဆုံးခဲ့မှု အတွက် အီဂျစ် သမ္မတဟောင်း မူဘာရက်ကို စွဲချက် တင်ထားတာတွေကို အီဂျစ် တရားရုံးက ပယ်ဖျက် လိုက်ပါတယ်။

မူဘာရက် ခေတ်က ထိပ်တန်း လုံခြုံရေး အရာရှိကြီး တွေကို စွဲဆို ထားတဲ့ အမှု တော်တော်များများ ကိုလည်း အီဂျစ် တရားရုံးက ပယ်ဖျက် လိုက်ပါတယ်။

အဲဒိ ဆန္ဒပြပွဲတွေ အတွင်း ပြုတ်ကျ သွားခဲ့တဲ့ သမ္မတဟောင်းကို လွန်ခဲ့တဲ့ ၂ နှစ်ထဲက ထောင်တသက် ချမှတ် ထားတာ ဖြစ်ပါတယ်။

မစ္စတာ မူဘာရက် နဲ့ သားတွေကို လာဘ်စားမှု နဲ့ စွဲဆို ထားတာ တွေကိုလည်း တရားရုံးက ဖယ်ရှား ပေးခဲ့ပါတယ်။

ဒါပေမဲ့ အလွဲသုံးစားမှု တွေ အတွက် နောက်ထပ် လ အနည်းငယ် ဆက်ပြီး မစ္စတာ မူဘာရက်ကို ထောင်ချ ထားအုံးမယ်လို့ ယူဆ ရပါတယ်။

ဒီလို အမှု ရုပ်သိမ်း ပေးတာကို မူဘာရက် ထောက်ခံသူ တွေက ကောင်းချီး သြဘာ ပေးခဲ့ကြပြီး လမ်းတွေ ပေါ်မှာ အော်ဟစ် ပျော်ရွှင် နေခဲ့ကြ ပါတယ်။

မူဘာရက်ကို သူတို့က အမျိုးသား သူရဲကောင်း လို့ ယူ ဆ ထားကြ တာပါ။

ဒါပေမဲ့ အဲဒီနားမှာပဲ ဆန္ဒပြပွဲ တွေ အတွင်း သေဆုံး ခဲ့ရသူ တွေရဲ့ ဆွေမျိုးတွေ စုဝေး ဟစ်အော် ခဲ့ကြ ပြန်ပါတယ်။

ဒီသေဆုံးရမှု တွေ အတွက် တရားမျှတမှု ရှိဖို့ လိုတယ်လို့ သူတို့က ပြောပါတယ်။

သောင်းနှင့်ချီသော မြန်မာလုပ်သားများကို ရက်ပိုင်းအတွင်းခေါ်ယူလိုကြောင်း မကာအိုအေဂျင်စီကမ်းလှမ်း

မကာအိုသို့ သောင်းနှင့်ချီသော မြန်မာလုပ်သားများ အမြန်ဆုံးစေလွှတ်ပေးရန် မကာအိုရှိ အေဂျင်
စီအဖွဲ့ အစည်း (MOW-EAA)မှ ဥက္ကဋ္ဌက မြန်မာအေဂျင်စီအသင်းချုပ်ထံ နိုဝင်ဘာ ၂၁ ရက်က တောင်းဆိုသည်။

မကာအိုတွင် ကာစီနိုလုပ်ငန်းများ   တိုးချဲ့လျက်ရှိသော ကြောင့် လုပ်သားလိုအပ်ချက်များ မြင့်တက်
လာပြီး ၂၀၁၄ နှစ်စပိုင်းမှစတင်ကာ မြန်မာအလုပ်သမားများခေါ်ယူခန့်အပ်ရန်လာရောက်ကမ်းလှမ်း
ခဲ့သည်။ထိုသို့ကမ်းလှမ်းမှုအပေါ်အလုပ်သမားဝန်ကြီးဌာနကအိမ်အကူလုပ်သားနှင့် ဖျော် ဖြေရေးလုပ်
သားများမှအပ ခေါ် ယူခန့်အပ်နိုင်ကြောင်း ညွှန်ကြားချက်အရ မြန်မာနိုင်ငံအေဂျင်စီအသင်းချုပ်သည် မကာအိုရှိ အေဂျင်စီအဖွဲ့အစည်းလေးခုနှင့် သဘောတူညီမှုစာချုပ်များရေးထိုးခဲ့သည်။

နားလည်မှုစာချွန်လွှာ လက် မှတ်ရေးထိုးခဲ့သောအဖွဲ့အစည်း များအနက် နိုဝင်ဘာ ၂၁ ရက် က လက်မှတ်ရေးထိုးခဲ့သော Macau Oversea Workers Employment Agency Association (MOWE-AA)အမည်ရှိ မကာအိုအေဂျင်စီက မြန်မာအလုပ်သမားသောင်းဂဏန်းအမြန်ဆုံးခေါ်ယူလိုသောကြောင့်  အချိန်တိုအတွင်း ပို့ ဆောင်ပေးရန် မြန်မာအေဂျင်စီအသင်းချုပ်ထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

‘‘မကာအိုမှာ လုပ်သားလို အပ်ချက်က နိုင်ငံတွင်းမှာရှိတဲ့ လူဦးရေထက် ပိုများနေပါတယ်။ လာမည့်နှ
စ်မှာမကာအိုမှာ ပြည်ပအလုပ်သမားသုံး၊ လေးသောင်းလိုအပ်နေပါတယ်။ကာစီနိုလုပ်ငန်းတွေ ခြောက်
ခုလောက်ဖွင့်ဖို့လုပ်နေပါတယ်’’ဟု MOWEAA ဥက္ကဋ္ဌမစ္စတာ Ao Leong Kuong Kao က ပြောသည်။
‘‘သူတို့ကတော့ခေါ်စာရပြီး ၂၅ ရက်နဲ့လိုချင်ကြတယ်။ ကျွန် တော်တို့လည်း ပို့နိုင်အောင်ကြိုး စားပါ့မယ်။ သူ့နိုင်ငံကလုပ်ငန်း စဉ်တွေလွယ်တယ်။ ဒီတော့ ကျွန် တော်တို့ဝန်ကြီးဌာနကိုလည်း တင်ပြမှာပါ။ အမျိုးသမီးတွေ အတွက်လည်း   ဥပဒေခိုင်မာမှုရှိ တယ်’’ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။

 မကာအိုက မြန်မာအလုပ်သမားများကို အနိမ့်ဆုံးသန့်ရှင်းရေးဝန်ထမ်းနှင့် လုံခြုံရေးဝန်ထမ်းတစ်ဦး
အား တစ်လလျှင်အမေရိကန်ဒေါ်လာ ၅၀၀ မှ ၇၀၀၊တရုတ်နှင့်အင်္ဂလိပ်ဘာသာစကားပြောနိုင်ပါက
 ဒေါ်လာ၇၀၀မှ၁,၀၀၀၊ဘွဲ့ရရှိပြီးဘာသာစကားနှစ်မျိုးလုံးတတ်ကျွမ်းသည့်အပြင်ကွန်ပျူတာကျွမ်းကျင်
ပါကဒေါ်လာ ၁,၀၀၀ မှ ၁,၅၀၀ အထိလုပ်ခလစာပေး၍ အလုပ်ခေါ်ဆိုလျက်ရှိကြောင်း  သတင်းရရှိသ
ည်။

 မကာအိုသို့လုပ်သားစေ လွှတ်မှုနှင့်ပတ်သက်၍ ယခုလ ၂၄ ရက်တွင် ပြုလုပ်မည့် အလုပ် သမားဝန်ကြီးဌာနနှင့် အေဂျင်စီ အသင်းချုပ်တို့ တွေ့ဆုံဆွေးနွေး မည့် အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်

ထို့အပြင် မကာအိုတွင်နိုင်ငံခြားသားလုပ်သားများနှင့် ပတ်သက်၍ အလုပ်သမားအခွင့်အရေးများကို ၎င်းတို့နိုင်ငံသားများနှင့်နည်းတူ အခွင့်အရေး၊ အကျိုးခံစားခွင့်များပေးထားပြီး နေစရိတ်၊ စားစရိတ်အ
တွက် လစာအပြင် ဒေါ်လာ ၅၀၀ လည်း ထပ်မံပေးကြောင်း သတင်းရရှိသည်။

မကာအိုသို့သွားရောက်လုပ် ကိုင်မည့် လုပ်သားများအနေဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ညွှန် ကြားထားသည့်အတိုင်း ဝန်ဆောင်ခနှုန်းထားကို လုပ်ခလစာ၏လေး လစာထက်မပိုသော နှုန်းထားဖြင့် သာ ကောက်ခံမည်ဖြစ်ပြီးယခုအခါသတ်မှတ်ထားသည့် လေးလစာထက်  လျော့နည်းဖွယ်ရှိ ကြောင်း
 နှစ်နိုင်ငံအေဂျင်စီအဖွဲ့ အစည်းက ပြောသည်။

ထိုင်း အိမ်ရှေ့ မင်းသမီး မိသားစု မှာ တော်ဝင် နာမည် ဖယ်ရှား

ထိုင်း အိမ်ရှေ့မင်းသား Vajiralongkorn က သူ့ ကြင်ယာတော် မိသားစု မှာ တော်ဝင် နာမည်ထည့် သုံးစွဲတာကို ဖယ်ရှားဖို့ အစိုးရ ကို ညွှန်ကြား လိုက်ပါတယ်။

ဒီအမိန့်ပေးမှု ဟာ မင်းသားက ကြင်ယာတော် ကို ကွာရှင်းဖို့ ခြေလှမ်းပြင်နေတာလို့ ယူဆ ကြပါတယ်။

ဒီရက်ပိုင်း အတွင်း ကြင်ယာတော် ရဲ့ ဆွေမျိုး ၇ ယောက် မှောင်ခိုမှု၊ လောင်းကစား လုပ်ငန်းမှု တွေနဲ့ ဖမ်းဆီး ခံခဲ့ရ ပါတယ်။

အိမ်ရှေ့မင်းသားနဲ့ မင်းသမီး Srirasmi Akrapongpreecha တို့ ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်နေကြတယ်လို့ လူအများက သိထား ကြ ပါတယ်။

သူတို့ ဇနီးမောင်နှံက သားတော် တပါး ထွန်းကားပြီး အိမ်ရှေ့မင်း နောက်က ထီးနန်း ဆက်ခံမယ့် နန်းလျာ လို့ ယူဆ ကြပါတယ်။

နေအိမ်တွင် လူကြီးများမရှိခိုက် ကလေးငယ်(၂)ဦး ဂက်စ်မီးခြစ်ဖြင့်ဆော့ကစားရာမှ မီးလောင်မှုဖြစ်


၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ နှောကန်ကျေးရွာနေ ဦးထွန်းနိုင်(၃၂)နှစ်၏နေအိမ်တွင် လူကြီးများမရှိခိုက် နေအိမ် အောက်ထပ်ရှိ မီးဖိုကျင်းအတွင်း ဦးထွန်းနိုင်၏သားဖြစ်သူ မောင်ကျော်ဝင်းလှိုင်(၄)နှစ်နှင့် တစ်ရွာတည်းနေ ဦးခင်မောင်စိုး၏သားဖြစ်သူ မောင်သန်းဇော်လှိုင်(၅)နှစ်တို့ ၂ ဦး ဂက်စ်မီးခြစ်အားခြစ်၍ ဆော့ကစား ရာမှ မီးဖိုအားကာရံထားသည့် ထန်းရွက်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင်ရှိနေအိမ် များသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေ ပြည်သူများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ညနေ ၃ နာရီ ၄ဝ မိနစ် အချိန် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဦးထွန်းနိုင်၏ (၃*၃)ပင် ထရံကာ/ထန်းရွက်မိုး/ဝါးကြမ်းခင်းနေအိမ်ပါ(၇)လုံး၊ ဒေါ်အေးဆန်း(၄၃)နှစ်၏ (၄*၄)ပင် ထရံကာ/ သွပ်မိုး/ဝါးကြမ်းခင်းနေအိမ်ပါ(၃)လုံးနှင့် ဦးတင်အောင်(၆၇)နှစ်၏ (၄*၄)ပင် ပျဉ်ကာ/သွပ်မိုး/ပျဉ်ခင်း နေအိမ်ပါ(၂)လုံး၊ စုစုပေါင်းနေအိမ်(၁၂)လုံး၊ တန်ဘိုးငွေကျပ်(၁,၁ဝ၅,ဝဝဝိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ ကျား(၂၅)ဦး၊ မ(၂၉)ဦး၊ စုစုပေါင်း(၅၄)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့သဖြင့် နှောကန်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိကာ ဦးထွန်းနိုင်အား လက်မှတ်ကုန်းနယ်မြေ ရဲစခန်း(ပ)၆၅/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ခေါင်းဆောင်တွေ ပြန်လည် သင့်မြတ်နိုင်ကြပါဦးမလား

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲက တပ်မတော်သား အမတ်တွေကို နိုဝင်ဘာ ၂၇ ရက်နေ့ညမှာ ပြုလုပ်မယ့် အလွတ်သဘော ညစာစားပွဲတစ်ခု တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာ တပ်မတော်သား အမတ်တွေ မတက်ရောက် နိုင်ခဲ့ကြပါဘူး။ အင်န်အယ်လ်ဒီ ပါတီ ကို အကြောင်းပြန်တဲ့ စာမှာ ဘယ်လို အကြောင်းပြ ထားတယ် မသိနိုင်ပေမယ့် တပ်မတော်သား အမတ်တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးချုပ် တင့်ဆန်းက သူတို့ သီးသန့် လုပ်တဲ့ ညစာစားပွဲနဲ့ တိုက်ဆိုင်နေလို့ မတက်နိုင်တဲ့အကြောင်း၊ နောင် လွှတ်တော် အစည်းအဝေး ကာလ ကျရင်တော့ ဖိတ်ကြားမှုကို လက်ခံပြီး တက်ရောက်နိုင်မယ်လို့ ထင်တဲ့အကြောင်း မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ တပ်မတော် ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေး ဘယ်လို ရှိနေသလဲ၊ ဆက်ဆံရေး မကောင်းဘူးဆိုရင် တိုင်းပြည် နောင်ရေး ကောင်းနိုင်ပါ့မလား၊ ဒီပြသနာ ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ အရင် စစ်အာဏာရှင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူလို သဘောထားပြီး အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ခဲ့ပါတယ်။ အချိန်များစွာ နေအိမ်အကျယ်ချုပ် ချထားပြီး၊ လွတ်မြောက်နေချိန်တွေမှာလည်း ကန့်သတ် ဖိနှိပ်မှု အမျိုးမျိုး လုပ်ခဲ့ပါတယ်။ နောက်ဆုံးကုန်ကုန် ၂၀၀၃ ခုနှစ် မေလတုန်းက ဆိုရင် ဒီပဲရင်းမှာ လုပ်ကြံသတ်ဖြတ်ဖို့ အထိ ကြိုးစားခဲ့ပါသေးတယ်။ စစ်ခေါင်းဆောင်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို စိတ်ကြိုက်ရေးဆွဲ၊ နည်းပေါင်းစုံ သုံးပြီး အတည်ပြု၊ ၂၀၁၀ မှာ စိတ်ကြိုက်အဖြေတွေ ထွက်လာအောင် ဖန်တီးထားတဲ့ ရွေးကောက်ပွဲ ကျင်းပပေးပြီးတဲ့ နောက်မှသာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်က လွှတ်ပေးခဲ့ပါတယ်။

နောက်ဆုံး လက်ရှိ မြင်တွေ့နေရတဲ့ အစိုးရအဖွဲ့၊ လွှတ်တော်တွေ ပုံဖော်ပြီးကာမှ သမ္မတ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာတွေ လုပ်ပါတယ်။ တဆက်တည်း နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါး လွှတ်ပေး၊ ဒေါ်အောင်ဆန်းစုကြည် အင်န်အယ်လ်ဒီ နဲ့ အတိုက်အခံ အားလုံးကို နိုင်ငံရေး လုပ်ခွင့်ပြု၊ နောက်ဆုံး ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးပြီး လွှတ်တော်ထဲ ခေါ်သွင်းသည် အထိ လုပ်ခဲ့ပါတယ်။ ပြောရရင် စစ်ခေါင်းဆောင်တွေရဲ့ ပြုမူဆောင်ရွက်ပုံတွေဟာ နိုင်ငံတကာက အံ့အားသင့်ရလောက်အောင် မြန်ဆန်ခဲ့ပါတယ်။

နိုင်ငံရေးမှာ အပြည့်အ၀ လုပ်ကိုင်ခွင့်ရလာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစပိုင်းမှာ စစ်အာဏာရှင်တွေ သူ့အပေါ် ဖိနှိပ်ရက်စက်ခဲ့တာတွေနဲ့ ပါတ်သက်ပြီး ခွင့်လွှတ်တယ်၊ ဘယ်လိုမှ သဘောမထားဘူး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိုပဲ လုပ်ချင်တယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲကာရောက်တော့ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံပြင်ရေး၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့ပါတယ်။ သူ့ရဲ့ ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော် ကို သံယောဇဉ် ရှိပါတယ်၊ ချစ်ခင်ပါတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်လောက်အထိ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေး ဒီလောက် ဆိုးဆိုးရွားရွား မဖြစ်သေးပါဘူး။

၂၀၁၃ ခုနှစ်ထဲ ရောက်လာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံပြင်ရေး လှုပ်ရှားမှု စ လုပ်ပါတယ်။ ဖွဲ့စည်းပုံပြင်ရေးထဲမှာမှ အဓိက အားဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပါ။ ပုဒ်မ ၄၃၆ ဖော်ပြချက်အရ ဖွဲ့စည်းပုံထဲက ပြဌာန်းချက် တစ်ခုခု ပြင်ချင်တယ် ဆိုရင် လွှတ်တော်ထဲက အမတ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်နိုင်မယ်၊ တစ်ချို့ ပုဒ်မတွေကိုတော့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ဖို့ လိုတယ်ဆိုပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဖွဲ့စည်းပုံထဲက ဘာပြင်ပြင် တပ်မတော်ဘက်နဲ့ သဘောတူညီချက် ယူရမယ် လို့ ဆိုလိုတာပါ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကသာ သဘောမတူရင် ဖွဲ့စည်းပုံထဲက ဘယ်အချက်ကိုမှ ပြင်လို့ မရနိုင်ဘူး၊ ဒါဟာ ဖွဲ့စည်းပုံပြင်ရေးအတွက် ကြီးမားတဲ့ အဟန့်အတား အနှောင့်အယှက် ဖြစ်စေတယ်၊ ဒါကြောင့် တပ်မတော်သားတွေ သဘောတူတူ မတူတူ ရွေးကောက်ခံ အမတ်တွေ ပြင်ချင်ရင် ပြင်လို့ ရတဲ့ အနေအထား ဖြစ်အောင် လုပ်ချင်တယ် ဆိုပြီး သဘောထား ထုတ်ပြန်ပါတယ်။

အတိအကျ ပြောရရင် ၄၃၆ ပုဒ်မနဲ့ ပါတ်သက်လို့ အင်န်အယ်လ်ဒီရဲ့ သဘောထားဟာ လွှတ်တော်အမတ် စုစုပေါင်းရဲ့ ထက်ဝက်ကျော်မဲ ဒါမှမဟုတ် စစ်သားတွေ မပါတဲ့ ရွေးကောက်ခံ အမတ်တွေချည်းပဲ ဆိုရင် အမတ်တွေရဲ့ သုံးပုံနှစ်ပုံကျော် မဲရလို့ရှိရင် ပြင်ချင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ နောက်ပိုင်း ၈၈ မျိုးဆက် ပွင့်လင်း အဖွဲ့နဲ့ ပူးပေါင်းပြီး လူထု ဆန္ဒ လက်မှတ်ကောက်ခံတာ၊ စည်းရုံးဟောပြောတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီ စည်းရုံးဟောပြောပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၄၃၆ ပြင်ရေး လုပ်တာဟာ တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး လုပ်တာ ဆိုပြီးတော့လည်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တကယ်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၃၆ ပြင်ရေးဟာ အဲဒီ အဓိပ္ပါယ်ထွက်ပါတယ်။ ဖွဲ့စည်းပုံကို တပ်မတော်သားတွေရဲ့ သဘောထားမပါပဲ ရွေးကောက်ခံ အမတ်တွေချည်းသက်သက်နဲ့ ပြင်နိုင်ရေးဆိုတာဟာ တပ်မတော်ရဲ့ကံကြမ္မာ၊ လက်ရှိတပ်မတော် ခေါင်းဆောင်တွေရဲ့ ကံကြမ္မာနဲ့ အရင်စစ်အာဏာရှင်ဟောင်းတွေရဲ့ ကံကြမ္မာအားလုံး ရွေးကောက်ခံ အမတ်တွေလက်ထဲ အပ်ရမယ် ဆိုတာနဲ့ အတူတူပါပဲ။ ဒီ အခြေအနေတွေကြောင့် တပ်မတော်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ခါးခါးသီးသီး ဖြစ်လာတာပါ။ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ရဲ့ဟောပြောချက်တွေကြောင့် ရဟန်းရှင်လူ ပြည်သူတွေကလည်း တပ်မတော်အပေါ် အမြင်မကြည်မလင်ဖြစ်၊ ဖွဲ့စည်းပုံပြင်ရေး ပိတ်ဆို့ဟန့်တားသူတွေ ဖြစ်တယ် ဆိုပြီး ပို မုန်းတီးလာကြပါတယ်။ ဒီအခြေအနေကိုလည်း တပ်မတော် ခေါင်းဆောင်တွေ မကြိုက်ကြပါဘူး။ ပိုဆိုးတာက လွှတ်တော်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥက္ကဌ သူရဦးရွှေမန်းရဲ့ မဟာမိတ်ပြုမှုပါ။ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေဟာ သူရဦးရွှေမန်းကို တပ်မတော်ကို ပြည်ခိုင်ဖြိုးလက်အောက် သွတ်သွင်းဖို့ ကြိုးစားသူ၊ တပ်မတော်ခေါင်းဆောင်မှုကို စိန်ခေါ်သူ တစ်ယောက်အဖြစ် မြင်ထားပါတယ်။ ဒီလို အခြေအနေအောက်မှာ တပ်မတော်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမြင်မကြည်လင်ရုံမက ခါးခါးသီးသီး ဖြစ်တဲ့ အဆင့်ထိ ရောက်နေရတာ မဆန်းပါဘူး။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိ လမ်းကြောင်းအတိုင်း တပ်မတော်ခေါင်းဆောင်တွေ နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး စစ်တန်းလျား ပြန်ပို့ရေးကိုပဲ ဆက်ကြိုးစားနေမလား၊ တပ်မတော်ခေါင်းဆောင်တွေ ယုံကြည်မှုရအောင်၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် သူ့ရဲ့ သေနင်္ဂဗျူဟာကို ပြောင်းမလား ပြန် စဉ်းစားသုံးသပ်ဖို့ အချိန်ရောက်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Thursday, November 27, 2014

ဇူလိုင် ၁၂ ရက်က သမ္မတနှင့် အနုပညာရှင်များတွေ့ဆုံပွဲသို့ လာရောက်သည့် သတင်းသမားအချို့အား ရဲတပ်ဖွဲ့က တားဆီးနေစဉ် (ရဲတပ်ဖွဲ့သည် ရန်ကုန်မြို့နှင့် အခြားမြို့များတွင် အများအားဖြင့် လုံခြုံရေးကိစ္စများ၊ ဆန္ဒပြမှုကိစ္စများနှင့်ပတ်သက်၍သာ အဓိကဖြေရှင်းလုပ်ဆောင်နေရခြင်း၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ တို့နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်နေရသောကြောင့် အခြားရာဇ၀တ်မှုနှင့် တရားဥပဒေစိုးမိုးမှုအတွက် လုပ်ဆောင်ရာတွင် လိုအပ်ချက်အချို့ရှိနိုင်ကြောင်း သိရသည်။)

မြန်မာနိုင်ငံတွင် ပြန်တမ်းဝင်တရားခံပြေးနှင့် ပြန်တမ်းမဝင်တရားခံပြေး တစ်သောင်းကျော်ရှိနေကြောင်း ဇူလိုင် ၁၅ ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၌ ပြုလုပ်သည့် သတင်းမီဒီယာများနှင့် ဆွေးနွေးပွဲတွင် မှုခင်းဌာနန်ကြားရေးမှူး ရဲမှူးကြီးအုန်းခိုင်က ပြောကြားခဲ့သည်။

တရားခံပြေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ တရားစွဲတင်သည့် တရားခံကို ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အရ အတည်ပြုဆောင်ရွက်ရာတွင် တရားရုံးမှ တရားခံပြေးအဖြစ် သတ်မှတ်၍ အမှုအား ပိတ်သိမ်းထားကြောင်း၊ ရဲတပ်ဖွဲ့စခန်းမှ တရားခံပြေးကို ပြန်လည်ဖမ်းဆီးရမိရေး တရားစွဲတင်သောအခါ တရားရုံးကနေ အမှုအားပြန်ဖွင့် စစ်ဆေးရကြောင်း၊ ရဲစခန်း၌ရှိသော တရားခံပြေးမှတ်ပုံတင်မှာ သတ်မှတ်ချက်ပါအတိုင်း ရေးသွင်းပြီး တရားခံပြေးရောက်ရှိနိုင်မည့် အရပ်ဒေသရှိ ရဲစခန်းများတွင် တရားခံပြေးဖမ်းဆီးဆောင်ရွက်နိုင်ရေးအတွက် တရားခံပြေးပုံစံများကို ပေးပို့ရကြောင်း ရဲမှူးကြီးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် တရားခံလေးမျိုးရှိသည့်အနက် မိမိရဲစခန်းမှ အလိုရှိသောပြန်တမ်းဝင်တရားခံပြေး၊ အခြားရဲစခန်းများမှအလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ မိမိရဲစခန်းမှ အလိုရှိသော ပြန်တမ်းမဝင် တရားခံပြေးနှင့် အခြားရဲစခန်းများမှ အလိုရှိသော ပြန်တမ်းမဝင် တရားခံပြေးဟူ၍ရှိကြောင်း၊ အဆိုပါလေးမျိုးတွင် ၁၉၈၆ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် ဇွန်လကုန်ထိ ပြန်တမ်းဝင်တရားခံပြေး ၉၁ဝ ဦး၊ ပြန်တမ်းမဝင်တရားခံပြေး ၁၂၄၉၄ ဦး စုစုပေါင်း ၁၃၄ဝ၄ ဖြစ်ကြောင်း သိရသည်။

ပြန်တမ်းဝင်တရားခံပြေးကို တရားစွဲတင်သောအခါတွင် ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ဖြစ်သော လူသတ်မှု၊ ဓားပြ မှု၊ မုဒိမ်းမှု၊ လူပြန်ပေးမှု၊ မူးယစ်ဆေးဝါး မှု၊ ငွေစက္ကူအတုပြုလုပ်မှု၊ လုယက်မှု၊ အိမ်ဖောက်ထွင်းမှု၊ ခိုးမှု၊ ယုံမှတ်အပ်နှံရေးဖောက်ဖျက်မှု၊ လိမ်လည်မှု၊ အလွဲသုံးစားမှုကျူးလွန်သူများကို ပြစ်မှုပြန်တမ်းတွင် ထည့်သွင်းကြေညာရကြောင်း ပြစ်မှုပြန်တမ်းတွင် မှုခင်းရဲတပ်ဖွဲ့မှ တစ်လတစ်ကြိမ် ထုတ်ပြန်ခဲ့ပြီး ပြစ်မှုပြန်တမ်းတွင် ထည့်သွင်းခြင်းမရှိသော တရားခံပြေးများကို ပြန်တမ်းမဝင် တရားခံပြေးဖြစ်ကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၁၆ အရ တရားခံပြေး လက်သင့်ခံသူကို တရားခံပြေး ကျုးလွန်ခဲ့သည့် ပြစ်မှုနှင့် သေဒဏ်ထိုက်သည့်ပြစ်မှုဖြစ်လျှင် ထောင်ဒဏ်ခုနစ်နှစ်အထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း၊ တရားခံပြေးသည် တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေချမှတ်နိုင်သည့်ပြစ်မှုကို ကျုးလွန်သူဆိုလျှင် သုံးနှစ်အထိထောင်ဒဏ်၊ ငွေဒဏ် အကယ်၍ တစ်နှစ်မှ ၁ဝနှစ်အထိ ထောင်ဒဏ်ထိုက်သင့်သည့် ပြစ်မှုဖြစ်လျှင် ထိုပြစ်မှု၏ ချမှတ်နိုင်သောကာလအပိုင်းအခြား၏ လေးပုံတစ်ပုံသော ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်နိုင်ကြောင်း သိရသည်။

ယခုနှစ်ပိုင်းအတွင်း ရဲတပ်ဖွဲ့အနေဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရန် လုပ်ဆောင်မှုများရှိသော်လည်း ဝေဖန်မှုအချို့နှင့် ရင်ဆိုင်နေရသည်။ ရဲတပ်ဖွဲ့သည် ရန်ကုန်မြို့နှင့် အခြားမြို့များတွင် အများအားဖြင့် လုံခြုံရေးကိစ္စများ၊ ဆန္ဒပြမှုကိစ္စများနှင့်ပတ်သက်၍သာ အဓိကဖြေရှင်းလုပ်ဆောင်နေရခြင်း၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅ဝ၅ တို့နှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်နေရသောကြောင့် အခြားရာဇဝတ်မှုနှင့် တရားဥပဒေစိုးမိုးမှုအတွက် လုပ်ဆောင်ရာတွင် လိုအပ်ချက်အချို့ရှိနိုင်ကြောင်း သိရသည်။

အင်အားပြင်း Rammasun မုန်တိုင်းဒဏ် ဖိလစ်ပိုင်အသင့်ပြင်

Rammasun တိုင်ဖုန်း မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင် ကမ်းရိုးတန်း ဘက်ကို အင်္ဂါနေ့မှာ စတင် ဝင်ရောက် ခဲ့တာကြောင့် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။ မိုးသည်းထန်စွာ ရွာနေပြီး လေပြင်း တွေနဲ့ အတူ တိုင်ဖုန်း မုန်တိုင်းဟာ မနီလာမြို့တော် ရှိရာဘက်ကို ဦးတည် တိုက်ခတ် နေပါတယ်။

မုန်တိုင်းဝင်မယ်လို့ ခန့်မှန်းထားတဲ့ ဗုဒ္ဓဟူးနေ့အတွင်း မနီလာမြို့တော်ထဲက အစိုးရရုံးတွေ၊ ကျောင်းတွေကို ပိတ်ထားဖို့ သမ္မတ Benigno Aquino က အမိန့်ထုတ်ထားပါတယ်။ အနောက်မြောက်ဘက်ကို ဦးတည်သွားနေတဲ့ မုန်တိုင်းအရှိန်ဟာ အားလျော့မသွားဘဲ ပိုအရှိန်ပြင်းလာခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသဌာနချုပ်က ပြောပါတယ်။ လေတိုက်နှုန်းက တစ်နာရီ မိုင် ၉၀ ကျော်၊ လေပြင်းတိုက်နှုန်း တစ်နာရီ ၁၁၅ မိုင်လောက် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

အင်္ဂါနေ့ မုန်တိုင်းဝင်မလာခင်ကတည်းက ပြည်တွင်းလေကြောင်းခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ပြီး သင်္ဘောလမ်းကြောင်းတွေကိုလည်း ပိတ်ခဲ့တဲ့အတွက် ကတို့သင်္ဘောစီးမယ့် ခရီးသည်ရာနဲ့ချီ ဆိပ်ကမ်းတွေမှာ သောင်တင်နေပါတယ်။ ရေကြီး မြေပြိုနိုင်တဲ့နေရာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေကိုလည်း အာဏာပိုင်တွေက အရေးပေါ် ကယ်ဆယ်ရေးစင်တာတွေဆီ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

ပြည်သူ ၄၃ သန်းလောက် Rammasun တိုင်ဖွန်းမုန်တိုင်းဒဏ် ခံရနိုင်တယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ခန့်မှန်းထားကြောင်း ကုလသမဂ္ဂကပြောပြီး ကူညီကယ်ဆယ်ရေးအတွက် အခြေအနေကို စောင့်ကြည့်နေပါတယ်။ ဟိုင်ယန်မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရတဲ့ နိုဝင်ဘာလကတည်းက ဆိုရင် ဖိလစ်ပိုင်မှာ အင်အားပြင်း Rammasun တိုင်ဖုန်းမုန်တိုင်း ပထမဆုံးအကြိမ် ဝင်ရောက် တိုက်ခတ်နေတာ ဖြစ်ပါတယ်။

လေယာဉ်ဘရိတ်စနစ်ကြောင့် ဆာဘီးယားခရီးသည်များ လေယာဉ်ဆင်းတွန်းရ

ဆာဘီးယားနိုင်ငံတွင် ခရီးသည်များသည် လေယာဉ်၏ ဘရိတ်စနစ် ချွတ်ယွင်းမှုကြောင့် လေယာဉ်ကို ဆင်းတွန်းခဲ့ရ ကြောင်း Sky news သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အေးခဲသည့် ရာသီဥတုကြောင့် လေယာဉ် သောင်တင် နေသည့် အတွက် ခရီးသည်များက အပူချိန် အနုတ် ၅၂ စင်တီဂရိတ်အောက် တွင် လေယာဉ်ကို ၀ိုင်းတွန်း ခဲ့ကြရခြင်း ဖြစ်သည်။

အွန်လိုင်းတွင် တင်ထားသည့် ဗီဒီယိုတွင် ဆာဘီးယားရှိ နှင်းများ ဖုံးလွှမ်းနေသော ပြေးလမ်းတစ်လျှောက် Tupolev လေယာဉ်အား ခရီးသည်များ ၀ိုင်းတွန်းနေကြ သည်ကို တွေ့မြင်ရသည်။

အင်္ဂါနေ့က အိုင်ဂါကာမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ အနောက်ဆာဘီးယားရှိ သယ်ယူပို့ဆောင်ရေး အာဏာပိုင်များက စုံစမ်းစစ်ဆေး လျက်ရှိသည်။

UTair လေကြောင်း အုပ်စုမှ ပိုင်ဆိုင်သည့် အဆိုပါလေယာဉ်တွင် ခရီးသည် ၇၄ ဦး စီးနင်းလိုက်ပါခဲ့ခြင်းဖြစ်သည်။

“လေယာဉ်က ပြေလမ်းမှာ ၂၄ နာရီလောက် ရပ်နေခဲ့ရတာ၊ လေယာဉ်မှူးက လေယာဉ်ဘရိတ်ကို ဖြုတ်လို့ မရဘူးတဲ့လေ။ နောက်တော့မှသိတာက လေယာဉ်ဘရိတ်က အေးခဲပြီး ကြပ်နေလို့ တင်မရတာတဲ့”ဟု လေကြောင်း နည်းစနစ်ဒါရိုက်တာ ဗလာဒီမာအာမန်ကိုက ထုတ်ဖော်ပြောဆိုခဲ့သည်။

ခရီးသည်များ၏ လုပ်ရပ်က ရုရှားမီဒီယာများတွင် ပြောစမှတ်တွင်သည့် သတင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး လူအများက ချီးကျူး ပြောဆိုလျက်ရှိသည်။

အဆိုပါလေယာဉ်သည် အိုင်ဂါကာလေဆိပ်မှ ထွက်ခွာကာ ဆာဘီးယားနိုင်ငံ ခရာစနိုယာ့ခ်မြို့သို့ ချောမောစွာရောက်ရှိခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သည့် နှစ်နှစ်ကမူ လေယာဉ်တောင်ပံများ အေးခဲနေမှုကြောင့် UTair မှ လေယာဉ်တစ်စီး ပျက်ကျကာ လူပေါင်း ၂၉ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် ပထမဆုံး မြန်မာခရီးစဉ် စတင်မည်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေး အထူး ကိုယ်စားလှယ်သစ် ဖြစ်သူ မစ္စ ယန်ဟီလီ (Yanghee Lee) က သူရဲ့ပထမဆုံး ခရီးစဉ်အဖြစ် လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့ ကနေ ၂၆ ရက်နေ့  ထိ မြန်မာနိုင်ငံကို လာရောက်ပြီး လူ့ အခွင့်အရေး အခြေအနေတွေ စုံစမ်းလေ့လာ မယ်လို့ ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ရုံးက ထုတ်ပြန်လိုက်ပါတယ်။

ခရီးစဉ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အပြင် မန္တလေးမြို့  ကိုလည်း သွားမယ် လို့ ဆိုပါတယ်။ ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်မှာဖြစ်သလို၊ သူ့ လေ့လာတွေ့  ရှိချက်ကို အစီရင်ခံ စာတစောင်ရေးသားပြီး ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြရမှာဖြစ်ပါတယ်။

ရေအောက်မြို့တော် တည်ဆောက်ရန် ဂျပန်ကုမ္ပဏီ တစ်ခုစီစဉ်

ဂျပန် ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Shimizu Corp က ရေအောက်မြို့တော် Ocean Spiral ကို တည်ဆောက် နိုင်ရန် အစိုးရထံ ခွင့်ပြုချက် တောင်းခံထားပြီး ငါးနှစ်အတွင်း အပြီး တည်ဆောက် နိုင်မည့် Ocean Spiral တွင်လူပေါင်း ၅ဝဝဝ နေထိုင် နိုင်မည်ဖြစ်ကာ ၄င်းတို့အတွက် လိုအပ်သော လျှပ်စစ် ဓာတ်အား ကိုလည်း ပင်လယ်ကြမ်းပြင် မှ ထုတ်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ပင်လယ် ရေမျက်နှာပြင် မြင့်တက် လာရာဝယ် ကမ္ဘာ့ကျွန်း နိုင်ငံငယ်ပေါင်း ၅၂ နိုင်ငံတို့ အတွက် ဖြစ်ပေါ်လာမည့် အနာဂတ် အန္တရာယ် အတွက် အရေးပေါ် မြို့တော်အဖြစ် ရည်ရွယ် တည်ဆောက်ရန် ဖြစ်သည်။

Ocean Spiral ကို တည်ဆောက်ရန် နည်းပညာကို အချိန် ၁၅ နှစ်ကြာ သုတေသန ပြုလုပ် ရဦးမည်ဖြစ်ပြီး ကုန်ကျစရိတ် မှာလည်း အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံ ထက်မနည်း ရှိမည်ဖြစ်သည့် အတွက် Shimizu သည် တိုကျို တက္ကသိုလ် အပါအဝင် ဂျပန်စွမ်းအင် ကုမ္ပဏီများ၏ နည်းပညာ အကူအညီဖြင့် Ocean Spiral ကို တည်ဆောက် သွားမည်ဖြစ်ပြီး ကုန်ကျစရိတ် ကိုမူ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု နှင့် ဂျပန်အစိုးရ တို့၏ ထောက်ပံ့ ကူညီမှုတို့ အပေါ် အားကိုး အားထား ပြုသွားမည် ဖြစ်သည်။

Ocean Spiral ရေအောက်မြို့တော် ကို အပိုင်းသုံးပိုင်း ခွဲထားမည် ဖြစ်ပြီး ထိပ်ပိုင်းတွင် စက်ဝိုင်းပုံ တည်ဆောက်မည် ဖြစ်ကာ သမုဒ္ဒရာ ရေမျက်နှာ ပြင်အောက် ကပ်လျက် အနေအထားတွင် ထားရှိမည် ဖြစ်ပြီး ယင်း စက်ဝိုင်းပုံ ထဲတွင် နေအိမ်များ၊ ကုမ္ပဏီ ရုံးခန်းများ၊ ဟိုတယ်များ တည်ရှိမည် ဖြစ်သည်။ ယင်းစက်ဝိုင်းကို ဒေါက်ဖြင့် ထောက်ထားမည် ဖြစ်ပြီး အရှည် ၁၅ ကီလိုမီတာ ရှိသော ခရုပတ်ပုံ လမ်းကြောင်း အတိုင်း ရေအောက် ကြမ်းပြင်သို့ ဆင်းသွားမည် ဖြစ်ကာ ရေအောက် ကြမ်းပြင် အောက်အနက် လေးကီလိုမီတာ အထိ ဖောက်ဝင် ကုတ်တွယ် ထားမည် ဖြစ်သည်။

ရေအောက် ကြမ်းပြင်တွင် ဂေဟ စနစ်ကို ထိန်းသိမ်း ပေးနိုင်သော ကမ္ဘာ့စက်ရုံ တည်ရှိမည်ဖြစ်ကာ မိုက်ခရို ဗက်တီးရီးယား များကို အသုံးပြုကာ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို မီသိန်း ဓာတ်ငွေ့ ဖြစ်အောင် ပြောင်းယူမည် ဖြစ်ပြီး ခရုပတ်ပုံတွင် တပ်ဆင် ထားရှိသော မီးစက်များကို မောင်းနှင်မည် ဖြစ်သည့်အပြင် မီးစက်များက ပင်လယ်ရေ အပူချိန် ပြောင်းလဲမှုကို လည်း အသုံးပြုကာ သီးခြား စွမ်းအင် ထုတ်ပေးမည် ဖြစ်သည်။ ရေအောက် မြို့တော် အတွက် သောက်သုံးရေ ကိုမူ ပင်လယ်ရေကို ဆားဓာတ် နုတ်ကာ ဟိုက်ဒရောလစ် ပန့်များဖြင့် ပို့ဆောင်ပေးမည် ဖြစ်သည်။

''ဒါဟာ ကယောင်ကတမ်း မက်တဲ့ အိပ်မက် မဟုတ်ပါဘူး။ တကယ် လက်တွေ့ ဆောင်ရွက် သွားမယ့် ရေအောက်မြို့တော် စီမံကိန်း ဖြစ်ပါတယ် ... '' ဟု Shimizu ကုမ္ပဏီ မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပြခဲ့ကြောင်း သိရသည်။

၆ ပွင့်ဆိုင် တွေ့ဆုံပွဲအတွက် တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင်ကို ရွေးချယ်

၆ ပွင့်ဆိုင် တွေ့ဆုံပွဲအတွက် တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ရခိုင် အမျိုးသားပါတီ ဥက္ကဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကို ဒီနေ့ ရွေးချယ်လိုက်ပါတယ်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်တွေတွေ့ဆုံပြီး လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Tuesday, November 18, 2014

အသုံးဝင်သေးသော

အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေပြီဖြစ်တဲ့ နည်းပညာခေတ်ကြီးထဲမှာ အရာရာတိုင်းဟာလည်း
ပြောင်းလဲမှုအသစ်အဆန်းတွေနဲ့ တွေ့ကြုံနေကြ ရပါတယ်။ ဒီလိုပြောင်းလဲလာတဲ့အတွက် တချို့
သောနည်းပညာတွေဟာဆိုရင် လက်ရှိ အချိန်နဲ့ ကိုက်ညီမှုမရှိတော့တာကို တွေ့နေရမယ့် ယခုလ
က်ရှိ အချိန်အထိ ဆက်လက်အသုံးဝင်နေဆဲ နည်းပညာတွေနဲ့ ထုတ်ကုန်ပစ္စည်းတွေလည်း ကျန်ရှိေ
နပါသေးတယ်။ ဒါကြောင့်မို့ ခေတ်နဲ့အညီ ပြောင်းလဲ တိုးတက်နေတဲ့ စာဖတ်သူတွေ အနေနဲ့လ
ည်း ကိုယ်တိုင်က နည်းပညာခေတ်ကို အမီလိုက်နေသူလား၊ ခေတ်နောက်ကျနေသူလား ဆိုတာကို
ဆန်းစစ်ကြည့်နိုင်ဖို့ ခေတ်ကုန်နေပေမယ့် ဆက်လက်ပြီး အသုံးဝင်နေဆဲ နည်းပညာဆယ်ခုကို ဖေ
ာ်ပြပေးလိုက်ပါတယ်။
(၁) လက်ပတ်နာရီ
လူတိုင်းဆဲလ်ဖုန်းကိုင်ဆောင်နေတဲ့ခေတ်ကြီးထဲမှာ လက်ပတ်နာရီတွေဟာ မလိုအပ်တော့တဲ့ပစ္စည်
းတစ်ခုအဖြစ် တချို့တွေက သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် အချိန်နာရီသိရှိလိုတဲ့ အခါတိုင်း
အိတ်ထဲမှာ ရောက်နေတဲ့ ဖုန်းကို ထုတ်ပြီး ကြည့်ခြင်းထက် လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ နာ
ရီကို ကြည့်ခြင်းက သင့်အတွက် ပိုမိုအဆင်ပြေစေပါလိမ့်မယ်။
(၂) Dedicated GPS
နောက်ပိုင်းထွက်ပေါ်လာတဲ့ စမတ်ဖုန်းအများစုမှာ built-in GPS စနစ်ပါဝင်လာတာကြောင့်
dedicated GPS device တွေဟာလည်းဒ အသုံးပြုမှု နည်းပါးလာပါတယ်။ ဒါပေမယ့်လည်း
ကားအတွင်းမှာ အသုံးပြုတဲ့ in-dash GPS နဲ့ အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်တဲ့
portable GPS တွေဟာ စမတ်ဖုန်းတွေထက် ကားမောင်းနေစဉ်မှာ အသုံးပြုရတာ ပိုမို လွယ်
ကူအဆင်ပြေစေသလို dedicated GPS ထုတ်လုပ်သူတွေကလည်း ၎င်းတို့ရဲ့ မြေပုံတွေကို အမြဲ
update ပြုလုပ်ပေးလေ့ရှိပါတယ်။
(၃) ဒီဂျစ်တယ်ကင်မရာ
ဆဲလ်ဖုန်းအများစုမှာ built-in ကင်မရာတွေ ပါရှိလာတာကြောင့် ဖုန်းတစ်လုံးကိုယ်နဲ့ မကွာရှိ
နေပြီဆိုရင် ဒီဂျစ်တယ်ကင်မရာမရှိလည်း ဖြစ်နေပါပြီလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဖုန်းမှာ
အသုံးပြုထားတဲ့ ကင်မရာရဲ့ resolution က ဘယ်လောက်ပဲ မြင့်မားကောင်းမွန်နေပါစေ ဒီ
ဂျစ်တယ် ကင်မရာ တစ်လုံးရဲ့ စွမ်းဆောင်နိုင်မှုတွေကိုတော့ မယှဉ်နိုင်တာကို သတိရသင့်ပါတယ်

(၄) အိတ်ဆောင်ဗီဒီယို ကင်မရာငယ်
ဖုန်းအများစုနဲ့ ဒီဂျစ်တယ်ကင်မရာ အမျိုးအစားသစ်တွေဟာ ယခုအချိန်မှာ အဆိုပါ အိတ်ဆောင်
ဗီဒီယိုကင်မရာငယ်တွေထက် စွမ်းဆောင်ရည် ပိုမို ကောင်းမွန်နေပါပြီ။ ဒါပေမယ့် အားကစား
ပွဲတွေကို ရိုက်ကူးမှတ်တမ်းတင်ခြင်းနဲ့ ပတ်ဝန်းကျင် မြေအနေအထားကြမ်းတမ်းတဲ့ နေရာဒေသ
တွေမှာ ရိုက်ကူးခြင်းတွေအတွက်ဆိုရင်တော့ ၎င်း အိတ်ဆောင်ဗီဒီယိုကင်မရာငယ်တွေကို ဆက်
လက်အသုံးပြုနေရဦးမှာ ဖြစ်ပါတယ်။
(၅) Local Storage
နည်းပညာတိုးတက်ပြောင်းလဲလာမှုနဲ့အတူ အချက်အလက်တွေကို သိမ်းဆည်းဖို့အတွက် cloud
storage နည်းပညာလည်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် အသုံးပြုသူတွေအနေနဲ့ ယခုလက်
ရှိအချိန်အထိ cloud storage မှာ အချက်အလက်တွေကို သွားရောက်သိမ်းဆည်းခြင်းထက် ကို
ယ်ပိုင် ကွန်ပျူတာတွေထဲမှာရှိတဲ့ Local storage တွေမှာပဲ သိမ်းဆည်းခြင်းကို ဆက်လက်ပြုလု
ပ်နေကြပါတယ်။ အကြောင်းတစ်စုံ တစ်ခုကြောင့် ကွန်ရက် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ရင်
Local Storge ထဲမှာရှိနေတဲ့ အချက်အလက်တွေကို ဆက်လက်အသုံးပြုနိုင်စေပါလိမ့်မယ်။
(၆) အိတ်ဆောင်ကွန်ပျူတာ
ယခုနှစ်အစပို်င်းလောက်မှာပဲ tablet ကွန်ပျူတာတွေဟာ laptop ကွန်ပျူတာတွေရဲ့ နေရာကို
အစားထိုးဝင်ရောက်လာပြီလို့ ဆိုကြပါတယ်။ Tablet တွေကို အဆင့်မြင့်နည်းပညာတွေ အသုံြး
ပုပြီး ထုတ်လုပ်ထားပေမယ့် table တွေ မစွမ်းဆောင်နိုင်တဲ့ အခြားလုပ်ငန်းစဉ်တွေလည်း ရှိေ
နပါသေးတယ်။ ဒါကြောင့်မို့ လုပ်ငန်းစဉ် အတော်တ်ေများများကို လုပ်ဆောင်ပေးနိုင်ပြီး ကီးဘု
တ်နဲ့ အသုံးပြုနိုင်တဲ့ laptop ကွန်ပျူတာတွေက လက်ရှိအချိန်ထိ ရေပန်းစားနေဆဲပါပဲ။
(၇) အိတ်ဆောင်ဖျော်ဖြေရေးပစ္စည်းများ
အဆင့်မြင့် စမတ်ဖုန်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် အလွယ်တကူသယ်ဆောင် အသုံးပြုနိုင်တဲ့
အိတ်ဆောင်ဖျော်ဖြေရေး ပစ္စည်းတွေ သုံးစွဲမှုဟာလည်း လျော့ကျလာပါတယ်။ အိတ်ဆောင်ဖျော်
ဖြေရေးပစ္စည်းတွေရဲ့ အားသာချက်က storge capacity ပိုမို များပြားခြင်းနဲ့ ဘက်ထရီသုံးစဲ
ွမှု နည်းပါးခြင်းတို့ပဲ ဖြစ်ပါတယ်။ ဖျော်ဖြေမှုစနစ်တွေကို အပြည့်အဝခံစားနိုင်ဖို့ အတွက်ကတေ
ာ့ အိတ်ဆောင်ဖျော်ဖြေရေးပစ္စည်းတွေကို ဆက်လက်အသုံးပြုနေရဦးမှာပါ။
(၈) Blu-ray Disc
ဖျော်ဖြေရေးကွန်ရက်တွေပေါ်ကတစ်ဆင့် ရုပ်ရှင်တွေကို တိုက်ရိုက်ကြည့်ရှုနိုင်နေပြီဖြစ်ပေမယ့်
အကြောင်းတစ်စုံတစ်ရာကြောင့် ကွန်ရက်ပြတ်တောက်ခြင်း၊ နှေးကွေးခြင်းတွေ ဖြစ်ခဲ့မယ့်ဆိုရ
င် ၎င်း ရုပ်ရှင်ရဲ့အရသာကို အပြည့်အဝ ခံစားရမှာ မဟုတ်ပါဘူး။ Blu-ray disc တွေကသ
ာ ရုပ်ရှင်ရဲ့ အရသာကို အပြည့်အဝ ခံစားရစေပါလိမ့်မယ်။
(၉) Non-smartphone
စမတ်ဖုန်းတွေဟာ နည်းပညာတွေ အလွန်အဆင့်မြင့်လာတာကြောင့် ငယ်ရွယ်သူတွေအတွက် နှ
စ်ခြိုက်စရာ၊ တပ်မက်စရာ နည်းပညာထုတ်ကုန်သစ် တစ်မျိုးဖြစ်ပေမယ့် အသက်အရွယ်ကြီးရင့်သူ
တွေအတွက်တော့ အသုံးပြုရာမှာ အခက်အခဲဖြစ်စေရုံကလွဲပြီး တပ်မက်ဖွယ်မကောင်းတာကိုေ
တွ့ရပါတယ်။ ဒါကြောင့်မို့ အလွယ်တကူအသုံးပြုနိုင်တဲ့ non-smartphone တွေကို ဆက်လက်
အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။
(၁၀) အထိုင်ဖုန်း
အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ ဆဲလ်ဖုန်းတွေကို လူတိုင်းကိုင်ဆောင်အသုံးပြုလာပြီးတဲ့နော
က် အထိုင်ဖုန်းအသုံးပြုမှုလည်း နည်းပါးလာခဲ့ပါတယ်။ အချို့ လူနေထူထပ်တဲ့ နေရာတွေမှာဆိုရ
င် ဖုန်းလိုင်းမမိတဲ့ ပြဿနာတွေ ဖြစ်လေ့ရှိတာကြောင့် အထိုင်ဖုန်းတွေဟာလည်း အရေးကြီးကိစ္စေ
တွအတွက် မရှိမဖြစ် လိုအပ်နေပါသေးတယ်။

Saturday, November 15, 2014

the day after

တနေ့ထက် တနေ့ဟာ မိမိတို့က တန်ဖိုးလျှော့လျှော့ကျလာတာပါဘဲ။ ဘာအလှ မာန အတ္တ ခန္ဓာကိုယ်လုံ
ကမှ တန်ဖိုးတက်မလာဘူး။ အလှမာန်တွေတက်နေတဲ့ မင်းသမီးလေးတယောက် သံဝေဂရစေခဲ့တဲ့ ဇ
ာတ်တော်တခုရှိပါတယ်။ မင်းသမီးတပါးဟာ ချစ်ညားခါစ ခင်ဗွန်းဆုံပြီး မကြာခင်မှာဘဲ ပျိုမြစ်လှပ
တုန်းဖြစ်တဲ့ မင်းသမီးထံ မင်းသားတပါးက ရွှေလင်ပန်းတချပ် လက်ဆောင်ပေးပြီး သူ့ကိုလက်ဆက်ဖို
့ပြောတယ်။ မင်းသမီးက ငြင်းပယ်လိုက်ပါတယ်။ မင်းသားက လက်မလျှော့ဘဲ ဒုတိယနေ့ကျတော့ ငွေ
လင်ပန်းကို လက်ဆောင်ပေးပြီ လက်ဆက်ခွင့်တောင်းပြန်တယ်။ ဒါလည်း မင်းသမီးက ထပ်ငြင်းပယ်
လိုက်တယ်။
တတိယနေ့ကျပြန်တော့ ကြေးလင်ပန်းနဲ့ လက်ဆက်ခွင့်တောင်းတော့ မင်းသမီးက အကြီးအကျယ်ဒေါ
သထွက်ပြီ ပြောလိုက်တယ်။ တကယ်ဆိုရင် တနေ့ထက် တနေ့ တန်ဖိုးများသထက်များတာနဲ့ပဲ လာလက်
ဆက်ခွင့်တောင်းသင့်တယ်။ အခုတော့ တနေ့ထက်တနေ့ တန်ဖိုးနည်းသထက်နည်းတာကိုပေးပြီး လ
က်ဆက်ဆိုတော့ သူ့ အလိုကို ဘယ်သူလိုက်မှာလဲလို့ပြောလိုက်တယ်။ ဒီတော့ မင်းသားက အသင်မင်းသ
မီး ငါဟာ အသိဥာဏ်ရှိသူသာဖြစ်တယ် ၊သင့်ခန္ဓာကိုယ် ဆုတ်ယုတ်မူအတိုင်းလိုက်ပြီ လက်ဆောင်ထိုးတ
ာဖြစ်တယ်။ သင်ဟာ တနေ့ထက်တနေ့ အိုးပြီတော့ပဲလာတယ်။ ပျိုပြီတော့လာတာမဟုတ်။
ဒါကြောင့်သင့်ရဲ့တန်ဖိုးဟာလည်း တဖြည်းဖြည်းကျလာနေတာဖြစ်တယ်။ ဒါကြောင်း လက်ဆောင်ကို
တန်ဖိုးလျှော့လျှာ့ ပေးသွားတာပြောလိုက်မှ မင်းသမီးက တရားသဘောအပေါ် လင်းကနဲဖြစ်သွားပါ
တယ်နော်။ ငါဟာ သင် အလှမာန်တွေတက်ပြီ ကုသိုလ်တရားတွေကို မေ့နေမှာစိုးလို သတိပေးတာသ
ာဖြစ်တယ်တဲ့။ ဒီဇာတ်တော်က မင်းသားပြောသလို ကျနော်တို့တွေဟာ တေဇောဓာတ်မီးရဲ့ အမြဲလော
င်မြိုက်နေမူကြောင့် တနေ့ထက်တနေ့ အိုလာခြင်း ဇရာတရားက အမြဲနှိပ်စက်နေပါတယ်။

Democracy

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ရပ်တန့်သွားတဲ့ အကြောင်းအရာများ (၄)
ဒီမိုကရေစီစနစ်ဖြစ်ချင်ပေမယ့် ဒီမိုကရေစီရဲ့အဓိပ္ပာယ်ကို နားလည်သူနည်းပါးတယ်။ လူထုကကိုယ်
ဘာလိုနေတယ်ဆိုတောင်မသိပဲနဲ့ ဆက်သွားနေတယ်။
၁။ ဒီမိုကရေစီပေးလိုက်တာနဲ့ ကျန်တဲ့ကိစ္စတွေအကုန်အဆင်ပြေသွားမယ်လို့ စဉ်းစားတဲ့သူများတယ်။
ဒီမိုကရေစီကပေးလို့ရတဲ့ကိစ္စမဟုတ်ပါဘူး ။ ပညာအရည်အချင်းမြှင့်တင် ၊ စီးပွားရေးတိုးတက် ၊ ဥ
ပဒေစီရင်ရေးအပိုင်းကိုကောင်းအောင်ပြင်ဆင် စတဲ့ဒီမိုကရေစီရဲ့ အခြေခံမရှိပဲရလာတာက ဒီမိုက
ရေစီရဲ့ အိပ်မက်ပဲဖြစ်မယ်။
၂။ လူထုပညာမမြှင့်တင်ပဲ လက်ရှိလူဘိန်းကြိုက် လုပ်ဆောင်ချက်ကအစိုးရ တင်မဟုတ်ပဲ ဆန့်ကျင်ဘက်
အုပ်စုတွေကလည်း ဒီလိုပဲလုပ်နေတယ်။ ဥပမာ - အနည်းဆုံးလုပ်ခလစာ သတ်မှတ်ဆွေးနွေးပွဲမှာ ၃
သိန်း ၊ ၄သိန်း လို့သတ်မှတ်ချင်တဲ့ နိုင်ငံရေးသမားက အခြေခံစဉ်းစားညဏ်တခုလိုနေသလိုပဲ ။ စီးပွ
ားရေးမတိုးတက်ပဲနဲ့ ဒီလုပ်ခလစာငွေကြေးတွေက ကောင်းကင်ကကျလာတာလားလို့မေးချင်တယ်။
လူထုက ကြိုက်တယ် ၊ သူတို့ကိုနှစ်သက်တယ် ။ ဒါပေမယ့် စီးပွားရေးအမြင်နဲ့ဆိုရင် ဒါက ကိုယ့်နိုင်ငံ
ကိုတကယ်ပျက်စီးစေတဲ့လုပ်ဆောင်ချက်ပဲ။
၃။ ကိုယ့်နိုင်ငံက နှစ် ၅၀ လောက်ပိတ်ပင်ခံရပြီး အမှောင်ထဲမှာမျောနေတယ်လို့ပြောတယ် ၊ အခုခေ
တ်မှာထွန်းကားနေတဲ့ အင်တာနက်ကွန်ယက်မှာ မြန်မာစာနဲ့ သတင်းအချက်အလက်နည်းပညာရယူနိုင်
တဲ့ ဝက်ဘ်ဆိုက်ဒ်မထောင်နိုင်တော့ သူများပြောတိုင်းလိုက်ယုံရမလိုဖြစ်နေတယ် ။ ယခုခေတ်ရှုပ်ထွေး
နေတဲ့ နိုင်ငံခြားစီးပွားရေးပြိုင်ဆိုင်မှုထဲမှာပြိုင်ဘက်ကနေ ငွေကြေးထောက်ပံ့ထားတဲ့ လူအုပ်စုကသ
တင်းမီဒီယာလောကကိုစိုးမိုးသလောက်ဖြစ်နေတယ်။
လူထုအတွက်အကျိုးစီးပွားထည့်မတွက်ပဲ ကိုယ့်ဝင်ငွေကောင်းဖို့ပဲ ကြည့်တဲ့သူများတယ်။
၎။ ပညာရှင်အတွက်နေရာပိုပျောက်သွားတယ်။ အရင်စနစ်ဆိုးထဲတောင် အဘတယောက်ရအောင်စ
ည်းရုံးနိုင်ရင် အလုပ်ဖြစ်တယ်။ အခုက အဘလည်းကျန်နေသေးတဲ့အပြင် အဒေါ်တို့ အကိုကြီးတို့ ကျေ
ာင်းသူမတို့ ဘာတို့ကို လိုက်စည်းရုံးဖို့ပိုလာတယ်။

မျက်ကွင်းညိုခြင်း

မျက်ကွင်းညိုခြင်းကို သက်သာစေဖို့အတွက် .........
ရေများများသောက်ပေးပါ။ တနေ့လျှင် အနည်းဆုံး ဖန်ခွက်ကြီး ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်အထိသေ
ာက်ပါ။ ရေများများသောက်ခြင်းဖြင့် အသားအရေကို စိုပြေစေပါတယ်။
မျက်စိကို လက်နဲ့ ကြမ်းကြမ်းတမ်းတမ်း မပွတ်မိပါစေနဲ့။ ရေခဲသေတ္တာထဲတွင် အအေးခံထားသော
သခွါးသီး၊ ဒါမှမဟုတ် အာလူးကို အခွံနွှါ၍ အကွင်းလိုက်ပါးပါးလေးလှီးပြီး မျက်စိပေါ်တွင် တစ်နေ
့လျှင်၁၅ မိနစ်ခန့်  တင်ထားပေးပါ။
တခါသောက် (Ready made)လက်ဖက်ခြောက်ထုတ်လေးများကိုလည်း သောက်ပြီးပါက လွှင့်မပစ်
ဘဲ ရေခဲသေတ္တာတွင် အအေးခံပြီး မျက်စိပေါ်တွင် တင်ထားပေးနိုင်ပါတယ်။ ထောပတ်ဆီ သို့ မဟု
တ် သံလွင်ဆီကို မျက်စိဘေးပတ်လည်တွင် ညင်သာစွာ ပွတ်လိမ်းပေးပါ။
vitamin E ကဲ့သို့သော ကရင်မ် များကိုလည်း မျက်လုံးပတ်လည်တွင် လိမ်းပေးနိုင်ပါတယ်။ အိပ်ရေ
း၀၀အိပ်ပါ။ နေ့စဉ်ရက် ဆက် အိပ်ရေး ပျက်ခြင်းကြောင့်လည်း မျက်တွင်းချိုင့်လာပြီး မျက်ကွင်း ညို
သကဲ့သို့ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် ပုံမှန် အိပ်ရေး၀၀ အိပ်ဖို့ လည်း လိုအပ်လှပါတယ်။ စိ
တ်ဖိစီးမှုကင်းဝေးပါစေ။
ကွန်ပျူတာရှေ့၊ တီဗွီရှေ့တွင် တထိုင်တည်း အချိန်အတော်ကြာ မထိုင်မိပါစေနဲ့။ မျက်လုံးကို မကြာ
ဏ အနားပေးပါ။ မျက်စိကို နေရောင်နှင့် တိုက်ရိုက်မထိတွေ့ပါစေနှင့်။ နေရောင်နှင့် ထိတွေ့ခြင်း
ကြောင့် အရေပြားတွင် မယ်လနင် (melanin)များ ပိုမိုထွက်ရှိနိုင်ပြီး မျက်ကွင်းညိုခြင်းကို ပိုမိုဆိုးေ
စနိုင်ပါတယ်။
အရည်ရွှမ်းသော အသီးအနှံများနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို များများစားပေးပါ။
အထက်ပါအတိုင်းလိုက်နာလုပ်ဆောင်ပေးမယ်ဆိုပါက မျက်ကွင်း ညိုခြင်း ကို လျော့ကျ သက်သာစေနိုင်
ပါသည် ။

ရေတံခွန်များ

လှပကြော့ရှင်းမြန်မာ့အဖိုးတန်ရေတံခွန်ကြီးငါးခု
(၁)ဘုံတလာ ရေတံခွန်
ဘုံတလာ ရေတံခွန်သည်ချင်းပြည်နယ်၏ကျက်သရေဆောင်အရှည်ဆုံးရေတံခွန်ဖြစ်ပြီး
မတူပီမြို့၏၁၆မိုင်အကွာတွင်တည်ရှိပါသည်။
ဘုံတလာ ရေတံခွန်သည်အဆင့်ကိုးဆင့်ရှိပြီးအမြင့်ပေ၁၅၀၀ရှိပါသည်။
ဘုံတလာ ရေတံခွန်သည်အဆင့်ကိုးဆင့်ရှိသော်လည်းအဆင့်ငါးထိသာ
သွားရောက်နိုင်ပြီးကျန်အဆင့်များမှာသွားရောက်ရန်မလွယ်ကူသေးပါ။
(၂) ဆဒုံးရေတံခွန်
ဆဒုံးရေတံခွန် သည်ကချင်ပြည်နယ်မြစ်ကြီးနားမြို့နှင့် ၁၆ မိုင်ခန့်အကွာ ဆဒုံးမြို့နား တွင်တည်ရှိပါ
သည်။ဆဒုံးရေတံခွန် သည်ကချင်ပြည်နယ်၏ ကိုလိုနီခေတ်က နယ်ခြဲ့ များကို တော်လှန်ခဲ့ တဲ့  ဆဒုံးခံ
တပ်ဟောင်း တည်ရှိခဲ့ ရာ ဆဒုံးမြို့ နှင့်  မိုင်အနည်းငယ်မျှ ကွာဝေး
သည့် နေရာလေးမှာ တည်ရှိပြီး မြစ်ကြီးနားမှ ၀ိုင်းမော်၊ ၀ိုင်းမော်မှ ကန်ပိုက်တီ (တရုတ်နယ်စပ်)မြို
့သို့ ကုန်သွယ် ကူးသန်းရာ တရုတ် လုပ်သားများ လာရောက် ဖောက်လုပ်ထားသည့် လမ်းမကြီးဘေးမှာ
ပဲ တည်ရှိ နေပါသည်။ ဆဒုံးရေတံခွန် သည်အဆင့်ခုနှစ်ဆင့်ရှိပြီးအေးမြသော တောင်ကျရေများ ၂၄
နာရီစလုံး
စီးဆင်းနေပါသည်။
(၃) စိုင်းတင် ရေတံခွန်
စိုင်းတင်ရေတံခွန်သည် ရခိုင်ပြည်နယ် တွင်အကြီးမားဆုံး ရေတံခွန် တခု ဖြစ်ပြီး
ဘူးသီးတောင်မြို့ မှ အရှေ့ဘက် မိုင်(၃ဝ) အကွာတွင် တည်ရှိပါသည်။ ရေတံခွန်စီးဆင်းရာ၌ အဆင့်
ခုနှစ်ဆင့်နှင့်စီးဆင်းနေပြီး မြန်မာ့တန်ဖိုးကြီးသယံဇာတတစ်ခုဖြစ်ပါသည်။
(၄) ပွဲကောက်ရေတံခွန်
ပွဲကောက်ရေတံခွန်သည်မန္တလေးတိုင်းပြင်ဦးလွင်မြို့နယ်တွင်လားရှိုး - မန္တလေးသွားကားလမ်း နံေ
ဘးတွင် ရှိပါသည်။ပွဲကောက် ရေတံခွန်သည် ပေ ၃၀ အမြင့်ရှိပြီးအဆင့်လေးဆင့်ရှိပါသည်။
ပွဲကောက်ရေတံခွန်ကို B.E Waterfalls ဟုခေါ်ဆိုပါသည်။ဗြိတိလျှကိုလိုနီခေတ်ကမူ
Hampshire Falls ဟု ခေါ်ဆိုကြပါသည်။
(၅) ဓါတ်တော်ချိုင့် ရေတံခွန်
ဓါတ်တော်ချိုင့်ရေတံခွန် သည်အနီးစခန်းတွင်တည်ရှိပြီးပြင်ဦးလွင်-မန္တလေး ကားလမ်းမကြားတွင်ရှိ
ပါသည်။ဓါတ်တော်ချိုင့်ရေတံခွန် သည်အမြင့်ပေ ၁၂၂မီတာရှိပြီးအနက်မှာ၉၁မီတာရှိပါသည်။ဓါတ်ေ
တ်ာချိုင့်ရေတံခွန် သည်အဆင့်သုံးဆင့်
ရှိပြီးအောက်ခြေမှရေတံခွန်ထိပ်ထိမိနစ်ကိုးဆယ်ခန့်ကြာမြင့်ပါသည်။

စာလေးက ရှည်ပေမယ်ည့ ရသမြောက်တော့ ဆုံးအောင်ထိဖတ်ပေးစေချင်ပါတယ်

(စာလေးက ရှည်ပေမယ့် အရမ်းကို ရသမြောက်ပါတယ် ဖတ်ပေးကြပါဦး)
အချိန်မကျဘဲ ကြေမွသွားတဲ့ ပန်းတပွင့်
--------------------------------------------
“ ညဏ်လင်းထက်.......”
ရှေ့ကို ထွက်ခဲ့စမ်း ဆိုတဲ့ ဆရာမ စကားသံ အဆုံးမှာ ကျနော်ဟာ မ၀ံ့မရဲ တုန်ရီစွာနဲ့ အတန်းရှေ
့ကို ထွက်သွားလိုက်ပါတယ် ။
ပုံနှိပ်စာအုပ်ဖိုး နဲ့ ကျောင်းက အလှူအတွက် နင့်ဆီက ငွေမရလို့ တောင်းတာ ဘယ်နှခါ ရှိပြီးလည်း
။ လူလေး ကြည့်တော့ ငါးတန်းဘဲ ရှိသေးတယ်....
ငါ့ကိုတောင် အာခံချင်တာလား ။
" ကျနော့်တို့အိမ်က အဆင်မပြေသေးလို့ မပေးနိုင်သေးတာပါ ဆရာမ... " ဆိုတဲ့ ဖြေရှင်းချက်
ကို သိပ်ကြိုက်ပုံမရတဲ့ ဆရာမက
ဘာပြောတယ် .....ကျောင်းတော့ ထားပြီး စာအုပ်ဖိုးမှ မတတ်နိုင်ရင်လည်း ကျောင်းမထားချင်နဲ့လို
့ နင့်မိဘတွေကို ပြောလိုက် ။
ဘယ်လို မိဘတွေလည်း မသိပါဘူး..........ကျောင်းထားပြီး ကျောင်းက တောင်းတဲ့ငွေတော့ မပေ
းနိုင်ဘူး........ စိတ်ပျက်ဖို့ တကယ်ကောင်းတယ် ။
နင် ဒီနေ့ တနေကုန် မတ်တတ်ရပ်နေရမယ်....ငါက ထိုင်ဆိုမှ ထိုင်..............။ ကဲ .......အား
လုံး စာအုပ်ထုတ်.....
ဆရာမရဲ့ စကားသံ အဆုံးမှာ ကျနော့် အတန်းဖော် သူငယ်ချင်းများရဲ့ စူးစိုက်ပြီး ကြည့်နေတဲ့အြ
ကည့်များကို ရင်မဆိုင်ရဲလို့ မျက်နှာကို ခေါင်းငုံ့ထားရင်းက ကျလာတဲ့ မျက်ရည်များကို သုတ်ပစ်ဖို့
တောင် အားမရှိတော့ပါဘူး ။ ဖြစ်နိုင်ရင် ကျနော် ဒီနေရာက ဝေးရာကို ထွက်သွားချင်ပါတယ်
..........။ ဒီနေ့ ကျောင်းဆင်းချိန်ကလည်း ကြာလိုက်တာနော် တွေးမိရင်းက ဒုက္ခိတ အဖေနဲ့ ဈေ
းသည်အမေ ရဲ့ မျက်နှာကို ပြန်မြင်ယောင်ကာ ၀မ်းနည်းစွာ သက်ပြင်း ချကာ ကျောင်းဆင်းချိန်ကိုဘဲ
စောင့်စားနေလိုက်ပါတော့တယ်...။
ဒီတခါတော့ အမေ့ဆီ က ပိုက်ဆံရအောင် တောင်းမယ်လို့ စိတ်ကူးနဲ့ ပြန်လာရင်း အိမ်အရောက်
မှာ အဖေနဲ့ အမေရဲ့ အသံတိုးတိုးနဲ့ တိုင်ပင်သံကို ကြားမိပါတယ် ။
ရှင် ဒီအတိုင်းဆက်သွားရင်တော့ သိပ်မခံလောက်တော့ဘူး ထင်တယ်နော်......... ဆေးခန်းကို သွ
ားပြပါလား ကိုမြင့်ရယ်.။
မင်းလည်း ငွေရှိတာမှ မဟုတ်ဘဲ မပြချင်ပါဘူး မိန်းမရယ်..........ငွေမပါတဲ့ လူနာကို ဒေါသထွ
က်နေတဲ့ ကြည့်နေတဲ့ ဆရာဝန်ကို ရင်ဆိုင်ရတာထက် ငါ့ဟာငါဘဲ အသေခံလိုက်ပါတော့မယ်. ကွ
ာ... ဆိုတဲ့ အဖေ့ပြောစကားအဆုံးမှာ အမေဟာ ကျနော်တို့ အိမ်ရဲ့ တခုတည်းသော ပစ္စည်းထိန်း
သိမ်းရာ နေရာ သေတ္တာစုတ်လေးကို ဆွဲဖွင့်ကာ သူမတန် မြတ်နိုးတဲ့ ဆွဲကြိုးလေးကို အဖေ့အတွက်
အသက်ဆက်နိုင်အောင် ဆေးကုပါရစေလို့ ကြိမ်ကြိမ်တောင်းပန်နေပါတယ် ။
သားသမီးတွေ ပညာရေး အတွက် သိမ်းထားလိုက်ပါ မိန်းမရယ်..........ငါသားလေးလည်း အရွယ်
ရောက်နေပြီ ။ သမီးလေးက လည်း ကျောင်းစနေပြီ ဆိုတော့ သူတို့အတွက် အရေးပေါ်ရင် သုံးဖို့
သိမ်းထားလိုက်ပါနော် ။
မိဘ နှစ်ပါးရဲ့ အပြန်အလှန် ပြောဆိုမှုတွေကြောင့် ကျနော့်စိတ်ထဲမှာ ၀မ်းနည်းလွန်းလို့ ငိုချင်ပေ
မယ့် ကျစရာ မျက်ရည်ခမ်းခြောက်ခဲ့ရပါပြီ ။
ငွေမပါရင် ကျောင်းမလာနဲ့ ဆိုတဲ့ ဆရာမရဲ့ စကားသံကို ပြန်ကြားမိတိုင်း သောကပွားနေရတဲ့
ကျနော့်ရဲ့ ခံစားချက်ကို မိဘနှစ်ပါးကို ဘယ်လိုနည်းနဲ့မျှ ရင်မဖွင့်ပြလိုတော့ပါဘူး ။
ခြေဦးတည့်ရာ လျှောက်သွားနေရင်း ကျနာ့်အရွယ်ကလေးငယ်တွေ တုတ်လေးတွေ ကိုယ်စီနဲ့ အိတ်
တလုံးကို ကိုယ်စီထမ်းကာ အမှိုက်ပုံမှာ ထိုးဆွနေတဲ့ မြင်ကွင်းလေးက တွေ့မြင်နေကြဖြစ်ပေမယ့်
တခါမှ မစူးစမ်းမိခဲ့ပါဘူး ။ သိလိုဇောနဲ့ သူတို့ အနား အသာချည်းကပ်ကာ .. မင်းတို့ ဘာလုပ်ေ
နကြတာလည်းကွ.. ဆိုတော့ ကျနော့်ထက် ငယ်ပေမယ့် သွက်လက် ချက်ချာတဲ့ ကောင်လေးက
“ အမှိုက်ကောက်နေတာလေ “ ကွာ မင်းကလည်း ဒါများ အထူးအဆန်းမှတ်လို့ ။ ဒီက အမှိုက်ရော
က် ရလာတဲ့ စက္ကူ ၊ ပလတ်စတစ် ၊ ဒန်အိုး ၊ ဒန်ခွက်တွေကို ဆိုင်မှာ သွားရောင်းရင် ပိုက်ဆံရတာေ
ပါ့ …။
ပိုက်ဆံ ဆိုတဲ့ စကားလုံးက ကျနော့်ကို များစွာ ဆွဲဆောင်ထားလိုက် သလို ခံစားရလို့.
“ ငါလည်း အဲဒီလို လုပ်လို့ ရလားကွ. “
ရတာပေါ့ကွ ဟု ပြောလျှက် သူကိုင်ထားတဲ့ ဒုတ်လေးနဲ့ လွယ်ထားတဲ့ ပလတ်စတစ်လေးကို ညွှန်ပြ
ကာ ဒီနှစ်ခု ရှိရင် မင်း အလုပ်လုပ်လို့ရပြီတဲ့ ..။
ဒါဆို ငါ မနက်ဖြန် မင်းတို့ဆီ လာခဲ့မယ်ကွာ..
နောက်တနေ့ မနက် အိမ်ကနေ ပုံမှန် အတိုင်း လွယ်အိတ်လွယ်ပြီး ကျောင်းသွားသလို ပုံစံမျိုးနဲ့ ထွ
က်လာခဲ့ပြီး လွယ်အိတ်ကို စိတ်ချရတဲ့ နေရာမှ ထားခဲ့ပြီး ကျနော့် သူငယ်ချင်းတွေ နဲ့ချိန်းထားရာ
နေရာကို သွားခဲ့ပါတယ် ။ သူတို့ အသင့်ပြင်ပေးထားတဲ့ သံချွန်တပ် ဒုတ်လေး တချောင်းနဲ့ မြွေ
ရေခွံအိတ်ကို လွယ်ကာ အမှိုက်ပုံများ ရှိရာနေရာ ၊ လမ်းကြိုလမ်းကြားမှန်သမျှ
လှည့်လည်သွားပြီး ငွေရဖို့ ကြိုးစားခဲ့ပါတယ် ။
အစပထမကတော့ အထာသိပ်မနပ်တော့ ဘယ်လို လုပ်ရမယ် ဆိုတာ မသိပေမယ့်
ရက် အနည်းငယ် ကြာလာတော့ သဘောပေါက်လာတယ် ။ ဘယ်နေရာ အမှိုက်ပုံက
ပစ္စည်းရဖို့ လွယ် ၊ ဘယ်အချိန်ဆို ဘယ်အိမ်က အမှိုက် လွှင့်ပစ်တယ် ဆိုတာ သဘောပေါက်လာတယ်
။ ဒီလိုနဲ့ တစ်လလောက် လုပ်လိုက်တော့ ဆရာမကို ပေးဖို့
ငွေလေး စုဆောင်းမိလာတဲ့ အပြင် အဖေ့ အတွက် လိုအပ်တဲ့ ဆေးလေးတွေ ၀ယ်ပေးနိုင်ခဲ့ယုံသ
ာ မကဘူး ညီမလေး သိပ်ကြိုက် တဲ့ ရေခဲမုန့်လေးကို နေ့စဉ် ၀ယ်ကျွေးနိုင်ပါတယ် လို့ ကျောင်းဘ
က်ကို ခြေဦး ပြန်လှည့်ခဲ့ပါတယ် ။
ငွေကြေးချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ အတန်းဖော် သူငယ်ချင်းများကို သား ၊ သမီး ဆို
ပြီး ခေါ်ဆိုတတ်တဲ့ ဆရာမဟာ ကျနော့်ကိုတော့ နင်ဆိုတဲ့ အသုံးအနှုန်းက လွဲပြီး ပြောင်းလဲသုံးဖု
ိ့ စိတ်ကူး မရှိဘူးလား မသိပါဘူး ။ သူသင်တဲ့ ကျူရှင် မတတ်နိုင်တဲ့ ကျောင်းသားတွေ ဆို အမြဲလိုလို
ဒေါသထွက်နေတတ်တဲ့ ဆရာမကို ရင်ဆိုင်နေရတာ
သိပ်ကို ၀မ်းနည်းစရာ ကောင်းလွန်းလှပါတယ် ။
ကျောင်းက ပြန်လာတာနဲ့ လွယ်အိတ်ကို အသာချပြီး အမှိုက်ပုံကို ပြေးသွားရတဲ့ ဘ၀တွေက
လွတ်မြောက်ချင်လှပြီ ။ ကျောင်းက အပြန်ဆော့ကစားနေတဲ့ သူငယ်ချင်းတွေကို မြင်တိုင်း
သူတို့လို ကစားချင်ပေမယ့် အိမ်က ဆန်အိတ်ထဲမှာ မနက်စာဘဲ ကျန်တော့တာကို သိထားတဲ့
ကျနော် အတွက် ကစားမက်လို့ မဖြစ်ပါဘူး ဆိုပြီး ဆုံးဖြတ်ချက်ချကာ အရပ်တကာလည်ပြီး
အမှိုက်ကောက်ခဲ့ရတဲ့ ရက်တွေ တဖြည်းဖြည်း ပိုမို များပြားလာပါတယ် ။
တနေ့တနေ့ လမ်းကြိုလမ်းကြားထဲ ၀င်ပြီး အမှိုက်ကောက်နေတဲ့ ကျနော့်ကို သနားစရာ အကြည့်
နဲ့ ကြည့်သူတွေထက် မယုံသကာင်္စိတ်နဲ့ ကြည့်ကြတဲ့ လူတွေရဲ့ မျက်ဝန်းမှာ မနှစ်မြို့ခြင်းတွေ ပါ
နေတတ်တယ် ။ အထူးသဖြင့် တိုက်ကြို တိုက်ကြား ၀င်ကောက်တဲ့အချိန်တွေဆို အော်ဟစ်မောင်းထု
တ်တာကို ခံရပါများလာတော့ ဒီဘ၀ကို တကယ် စိတ်နာလာပါပေမယ့်
ကျနော့် ငွေရမှ အဖေ့အတွက်ဆေးဖိုး ၊ ညီမလေး သိပ်ကြိုက်တတ်တဲ့ မုန့်လေးတွေ ၀ယ်ပေးနိုင်
မှာ ဆိုတော့မလုပ်ချင်လည်း လုပ်နေရအုံးမှာပါဘဲ ။
ညနေဘက် ကျနော် ပြန်လာရင် ထွက်ကြိုတဲ့ ညီမလေးကို မုန့်လေးပေး ၊ အဖေ့အတွက် အာဟာရြ
ပည့်စေမယ့် အစားအစာ တခုခုပေးရတဲ့ အချိန်ဟာ ကျနော့်ဘ၀ အတွက် အပျော်မြူးရဆုံးအချိန်ပါ
ဘဲ ။ ကိုယ်တိုင်က ငွေမရှာနိုင်လို့ သားဝယ်လာတာလေးကို
စားနေရတဲ့ ကျနော့်အဖေ့မျက်လုံးမှာ အမြဲလိုလို မျက်ရည်တွေစို့နေတာကို သတိထားမိတယ် ။
အဖေ့အတွက် ဆေးကုပေးဖို့ အမေ ကိုပြောတော့
“ ငါ့သားရယ် ….ဆေးကုဖို့က ငွေမနည်းဘူး ကုန်မှာ .. အမေ့မှာလည်း စားဖို့တောင် အနိုင်နိုင်
ဆိုတာ သားလည်း သိသားဘဲ “
ဆိုပြီး ၀မ်းနည်းနေတဲ့ အမေ ၊ ဝေဒနာကို ကြိတ်မှိတ်ခံစားနေရတဲ့ အဖေ ၊ မိဘနှစ်ပါးကို ကြည့်
ကာ မျက်ရည်ကျနေတဲ့ ကျနော်တို့ ညီမလေး အတွက် ကျနော် ကျောင်းထွက်လိုက်တော့မယ်လို့ ဆုံြး
ဖတ်လိုက်ခဲ့တယ် ။
ရက်ကွက်ထဲက သူငယ်ချင်း တချို့ ညဘက် ပန်းကောက်ပြီး မနက်အစောကြီး ဈေးမှာသွားသွင်း ၊ တ
ခါတလေ ကားဂိတ်တွေမှာ ရောင်းတာ အဆင်ပြေတယ်ဆိုလို့ ကျနော် သူတို့ နဲ့ အတူလိုက်ပြီး ၀မ်း
ရေး အတွက် ဖြေရှင်းခဲ့ရတယ် ။ နေ့လည် အချိန်အားရင် အမှိုက်ပုံဘက် ပြေးသွားပြီး ငွေရှာပါမှ
ထမင်း နပ်မှန်ဖို့ သာ မကဘူး အဖေနဲ့ ညီမလေး အတွက် လိုအပ်တာလေးတွေ ဖြည့်စည်းပေးနိုင်
မှာ ။
အလုပ်နှစ်ခုလုပ်တော့ ငွေပိုလေး နည်းနည်းရလာလို့ ရပ်ကွက်ထဲက ဆရာဝန်နဲ့ အဖေ့ကို ပြနိုင်ခဲ
့တယ် ။ သူညွှန်ပြတဲ့ ဆေးကို အဖေ ပုံမှန်စားနိုင်အောင်ကျနော် ပိုပြီး ကြိုးစားရအုံးမယ်..။
ဘာလိုလိုနဲ့ သင်္ကြန်နားတောင် နီးလာပြီ ဘဲ.
လူတော်တော်များများ ပျော်ရွှင်ကြတဲ့ သင်္ကြန်ပွဲ ကျနော်လည်း ပျော်ချင်တာပေါ့ဗျာ..။
သင်္ကြန်အတွက် ဘာအစီအစဉ်ရှိလည်း သူငယ်ချင်းတွေနဲ့တိုင်ပင်တော့
သူငယ်ချင်း တစ်ယောက်က
“ သင်္ကြန်ဆိုတာ ငါတို့အတွက် ဂွင်ဘဲကွ…။ အဲဒီနေ့မှာ ငါတို့ ကြိုးစားလိုက်ရင် မြိုးမြိုးမျက်မျက်လေ

ရနိုင်တယ်တဲ့ ။ ဘာလုပ်ရမှာလည်း ဆိုတော့ အရက်လည်း ရောင်းမယ် ရေသန့်ဘူးတွေ ၊ အချိုရည်
ဘူးတွေလည်း ကောက်လို့ ရတယ်”
ဆိုလို့ ကျနော် အရမ်း စိတ်ဝင်စားသွားတယ် ။
မြန်မာရိုးရာ အတာသင်္ကြန်ပွဲကြီး စတင်ကျင်းပတဲ့ နေ့က စပြီး ကားဂိတ်လေးမှာ ရေပုံးလေးတွေ
ကိုယ်စီကိုင်ပြီး အရက်ဆိုင်လေးတွေ ကိုယ်ပိုင်ဖွင့်ခဲ့ကြတယ် ။ ဆိုင်လို့သာ ပြောတာပါဗျာ. ထိုင်ခုံတ
လုံးပေါ်မှာ ရေပုံးတလုံး ၊ အရက်တပုံးနဲ့ ရေသန့်ဘူး အဟောင်းလေးတွေ ဘဲ ရှိတာပါ ။ အရက်
တဗူးကို တစ်ထောင်နဲ့ အော်ဟစ်လို့ ရောင်းခဲ့ရတာ ပျော်စရာ မကောင်းပေမယ့်
ဝင်ငွေ ကောင်းကောင်းရလို့ အဖေ့အတွက် ဆေးကုပေးနိုင်မယ် ဆိုပြီး စိတ်ကူးနဲ့ ကြည်နူးခဲ့ရပါ
တယ် ။ သူငယ်ချင်း တစ်ယောက်က ဆိုင်ထိုင်ရင် နောက်တစ်ယောက်က ကားပေါ်က ပစ်ချလိုက်တဲ့ေ
ရသန့်ဗူးနဲ့ အချိုရည်ဗူးလေးကို လိုက်စုရတယ် ။
ကောက်တဲ့ လူကများတော့ နည်းနည်းတော့ စွန့်စားရတယ်ဗျာ…။
သင်္ကြန်အတက်နေ့ ဆိုတော့ လူတွေကို ပိုပျော်နေကြလို့လား မသိဘူး ရောင်းလို့ကလည်း ကောင်း
ပဗျာ..။ နောက်ဆုံးနေ့ ဆိုတော့ သူတို့ အားခဲပြီး ဖြုန်းပြနေလို့ သူတို့ ပစ်ချသမျှ လိုက်ကောက်ရ
တာတောင် နည်းနည်းမောလာသလိုပါဘဲ ။ ဒီနေ့တော့ နေ့တွက် တော်တော်ကိုက်နေပြီ ဆိုတာသိေ
ပမယ့် ဆက်စောင့်ပြီး ကောက်လို့ များများရရင် မနက်ဖြန် မနက် အမေ ဘုန်းကြီးကျောင်းသွား ရ
င် မောင်နှမ နှစ်ယောက်လုံးလိုက်မယ်လို့ စဉ်းစားထားတယ် ။
ကားတစီးပေါ်က ပစ်ချလိုက်တာ အချိုရည်ဗူးခွံတွေဗျာ.. အများကြီးဘဲ ကားလမ်းလယ်မှာ သွားကော
က်ရင် အန္တာရယ်များမှန်း သိပေမယ့် သူတပါး မဦးခင် အမြန်ဦးအောင် ကားလယ် အလယ်ကို ပြေး
အသွားမှာ အရှိန်ပြင်းစွာ မောင်နှင်းလာတဲ့ ကား တစီးကြောင့်……. လေထဲကို မြောက်သွားပြီးြ
ပန်အကျမှာ သူ့ခန္ဓာက ဖြာဆင်းလာတဲ့ သွေးစက်တွေက မြင်ရက် စရာ အောင် ကျဆင်းပေမယ် ကျ
နော် အိမ်ပြန်ဖို့ အားခဲထားဆဲပါဘဲ ။
သူ့ကိုယ့်သူ မသယ်နိုင်တဲ့ ခန္ဓာကိုယ်ကို အတင်းကြိုးစားပြီး ရုန်းထနေပုံလေးက မြင်ရသူ အပေါင်း
ရဲ နှလုံးသားကို ကွဲကြေပျက်သလို ခံစားလိုက်ရလို့ လူအများက ဆေးရုံပို့ဖို့ ကြိုးစားပေမယ့် “ အေ
ဖနဲ့ ညီမလေး စောင့်နေလို့ အိမ်ကိုသာ ပြန်ပို့ပေးကြပါ “ ဆိုတဲ့ စကားကို သနားစဖွယ် အမူအ
ရာနဲ့ နောက် ဆုံး စကား အဖြစ် ကြိုးစားပြောပြီး အချိန်မကြသေးဘဲ ဘ၀တပါးကို သနားဖွယ်ရာ
ကူးပြောင်းသွားရှာပါပြီ.။
မိဘက ဆင်းရဲ နွမ်းပါးလို့ ကျောင်းနေချိန်မှာ ပညာမသင်ရဘဲ အနာဂတ်တွေ ပျောက်ဆုံးကာ စာသ
င်ခန်းကို ကျောခိုင်းပြီး ၀မ်းရေး အတွက် အခုလို ကြိုးစားရှာဖွေနေတဲ့ ကလေးငယ်တွေ သိပ်ကို မျာ
းလာတာကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရလို့
မိတ်ဆွေများကို သတိပေးတဲ့ အနေနဲ့ လေးစားစွာ တင်ပြပေးလိုက်ပါတယ် ။
အကယ်၍များ မိတ်ဆွေတို့မှာ ကိုယ်ချင်းစာတရားနဲ့ မျှဝေခံစားလိုကြကာ မိမိတို့ တတ်နိုင်သလောက်
လေး ပါဝင်ကူညီဆောင်ရွက်ပေးကြရင် အနာဂတ် မြန်မာနိုင်ငံမှာ အခုလို ကလေးငယ်တွေ တဖြည်ြး
ဖည်း နည်းပါးသွားနိုင်တယ် ဆိုတဲ့ ခံယူချက်လေးထားပြီး သူတို့ဘ၀ အတွက် တစ်ချက်လောက် စဉ်း
စားပေးကြပါလားလို့ သူတို့ကိုယ်စား ကျနော်ကဘဲ တောင်းပန်စကား အရင်ပြောကြားချင်ပါတယ် ။
အုပ်ချုပ်သူ နေရာကို ယူထားပြီး တိုင်းပြည်ဘဏ္ဍာကို စီမံခန့်ခွဲနေကြသူများက လှစ်လှူရှုထားလို့ ဒု
က္ခမျိုးစုံ ခံစားနေရတဲ့ လူအများကို ပြည်သူလူထုကဘဲ ကိုယ်ထူကိုယ်ထ စနစ်ကို ကျင့်သုံးပြီး နိုင်ငံရာ
တာဝန် ထမ်းကြကာ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးမှာ သာ အနာဂတ်ကမ္ဘာမှာ လူငယ်မျိုးဆက်သစ်ေ
တွ အခုလို ဒုက္ခတွေ ကြုံတွေ့ရတဲ့ ဘ၀က လွတ်မြောက်လာမှာ အမှန် ပါဘဲ ဆိုတာကို ယုံကြည်စွာနဲ့
လက်ခံထားပြီး တတ်နိုင်သလောက်လေး ကြိုးစားဆောင်ရွက်ပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ
တင်ပြလိုက်ရပါတယ်ခင်ဗျာ ။
ကိုယ်ပိုင် အိမ်မှာ နေခွင့်မရလို့ သူတပါး အိမ်မှာ ခတ္တ ဧည့်သည် အဖြစ်နေကြရကာ စီးပွားရှာနေ
ရတဲက ပြည်ပရောက် ညီအစ်ကို မောင်နှမများ အနေဖြင့်လည်း အချိန်တန်လို့ အိမ်ပြန်ရရင် သာယ
ာလှပတဲ့ ကိုယ်ပိုင်အိမ်လေးမှာ ပြန်နေနိုင်အောင် ၀ိုင်းဝန်း ကြိုးစားပေးစေလိုပါတယ် ။ သူတပါးအိ
မ်မှာ ဧည့်သည် ဘ၀နဲ့ ထာဝရနေထိုင်သွားမယ့် အစား ပျက်စီးနေတဲ့ ကျနော်တို့ ကိုယ်ပိုင်အိမ်ေ
လးကို နေထိုင်ချင်စဖွယ် ဖြစ်အောင် တည်ဆောက်သွားဖို့ အတွက် ၀ိုင်းဝန်းကြိုးစားပေးကြပါလို့
အနူးအညွတ်မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။

ကြီးပွားကြောင်း ခုနှစ်ပါး

ကြီးပွါး ကြောင်း (၇) ရပ်
===================
(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။
(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို
သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်ေ
နတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားေ
ကာက်သလို ဖြစ်နေမည်။
(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာေ
တွကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊
ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။
ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မ
ယ်။ အင်အားမရှိတော့ဘူး။
(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်
ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်
ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်း
ကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့
တာတောင် တစ်ဝက်ပဲယုံ )
(၅) အိမ်ငှားမနေနဲ့ – အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။
ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်
ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။
(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံ
းစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )
(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆို
တာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ )

ပါရမီ

ပါရမီဖြည့်ခွင့်ပေးသူများ
မိမိကို အပြစ်မရှိ အပြစ်ရှာနေတဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ကြုံတဲ့အခါမှာ
(သာမန်စိတ်ကတော့ ) ဒီလိုလူမျိုးတွေကို အပြစ်တင်ပြီး ရှောင်ရှားချင်ကြပါတယ်
တကယ်တမ်းဆန်းစစ်ကြည့်ရင် အဲဒီလို ပုဂ္ဂိုလ်တွေနဲ့ တွေ့ကြုံတဲ့အခါ
မိမိရဲ့သည်းခံမှု ၊ ခွင့်လွှတ်မှု ၊ သဘောထားကြီးမှုတွေ ရှိမရှိသိရပြီး
ဘယ်လောက် အတိုင်းအတာထိအောင် လောကဓံ ခံနိုင်ရည်ရှိသလဲလို့
စမ်းသပ်တဲ့သဘောပါပဲ ၊ အကောင်းမြင်ဝါဒနဲ့ ကြည့်ရင် မိမိအတွက်
ခန္တီပါရမီ ဖြည့်ခွင့်ပေးတဲ့ ကျေးဇူးရှင်တွေပဲလို့တောင် သဘောထားသင့်ပါတယ်။
(ရွှေစေတီတောရဆရာတော်)

ဘဝဆိုတာ တိုတောင်းပါတယ်

တိုတောင်း လှတဲ့ ဘဝ လေးမှာ
(1)
စိတ်ကောင်းထားပါ။
စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်
ဘာမှမပိုင် ရင် တောင် ဒီတခုကိုတော့
ပိုင် အောင် လုပ်သင့်တယ်……
(2)
ဒေါသနဲ့ ဝေးဝေးနေပါ..
ဒေါသက နာကျင် မှု့ တွေ ပေးလို့ပါ။
သင့် ကိုယ် တိုင် ကိုရော
ပတ်ဝန်းကျင် ကိုရောပေါ့။
၁ မိနစ် ဒေါသထွက် ရတိုင်း
စက္ကန့် ၆၀စာ ပျှော်ရွှင် မှု့ တွေ
ဆုံးရှုံးသွားရတာကို မ မေ့ပါနဲ့။
(3)
ကိုယ်က မှန်နေတယ်ဆိုရင် စိတ်ဆိုးနေစရာမလိုပါ……
တကယ်လို့ ကိုယ့်ဘက်က မှားနေတယ်ဆိုရင် လည်း ကိုယ်က ဘာမှစိတ်ဆိုးပိုင်ခွင့်မရှိတာကို နားလည်
လိုက်ပါ……
(4)
မိသားစုဝင်တွေအပေါ်
သည်းခံခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်…
တခြားသူတွေအပေါ်
သည်းခံခြင်းဟာ လေးစားမှုကို ဖော်ညွှန်းတယ်…
ကိုယ့်ကိုယ်ကို
သည်းခံနိုင် ခြင်းဟာ
မိမိကိုယ်ကို ယုံကြည်မှု ရှိတာကိုဖော်ညွှန်းတယ်…
အခြေ အနေ တွေကို အလိုက်သင့်
သည်းခံခြင်းဟာ
ကိုယ့်ရဲ့ ကိုယ် ရည်ကိုယ်သွေး
အရည်အချင်းကို ဖော်ညွှန်းတယ်…
(5)
အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့… မျက်ရည်တွေပဲ ကျလာရင် ကိုယ်ပဲ ဝမ်းနည်းရမယ်လေ…
.
အနာဂတ်အကြောင်းကို
သိပ်မတွေးပါနဲ့..
စိုးရိမ်ကြောက်ရွံ့မှုတွေ အားငယ်မှု့ တွေ ကသင့်ကို နှိပ်စက်လာလိမ့်မယ်။
ပစ္စုပ္ပန် လက်ရှိအချိန်မှာ
အ ကောင်းဆုံးစိတ်ထား
အကောင်းဆုံးအလုပ်တွေနဲ့
နေထိုင်ပါ…
ကောင်းချီးသြဘာတွေ ဆိုက်ရောက်လာပါလိမ့်မယ်…
ဒါက လက်ဆောင် မွန်ဖြစ်လာပါလိမ့်မယ်
(6)
ဘဝရဲ့ စမ်းသပ်ချက်တိုင်းက
ပိုမိုကောင်းမွန်လာစေသလို ပိုပြီးခါးသီးသွားစေနိုင် တာလည်း
ရှိတတ်တာကို မေ့မထားပါနဲ့ ။
ကြုံတွေ့ရတဲ့ ပြဿနာတိုင်းဟာ အတွေ့အကြုံကောင်းကို
တည်ဆောက်ပေးနိုင် သလို အမှားအဖြစ်လည်း သင့် ကို
ချိုးဖျက်နိုင် ပါတယ်…
ဒူးထောက်မလား
ဆက်လျှောက်မလားဆိုတာကတော့ သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ်…
(7)
လှသောတဲ့အရာတိုင်းဟာ အမြဲတမ်းမကောင်းနိုင် ပေမယ့်
ကောင်းတဲ့အရာတိုင်းကတော့
အမြဲတမ်းလှနေပါတယ်…
ပြောရ ရင် လှတာထက်ကောင်းတာကို
ဦးစားပေးဖို့ပါ။
(8)
ပျော်ရွှင်မှုဟာ သင့်ကို ချစ်ဖွယ်သော အရာတွေကို ယူဆောင် ပေးတယ်။
ဒါကြောင့် အမြဲပျော်ရွှင်နေရအောင် တတ်နိုင်သမျှ ကြိုးစားသင့်တယ်…
အနည်းဆုံးတော့…………………
ပြုံးလိုက်ပါ။

ခင်ဗျားတို့ သိကြလား

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ရပ်တန့်သွားတဲ့ အကြောင်းအရာများ (၅)
ဒီတချက်ကဒီပေခ်ျ့မှာအမြဲပြောနေတဲ့အရာပါ။ လူထုဘဝနဲ့သက်ဆိုင်တာက စီးပွားရေး ဒါပေမယ့် က
ျွန်တော်တို့ရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက စီးပွားရေးကိုအာရုံမစိုက်တာသာမကပဲ စီးပွားရေး
ကိုစတေးလိုက်တဲ့အဆင့်ရောက်နေတယ်။ ဥပမာ- ဒီရက်ပိုင်း ထိပ်သီးအစည်းအဝေးနဲ့ပက်သက်ပြီး မီ
ဒီယာများမှာသတင်းရှာကြည့်လိုက်တော့ တရုတ်အစိုးရသစ်ဖြစ်စေ ၊ မြန်မာအစိုးရသစ်ဖြစ်စေ သူတို
့တက်လာတဲ့ကာလထဲမှာ ပထမဦးဆုံး ဝန်ကြီးချုပ်လာတဲ့ခရီးစဉ်ဖြစ်ပေမယ့် သတင်းထဲမှာမပါသလော
က်ဖြစ်တယ် ။ ကြေးမုံနဲ့မြန်မာ့အလင်းက လူထုစိတ်မဝင်စားဘူး ။ ဖတ်နေကျထဲက ဒီမိုကရေစီတူဒေး
တခုပဲ ဒီသတင်းပါလာတယ်။ မြစ်ဆုံစီမံကိန်းကြောင့် အေးစက်သွားတဲ့ နှစ်နိုင်ငံဆက်ဆံရေးပဲဖြစ်စေ
၊ သူ့ခရီးစဉ်အဓိကပါတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခြေခံအဆောက်အအုံ ၊ ရင်းနှီးမြုပ်နှ
ံမှု ဖြစ်စေ ၊ ပြည်သူလူထုဘဝနဲ့ဆိုင်တဲ့ကဏ္ဍမှာ အရေးကြီးတဲ့ခရီးစဉ်လို့ယူဆပါတယ်။ သူတို့စီစဉ်တဲ့
တရုတ်-အာဆီယံ ဆက်သွယ်မှု ကွန်ယက်တည်ဆောက်ေ၇းစီမံကိန်းက ဒေါ်လာ ဘီလျံ ၅၀၀ ကျော် မ
တည်မယ့်စီမံကိန်း ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဘက်က မငြင်းဘူးဆိုရင် ဒီစီမံကိန်းအတွက် ကိုယ့်
နိုင်ငံရောက်လာမယ့် ရင်းနှီးမြုပ်နှံမှုကဘီလျံ ၁၀၀ နီးပါးဖြစ်နိုင်တယ်။ တိုင်းပြည်ဖွံဖြိုးမှုအတွက် အင်
မတန်အရေးကြီးတဲ့ကိစ္စဖြစ်တယ်။ ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်ဆိုရင် ဒီလောက်အေ၇းကြီးတဲ့
ကိစ္စကိုပြည်သူကိုပေးသိမှဖြစ်မယ်။ (နိုင်ငံတကာစီးပွားရေးသမိုင်းအတွေ့အကြုံအရ ၁၉၅၀ နဲ့ ၁၉၉၀
အထိအမေရိကန်ရဲ့ ရွှေရာစုဖြစ်ပါတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ကဂျပန်ရဲ့ရွှေရာစုဖြစ်ပါတယ်။ လူထုပြေ
ာနေကျ သူတို့နဲ့ချဉ်းကပ်ပြီး အကူအညီရခဲ့ရင်ဖွံဖြိုးတိုးတက်မှာ သေချာ်တယ် ဆိုတဲ့သဘောက ဟိုအချိန်
မှာ သူတို့ဆီမှာလျှံနေတဲ့ငွေကြေးယူပြီး အခြားနိုငံကိုထောက်ပံ့ပြီး သူတို့နိုင်ငံရဲ့ လျှံနေတဲ့ထုတ်လုပ်မှု
အင်အားကို ပြန်ဝယ်တဲ့သဘောပဲ ။ win-win system ပဲ ။ တဖက်နိုင်ငံကငွေကြေးရပြီး လိုအပ်
တဲ့အခြေခံအဆောက်အဦးတည်ဆောက်လိုက်တယ်။ တဖက်ကလည်း ပိုလျှံနေတဲ့ထုတ်လုပ်မှုအတွက် ထွ
က်ပေါက်ရသွားခဲ့တယ်။ ပိုပြီးကြီးမားတဲ့ဈေးကွက်တည်ဆောက်လိုက်တာနဲ့ ၂ ဘက်နိုင်ငံစလုံးဖွံဖြိုးသွ
ားတယ်။ ကလေးတွေးသလို သူတို့ကစိတ်ကောင်းရှိရှိနဲ့ ကူညီတာမျိုးမဟုတ်ပါ ။ အခုလို တရုတ်ဝန်ကြီး
ချုပ်လာတဲ့ကိစ္စလည်း ဒီလိုအစီအစဉ်ကိုလာဆက်တဲ့သဘောပဲ ။ လာမယ့်ရာစုက တရုတ်ရဲ့ရွှေရာစုဖြစ်
နေလို့ပါ ။ ကျွန်တော်တို့မြန်မာအနေနဲ့ ဒီအခွင့်အရေးယူတာမယူတာက အစိုးရတခုတည်းမှာပဲ မမူ
တည်ဘူး ။ လူထုအားလုံးရဲ့ အကျိုးစီးပွားနဲ့လဲ သက်ဆိုင်သေးတယ်။ မီဒီယာကြီးများကဒီကိစ္စ သူတို့နား
မလည်လို့လား ၊ တမင်သက်သ်က် လူထုကိုဖုံးကွယ်ချင်လို့လား ။ စဉ်းစားသုံးသပ်သင့်တယ်လို့ယူဆပါတ
ယ်။

ကုန်သွယ်မှုလိုငွေပြမှု

သတိထားရမယ့်ကုန်သွယ်မှုလိုငွေပြမှု
ရှေ့ပိုစ်မှာထိပ်သီးအစည်းအဝေးရဲ့တရုတ်ဝန်ကြီးချုပ်နဲ့ပက်သက်တဲ့သတင်းလိုက်ရှာရင်း စိတ်ဝင်စားစ
ရာကောင်းတဲ့သတင်းတခုတွေ့မိတယ် ။ မြန်မာကုန်သွယ်ရေးဝန်ကြီးဌာနကြေငြာတဲ့ နှစ်တဝက် နိုင်ငံ
ခြားကုန်သွယ်မှုက ဒေါ်လာ ၁၄ ဘီလျံဖြစ်ပါတယ်။ တ၇ုတ်ဘက်က ကြော်ငြာတဲ့နှစ်ဝက် တရုတ်-မြန်မ
ာ ကုန်သွယ်မှုက ဒေါ်လာ ၁၂.၄ ဘီလျံဖြစ်ပါတယ်။ သုံးသပ်ချက်က -
၁။ ဒီ ဒေတာအတိုင်းဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ကုန်သွယ်မှု ၈၅%က တရုတ်နဲ့လုပ်တယ်။ သူတို့ကိုမု
န်းသည်ဖြစ်စေ ၊ ကြောက်သည်ဖြစ်စေ လူထုစားဝတ်နေေ၇းအတွက် မလုပ်မဖြစ်လုပ်ရမှာပါ။
၂။ ဒါပေမယ့်ကျွန်တော်တို့ဆီက ဝန်ကြီးဌာနကကြေငြာတဲ့ဂဏန်းကမှားဖို့သေချာတယ် ။ လက်တွေ့မှာ
ယိုးဒယား ၊ စင်္ကာပူ တို့နဲ့ကုန်သွယ်တာလည်း မနည်းပါဘူး ။ တရုတ်က ၄၀% လောက်ဖြစ်နိုင်ပါတ
ယ်။ ဒီထဲမှာ သတိထားစရာကြီးကြီးမြင်လိုက်တာက ကျွန်တော်တို့ရဲ့သွင်းကုန်တန်ဖိုးမှာ အခွန်ရှောင်
ဖို့ တမင်သက်သက်လျော့ရေးတဲ့ပမာဏ ကနည်းတာမဟုတ်ဘူး ။ ထွက်ဖို့ပစ္စည်းဆို ကျောက်စိမ်းလေလံ
ပွဲ ၊ သဘာဝဓာတ်ငွေ့ရောင်းတာ ၊ ဆန်စပါးေ၇ာင်းချတာ ကိုယ့်ဘက်ကပစ္စည်းဖြစ်တဲ့အတွက် ဈေးနှု
န်းလျှော့လို့မရပါ။ ဒီလိုသုံးသပ်ရင် ကျွန်တော်တို့ဆီမှာကြီးမားတဲ့ကုန်သွယ်မှုလိုငွေ ၊ နိုင်ငံခြားရင်းနှီ
းမြုပ်နှံမှုကိုနည်းနည်းပဲ များပြီး စိုးရိမ်စရာမရှိဘူးဆိုတဲ့ပြောဆိုမှုက မှားနေပါတယ်။ အခုစီးပွားရေး
အခြေအနေမှာလူထုဘဝမပြောင်းလဲပဲ တိုင်းပြည်ဥစ္စာဓန အပြင်ကိုစီးထွက်နေတဲ့အခြေအနေထဲမြှာ
ဖစ်နေတယ်။

ကုပ်ရိုးကျီးပေါင်းတက်ရခြင်း

ကုပ်ရိုးကျီးပေါင်းတက်ရခြင်းအကြောင်း …….
ကုပ်ရိုးကျီးပေါင်းမတက်စေချင်ရင်တော့ အနေအထိုင်သတိထားရပါလိမ့်မည် ဒီလိုရောဂါမျိုးတွေဟာ
အသက်အရွယ်လေးရလာပြီဆိုရင် ဇာတိပြလာတက်သော ရောဂါမျိုးလည်းဖြစ်ပါတယ် ဒါကြောင့် အဲဒီ
ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ချင်ပါတယ်ဆိုရင်တော့ ရာနှုန်းပြည့်ကြိုတင်ကာကွယ်လို့ မရသော
ရောဂါမျိုးလည်းဖြစ်ပါတော့တယ် ။
ကာကွယ်နိုင်သည့်သဘောကတော့ လည်ပင်းညောင်းလာလျှင် ဦးခေါင်းကို တဖက်စီအသာရာ လှည့်ချိုး
ပေးပါ ဒီနေရာမှာအဓိကပြောချင်တာက ဇာက်ချိုးရတယ်ဆိုတော့ တစ်ချိုက အားနဲ့ လှည့်ချိုးကြပါတယ်
အဲဒီလိုလုပ်ဆောင်ချက်ဟာ လွဲမှားခြင်းဖြစ်နေကြောင်းကိုလည်း အထူးသတိရှိစေချင်ပါတယ် ။
စာအုပ်စာပေဖတ်သူများအနေဖြင့်ကြာရှည်စွာခါင်းငုံစာဖတ်ခြင်းမျိုးကိုအထူးပင်ရှောင်ရှားသင့်ပါသ
ည် ။
ကွန်ပျုတာ နှင့် ဖုံးများကို ရေရှည်ကြည့်ခြင်းသုံးစွဲခြင်းများကို လုပ်ဆောင်နေပါက ဦးခေါင်းကိုတည့်မ
တ်စွာသုံးစွဲခြင်းဖြင့် အကြောများပြေလျော့နေသည့်ပုံစံမျိုးဖြစ်နေပါစေ ။
ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးအမာများနှင့်အမြင့်ထားပြီး အိပ်ခြင်းမျိုးသည့် ကုပ်ရိုးကျိုးပေ
ါင်းတက်ခြင်းကို ဖြစ်ပေါ်စေပါသည် ဒါကြောင့် ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးသည့် မနိမ့်
အမြင့် အနေထားဖြင့်သာ အိပ်စေသင့်ကြောင့် ပြောကြားပါရစေ ၊။
ကုပ်ရိုးကျီးပေါင်းတက်ခြင်း လက္ခဏာများအနေကတော့ နောက်စေ့နောက်ဖက်အောက်ဘက်နေရာေ
တွမှာ မကြာခဏ ကြာရှည်စွာ ခေါင်းကိုက်ခြင်းများဖြစ်ပေါ်ခြင်း ၊ လည်ကုပ်တစ်ဆင့် နောက်စေ့ ၊
ပခုံး ၊ လက်ဖျံ နှင့် လက်မောင်းတစ်လျှောက်တွေမှာ နာကျင်ခြင်းများ ဖြစ်ပေါ်လာခြင်း ၊ ခေါင်းလှ
ည့်စဉ်တွင် မူးဝေခြင်းများလည်း ဖြစ်ပေါ်လာသည့်အပြင် အိပ်နေစဉ်ခေါင်းလှုပ်ရှားရင် လည်ကုပ်ေ
နရာတွေနှင့် ပခုံးတွေမှာ နာကျင်ခြင်းများဖြစ်ပေါ်လာခြင်းနှင့်အတူ လက်နှစ်ဖက်ရဲ့ လက်ဖျားလေးေ
တွမှာ ထုံကျဉ်ခြင်းများဖြစ်ပေါ်လာသည့် အကြောင်းများသည် ကုပ်ရိုးကျီးပေါင်းတက်ခြင်း ရောဂါ လ
က္ခဏာများပင်ဖြစ်ပါတော့သည် ။

ပြောသင့်မပြောသင့်

ဝိတ်ချနေသူတွေကို ကိုယ့်ဘက်က မပြောသင့်တဲ့ စကားများ
ကိုယ့်အသိ၊ သူငယ်ချင်းတွေထဲမှာ ခန္ဓာကိုယ်အချိုးအစား မပြေပြစ်တော့လို့၊ ဒါမှမဟုတ် ဗိုက်ခေါက်
ထွက်လာလို့၊ ကိုယ်အလေးချိန်တိုးလာလို့ ၀ိတ်လျှော့နေကြရတဲ့သူတွေရှိရင် သူတို့နဲ့ဆုံတဲ့အခါ သင့်ဘက်
က မပြောသင့်တဲ့ စကားလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့
နင်ကြည့်ကောင်းနေပါတယ်။
ယုံရင်ယုံ၊ မယုံရင်နေ ၀ိတ်ချနေသူတွေအတွက် မကြားချင်ဆုံးစကားကတော့ နင်ကြည့်ကောင်းသားပဲ
ဆိုတဲ့စကားပါပဲ။ ဒါဟာ အားပေးစကားလို ဖြစ်နေပေမယ့် ရွဲ့ပြောနေတဲ့အဓိပ္ပါယ်ဘက် ပိုသက်ရော
က်နေတာကြောင့်ပါ။ အဲ့ဒါကိုမှ သင်ကထပ်ပြီး ခု ကြည့်ကောင်းလာပြီဆိုပြီး ထပ်ပြောလိုက်မိရင်တေ
ာ့ ဒါဟာ အရင်တုန်းက ပုံဆိုးပန်းဆိုး ဖြစ်နေတယ်လို့ တစ်ဖက်လှည့်ပြောလိုက်သလိုပဲ ဆိုတာ သိထား
ပါ။ ဒီတော့ ၀ိတ်ချတဲ့အကြောင်းကနေ ခပ်ဝေးဝေးသွားပြီး ခုလတ်တလော သူဘယ်လိုခံစားနေရတ
ယ်ဆိုတဲ့အကြောင်ကိုသာ ဦးတည်သွားလိုက်ပါ။
အများကြီးမစားနဲ့ပေါ့။
ဒီလောက်အတွေးမျိုးကတော့ သင်ပြောစရာတောင် မလိုပါဘူး။ ၀ိတ်ချနေတဲ့သူကိုယ်တိုင် တွေးပြီးသာ
း အတွေးဖြစ်သလို၊ ကြိုးလည်း ကြိုးစားကြည့်ဖူးပါလိမ့်မယ်။ လူတွေက ၀ိတ်လျှော့မယ်ဆိုတာနဲ့ အစား
တွေ အများကြီး မစားနဲ့လေ ဆိုတာနဲ့ စတတ်တာပါပဲ။ အစားအသောက်နဲ့ လေ့ကျင့်ခန်း တွဲလုပ်ရမ
ယ့်ကိစ္စမျိုး၊ အစားအသောက်ကို ဘယ်လိုစားသင့်တယ်ဆိုတာမျိုးဆိုတာတွေ မပြောနိုင်ရင်တောင်မှ သူ
ဟာ နင်းကန်စွတ်စားနေလို့ အဆီတက်နေတာလို့ ပုံသေ မတွက်ချက်လိုက်ပါနဲ့။
တစ်လုတ်လောက်စားလိုက်တာ ဘာမှဖြစ်မသွားဘူး။
ဘယ်သူမဆို စားကောင်းသောက်ဖွယ်တွေမြင်ရင် မြည်းစမ်းကြည့်ချင်တာပေါ့။ ၀ိတ်ချနေတဲ့သူတွေ ပို
တောင်ဆိုးပါသေးတယ်။ သူတို့ စားချင်တဲ့အရာတွေကို မျက်ကွယ်ပြုရင်း ဖြစ်သင့်တဲ့ အနေအထား တ
စ်ခုကို ရောက်အောင် ကြိုးစားနေချိန်မှာ သင်က အတင်းအကျပ် စားခိုင်းတာမျိုး၊ မြည်းစမ်းခိုင်းတာမျို
းတွေ မလုပ်ပါနဲ့။ အထူးသဖြင့် လှောင်တာမျိုးတွေ မလုပ်မိဖို့ လိုပါတယ်။
နင်ဒါစားလို့ ဖြစ်ရဲ့လား၊ နင်ဝိတ်ချနေတာ မဟုတ်လား။
သင့်ဘက်က စေတနာနဲ့ ပြောလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်က အစားအသေ
ာက်နဲ့ပတ်သက်ပြီး တာဝန်ယူထားရတဲ့၊ စစ်ဆေးမေးမြန်းရတဲ့ ရဲအရာရှိမဟုတ်ပါဘူး။ ဒီတော့ သူအ
ဆင်ပြေမယ်ထင်လို့ သူစားဖို့ လုပ်နေတဲ့အရာကို သွားပြီး ပိတ်ပင်တာမျိုး မလုပ်ဖို့လိုပါတယ်။ ဒီလိုလုပ်
ရအောင် တစ်ဖက်လူရဲ့ မိဘလည်း မဟုတ်ဘူးဆိုတာလည်း ခေါင်းထဲထည့်ထားဖို့ လိုပါတယ်။

မှတ်သားပီး ဆောင်ရွက်သင့်တယ် (important)

မှတ်သားဖွယ်ရာ စကားစုလေးများ
၁။လူငယ်တို့သည် အတောင်ပါသော ငှက်ကလေးများဖြစ်ကြသည်။
ထို့ကြောင့်ပျံသန်းခွင့်.........ပေးလိုက်ပါ။
၂။သစ်သားနှင့်တူပေမဲ့ နံ့သာတုံးက ထင်းမဖြစ်ပါ။ သူ့ရဲ့ သင်းပျံ့တဲ့ မွှေးရနံ့ကြောင့်ပေါ့။
၃။အသေအချာဆုံး ရင်းနှီးမြှုပ်နှံမှု့ကတော့
ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။
၎။အောင်မြင်ချင်တဲ့သူဖြစ်ချင်ရင် အရှုံးတွေကို ပျော်ပျော်ရွှင်ရွှင်လက်ခံရဲရတယ်။
၅။ဆုံးဖြတ်ချက်ဆိုရင် ဖြေးဖြေးချ။ လုပ်စရာရှိရင် မြန်မြန်လုပ်။
၆။ရိုးရိုးကန်ရုံနဲ့ မအောင်မြင်နိုင်ဘူး ရုန်းပြီးကန်လိုက်စမ်းပါ။
၇။တစ်ခါမှ အမှားမလုပ်ဖူးတဲ့သူဟာ ဘာမှ မလုပ်ဖူးတဲ့သူပဲ။
၈။တံခါးဖွင့်ထားတယ် တွန်းပြီးဝင်လာရမှာက မင်းအလုပ်။
၉။သက်သာဖို့မကြိုးစားပါနဲ့ အရည်အချင်းရှိဖို့ ကြိုးစားပါ။
၁၀။ဒူးထောက်ပြီး အသက်ရှင်ရတာထက် မက်တပ်ရပ်ပြီး သေရတာကမြတ်တယ်။
၁၁။ပညာဆိုတာ ရတဲ့နေရာမှာယူ လိုတဲ့နေရာမှာသုံး။
၁၂။ရိုးသားခြင်းက ခိုးစားခြင်းထက် ပိုပြီးမြတ်တယ်။
၁၃။ဝီရိယဆိုတာ ပင်ပန်းစွာ လုပ်ခိုင်းတာမဟုတ်ပါ။ နိုးကြားထကြွခြင်းကိုသာ ဆိုလိုတာပါ။
၁၄။စွန့်ပစ်သင့်တဲ့ လူ့ဘ၀ရဲ့ အမှိုက်လေးမျိုးရှိတယ်။ အဲ့ဒါ.... လောဘ၊ ဒေါသ၊ အတ္တ၊ မာန။
၁၅။ကလဲ့စားချေတယ်ဆိုတာ ကိုယ်ရှုံးနိမ့်ခဲ့ဖူးကြောင်း ၀န်ခံလိုက်တာပါပဲ။
၁၆။မရိုးသားဘူးဟု ထင်ရသူထက်စာလျှင် ရိုးသားချင်ယောင်ဆောင်သူက ပိုကြောက်စရာကောင်းပါသ
ည်။
၁၇။လောကကြီးမှာ မင်းထက်တော်တဲ့လူ မရှိဘူး၊
၁၈။လောကကြီးမှာ မင်းထက်ကြိုးစားနေတဲ့ လူတွေပဲရှိတယ်။
၁၉။ဒုက္ခဆိုတာ ကိုယ်စိုက်ခဲ့သော သစ်ပင်ဖြစ်သည်။
၂၀။မာနဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီးတူးဆွခံနေရတဲ့ ပေါက်ချွန်းတစ်လက်ပါ။
၂၁။ပိုက်ဆံရှိတိုင်း.... လူချမ်းသာမဟုတ်ဘူး။ စာရိတ္တမွဲရင်...လူမွဲပဲ။
၂၂။အလုပ်မလုပ်သောသူများသည်
၂၃။အလုပ်လုပ်သော သူများထက်ပိုပြီး မောပန်းလွယ်ကြ၏ ။
၂၄။နိုင်ရင်ခေါင်းမော့ချင်မော့။ ဒါပေမဲ့ရှုံးရင်တော့.... ခေါင်းမငုံ့မိပါစေနဲ့ ။
၂၅။ဒုက္ခတွေထဲမှာ မျှော်လင့်ခြင်းများစွာနဲ့ အသက်ရှင်နေရတာလည်း
ဒုက္ခတစ်ခုပါပဲ။
၂၆ဆင်းရဲခြင်းများ၊ ပူလောင်ခြင်းများ၊ ငိုကြွေးခြင်းများဖြင့် အထပ်ထပ်
ရစ်ပတ်နှောင်ဖွဲ့ခံထားရတဲ့ သတ္တ၀ါကို လူဟုခေါ်ပါသည်။
၂၇။လူတစ်ယောက်ရဲ့ အနာဂတ်ကို သိချင်ရင် အဲဒီလူရဲ့ ပစ္စုပ္ပန်အလုပ်ကို ကြည့်ရတယ်တဲ့။
၂၈။အောင်မြင်တယ်ဆိုတာ အခက်အခဲတွေနဲ့ ဒုက္ခတွေကို အနိုင်ရခဲ့ခြင်းဖြစ်တယ်။

ဒေါ်စုပြောသော အရေးကြီးစကားထဲကတစ်ခုပါ

ဥာဏ်ရည်နိမ့်ပါးသူတွေဟာ
ကိုယ့်ကိုယ်ကို တည်ဆောက်မဲ့အစား
သူတပါးကိုဖြိုခွင်းမှ သူတို့နေရာရလိမိ့မယ်
လို့   အောက်မေ့တတ်ကြပါတယ်

ဆံပင်ဖြောင့်တဲ့အခါ

ဆံပင်ဖြောင့်စက်သုံးတဲ့အခါ သိထားသင့်တဲ့ အချက် (၆) ချက်
ဆိုင်မှာ ခေါင်းလျှော်ပြီး ပုံသွင်းတာနဲ့ အိမ်မှာကိုယ့်ဘာသာကိုယ် ဖြောင့်စက်နဲ့ ဆွဲတဲ့အခါ ဘာလို့မတူ
တာလဲ၊ အိမ်မှာဆို ဘာကြောင့် အဆင်မပြေဖြစ်ရတာလဲ ဆိုပြီး တွေးမိတဲ့သူတွေအတွက် ကိုယ့်ဘာသာ
ကိုယ် ဆံပင်ဖြောင့်စက်သုံးပြီး ဆံပင်ဖြောင့်တဲ့အခါ ပြင်ဆင်ရမယ့် အမှားလေးတွေကို ထောက်ပြပေ
းချင်ပါတယ်။
၁။ဖြောင့်စက်မဆွဲခင် ဆံသားကို အပူခံနိုင်အောင် အပူခံစပရေးဖျန်းပေးပါ။
ဒီအဆင့်က လွန်စွာကို အရေးကြီးပါတယ်။ ဆံပင်သား မပျက်စီးဖို့အတွက် ကာကွယ်ရာ ရောက်တာမို
့လို့ပါ။ ခေါင်းလျှော်ပြီး သန့်ရှင်းနေတဲ့ ဆံပင်မျိုးကို စပေရေးဖျန်းပြီး စက်ဆွဲတာဟာ အသင့်တော်ဆုံး
ပါပဲ။
၂။အပူချိန် အနိမ့်ဆုံးအဆင့်ထားပြီး စက်ဆွဲခြင်းဟာ ဆံပင်သားကို မထိစေဘူး၊ မပျက်စေဘူးဆိုတာ
ဟာ မှားတဲ့အယူအဆပါ။
စဉ်းစားရမယ့်အချက်က ကိုယ့်ဆံပင်က နည်းတယ်၊ ပါးတယ်ဆိုရင် အပူချိန်နိမ့်နိမ့်သုံးပြီး စက်ဆွဲလိုက်
တာ ကိစ္စမရှိပေမယ့် ကိုယ့်ဆံပင်က ထူတယ်ဆိုရင်တော့ အပူချိန်မြင့်မြင့်နဲ့ တန်းပြီးစက်ဆွဲတာ ကောင်
းပါတယ်။ တစ်ချက်တည်းနဲ့ ဖြောင့်စင်းသွားမယ့်ကိစ္စမျိုးကို ဘာ့ကြောင့် အပူချိန်အနိမ့်သုံးပြီး ဆံသား
ကို နှစ်ခါဒုက္ခပေးမှာလဲနော်။
၃။ဆံပင်ဖြောင့်ရင် ဖြောင့်စက်ကို အောက်ဘက်ဖိဆွဲချတာမျိုးကို ရှောင်ပါ။
ဒီနည်းသုံးပြီး စက်ဆွဲရင် သင့်ဆံပင်ကြီးက ပြားပြားကပ်ကပ်ကြီး ဖြစ်နေမှာပါ။ အဲ့ဒီနည်းအစား ဆံ
ပင်ရင်းနားကစ၊ စက်ဆွဲပြီး အပေါ်ဘက်ကို လှန်ဆွဲသွားလိုက်ပါ။ အောက်ကိုဖိချဆွဲမသွားပါနဲ့။
၎။စက်မဆွဲခင် ဆံပင်ကို ဘရက်ရှပ်သုံးပြီး အရင်ဆုံး ရှင်းဖို့လိုပါတယ်။
ရှုပ်ထွေးနေတဲ့ ဆံပင်တွေကို မရှင်းပဲ တန်းပြီး ဖြောင့်စက်နဲ့ဆွဲတာမျိုးတွေ မလုပ်ပါနဲ့။ ဒါဟာ ဆံပ
င်သားကို ပျက်စီးစေပါတယ်။ ဆံပင်ကို ဘရက်ရှ်နဲ့ အရင်ရှင်းပြီးမှ ကျန်တာဆက်လုပ်ပါ။
၅။စက်ဆွဲပြီးပြီးချင်း ဆံပင်ကို ထုံးတာ၊ စည်းတာမျိုးတွေ မလုပ်ပါနဲ့။
ဖြောင့်စက်ဆွဲထားလို့ ပူနေတဲ့ ဆံပင်သားကို အေးသွားအောင် ထားပြီးမှသာ ဆံပင်စည်းတာ၊ ချည်ေ
နှာင်တာတွေ လုပ်ပါ။
၆။ကိုယ်အမြဲတမ်း အသုံးပြုနေတဲ့ စက်ကို သန့်ရှင်းရေးလုပ်ပေးဖို့ မမေ့ပါနဲ့။
ဆံပင်ကို စပရေးဖျန်းပြီးမှ စက်ဆွဲတဲ့သူတွေဆိုရင် ပိုလို့တောင် လုပ်သင့်ပါသေးတယ်။ စက်ကို ပုံမှန်
သန့်ရှင်းရေး လုပ်ပေးဖို့ မမေ့ပါနဲ့။

PR စနစ်ကို မကြိုက်သူများ

PR ကို မကြုက်သူများအတွက်-----------------
လာမည့်ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရွေးကောက်ပွဲအတွက် လက်ရှိကျင့်
သုံးလျက်ရှိသည့် နိုင်သူအကုန်ယူစနစ် (FPTP)ကိုသာ ဆက်လက်ကျင့်သုံးသွားမည်ဟု ယနေ့ကျင်းပသည့်
ပြည်သူ့လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ်လေ့လာသုံးသပ်ရေးကော်မရှင်က လွှတ်တော်သို့ တင်ပြခဲ့သည့်
ရွေးကောက်ပွဲစနစ် ရှစ်မျိုးအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်ခြင်းရှိမရှိ အဓိပ္ပာယ်ဖွင့်ရန်
အခြေခံဥပဒေခုံရုံးသို့ပေးပို့ခဲ့ရာ လက်ရှိကျင့်သုံးသည့် စနစ်မှလွဲ၍ ကျန်စနစ်များမှာ အခြေခံဥပဒေ
နှင့်ညီညွတ်ခြင်းမရှိကြောင်း လွှတ်တော်သို့ပြန်လည်ပေးပို့ခဲ့သဖြင့်လက်ရှိစနစ်ကိုသာ ကျင့်သုံးရန် ဆုံြး
ဖတ်ခဲ့ခြင်းဖြစ်သည်။

အနိုက်ယူခြင်း ၄ မျိုး

အနိုင်ယူနည်း(၄) မျိုး
================
၁။ အမျက်ဒေါသ ကြီးသောသူကို မိမိက အမျက်မထား မေတ္တာပွါးသဖြင့် အနိုင်ယူပါ။
၂။ မိမိအပေါ် မကောင်းသောသူကို (ကောက်ကျစ် ယုတ်မာသောသူကို မိမိက စိတ်ကောင်းနှလုံးကော
င်း ထားခြင်းဖြင့် (အမှန်တရား လက်ကိုင် ထားခြင်းဖြင့်) အနိုင်ယူပါ။
၃။ ကပ်စေးနဲသော သူကို (မိမိဥစ္စာပစ္စည်း အပေါ်၌ ၀န်တိုနှမြော စေးနဲသောသူကို) မိမိက ကျွေးေ
မွးလှူဒါန်း ပေးကမ်းစွန့်ကြဲခြင်းဖြင့် အနိုင်ယူပါ။
၎။ မိမိအပေါ် လိမ်လည်လှည့်ဖြား မုသားစကားပြောတတ်သော သူကို မိမိက အမှန်တရား သစ္စာစက
ား ပြောကြားခြင်း- ဖွင့်ဟပြောဆိုခြင်းဖြင့် အနိုင်ယူပါ။

အသက်ပိုရှည်နိုင်ကြောင်း

သင်ထင်ထားတဲ့ အရွက်ထက် ပိုမိုရှည်ကြာ အသက်ရှင်နိုင်ကြောင်း သုတေသီများတွေ့ရှိ
သင်ဘယ်လောက်ကြာ အသက်ရှင်နေထိုင်သွားမှာလဲ။ ထင်ထားတဲ့အသက်အရွယ်ထက် ပိုရှည်နိုင်တယ်
လို့ Washington Post က ဆိုပါတယ်။
၁၉၉၂ ခုနှစ်တုန်းက Michagan တက္ကသိုလ်ရဲ့ Health and Retirement Study က အသက်
၅၀ နဲ့ အထက်ရှိ အမေရိကန်နိုင်ငံသား ၂၆,၀၀၀ ကို မေးမြန်းရာမှာ အသက် (၇၅) နှစ်ထိ အသက်ရှ
ည်ကြပါမယ်လို့ သူတို့ ယုံကြည်ထားကြပါတယ်။ ၂၄ နှစ်နီးပါးကြာလာတဲ့ လက်ရှိအချိန်မှာတော့
Brookings Institution မှ သုတေသီတွေက မှန်ကန်မှုရှိမရှိ တွက်ချက်ခဲ့ကြပါတယ်။
ပျှမ်းမျှအနေဖြင့် အသက် (၇၅) နှစ်ထိနေနိုင်မယ့် အခွင့်အလမ်းကို သူတို့ အကြမ်းဖျင်း လျော့ပေါ့ခန်
့မှန်းထားခဲ့ကြတာဖြစ်တယ်လို့ Christopher Ingraham က Post’s Wonk Blog မှာ နေရေး
သားထားပါတယ်။
၁၉၉၂ ခုနှစ်မှာ ၇%ရာခိုင်နှုန်းက ၇၅ နှစ်ထိနေနိုင်ဖို့ အခွင့်အလမ်း လုံးဝမရှိဘူးလို့ ပြောဆိုခဲ့ကြပါ
တယ်။ ဒါပေမဲ့ ထက်ဝက်နီးပါး (၄၉.၂%) က ၇၅ နှစ် သို့မဟုတ် ဒီ့ထက် အသက်ပိုရှည်ကြပါတယ်။
သူတို့ကိုယ်သူတို့ (၇၅) နှစ်ထိ အသက်ရှင်မှာဖြစ်ကြောင်းပြောဆိုသူတွေထဲ ၇၅% ရာခိုင်နှုန်းက အဲဒီ
အသက်အရွယ်နဲ့ ဒီ့ထက်ပိုနေနိုင်ကြပါတယ်။
၇၅ နှစ်ထိ အသက်ရှင်ဖို့ ၁၀၀% သေချာကြောင်း ပြောဆိုခဲ့သူတွေထဲ ၁၀ယောက်မှာ ၈ ယောက်
(၇၈.၂%) က တကယ်ပဲ အသက်ရှည်ခဲ့ကြပါတယ်။
အမေရိကနိုင်ငံမှာ လူ့ဘဝသက်တမ်းက ၂၀၁၂ ခုနှစ်မှာ ၇၈.၇၄ ဖြစ်ခဲ့တယ်လို့ World Bank ရဲ့
အချက်အလက်အရ သိရပြီး တစ်ကမ္ဘာလုံးအရ ၇၁ နှစ်ဖြစ်ပါတယ်။
သူတို့ ဘယ်ချိန်ထိ အသက်ရှင်မယ်၊ တကယ်ရော အသက်ရှင်နေသွားမှာလားဆိုတဲ့ ထင်မြင်ချက်တစ်ခုနဲ
့တစ်ခုကြားမှာ တိကျသေချာမှုတော့ မရှိကြောင်း Ingraham က မှတ်ချက်ပေးထားပါတယ်။
တကယ့်တကယ်ကျတော့ ၇၅ နှစ်ထိအသက်ရှင်ဖို့ အနည်းဆုံး ၁၀% ရာခိုင်နှုန်းသေချာကြောင်းပြော
ဆိုခဲ့သူတွေ ၆၀% ရာခိုင်နှုန်းက တကယ်ပဲ အသက်ရှင်နေထိုင်သွားခဲ့ကြပါတယ်။

ဦးသန့်အကြောင်းသိကြာလား

ဦးသန့်အကြောင်း သိကောင်းစရာအချို့
========================
ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ
အတွင်း ကြီးမာှးစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။
ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........
တတိယ ကမ္ဘာစစ်~သို့ဦးတည် ခဲ့သော ကျူးဘား ပြဿနာ
တူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည်. ဆိုက်ပရပ် ပြဿနာ
အင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
အေ၇ှ့အလယ်ပိုင်း အရေးအခင်း
ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
ကမ္ဘာ့လောင်စာ ပြဿနာ
တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ....
ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ....
အခြားကိစ္စများ ဖြစ်ကြသည်။
ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအေ
ရးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်
းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁၇ ) ဘွဲံကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။
ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆ
ာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်
ပြည်နယ်
၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြ
ည်နယ်
၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြ
ည်နယ်
၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်န
ယ်
၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်
၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်
၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။
၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူ
ပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်
းသို့ပြန်လည် လှူဒါန်းခဲ့သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေး
သည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။
ဦးသန့်အမှတ်တရများ
အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အော
က်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။
ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ြ
ပုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊
အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်
နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအ
မျိုးသာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယဥင်္မှုး အယ်ဒရင်ကေ
ပးအပ်ဂုဏ်ပြုခဲ့သည်။
ဘောင်သွပ်ထားသော ထိုအလံတွင် ဤ အလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိ
မ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျွသန်းစဉ် သယ်ဆောင်သွာ
းခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။
U Thant Island ဦးသန့်ကျွန်း
အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယေ
ာက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont
Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။
၎င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။
Jalan U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊
Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ
Taman U Thant
Taman U-Thant is a place in Kuala Lumpur, Malaysia. Located in the
eastern part of the city, it was established in the 1960s and was used for
foreign embassies and high commissions only. It was named after the
former UN General Secretary from 1961 until 1971, U Thant.
ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant
Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။
ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့
သည်။
အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုပ္မဏီကအေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့
၏ တံဆိပ်ခေါင်းများကို ဈေးနုန်းတန်းတူသတ်မှတ်သည်။
U Thant Peace Award
ဦးသန့်ငြိမ်းချမိးရေးဆု
ဤဆုကို ဦးသန့်အားဂုင်္ဏပြုသောအားဖြင့် အမေရိကန်မှSri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂
ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းေ
ရးမှုးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘ
ာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြ
င့်သော ဆုဖြစ်သည်။

Friday, November 14, 2014

Gangaw နယ်ယာဥင်္တိမ်းမှောက်မှုဖြစ်ပွား လူနှစ်ယောက်သေဆုံး

ကလေးမြို့ တာဟန်းရပ်ကွက်နေ ဦးခင်မောင်သန်း အသက် ၅၅ နှစ်

ဇနီးဖြစ်သူ ဒေါ်ဝင်းဝင်း အသက် ၅၃ နှစ်  သားဖြစ်သူ မောင် သော်ဇင်စိုး

အသက်၂၀ တို့သည် တာဟန်းရပ်ကွက် ကလေးမြို့မှ ggw သို့ မိမိကိုယ်ပိုင် ယာဉ်
ဖြစ်သော 9c/5213 ( ပါဂျဲရိုးခဲရောင်) ဖြင့် မောင်းနှင့်လာခဲ့ကြရာ ကလေး ဂန့်ဂေါကားလမ်း  မိုင်တိုင် ၃၅/၅၂   ၃၅/၄ ကြား ggw နယ် မြောက်ခင်ရန်း
ကျေးရွာအဝင် အရှိန်မထိန်းနိုင်သဖြင့်  မြောက်ခင်ရန်းကျေးရွာအဝင်
ဆိုင်းဘုတ်အနီးလမ်းကွေ့နေရာအရောက်တွင် အရှိန်မထိမ်းနိုင်သဖြင့် ရေမြောင်းထဲသို့ ထိုးကျသွားပီး ယာဉ်မောင် နှင့် သားဖြစ်သူမှာ
ရေမွန်းသေဆုံးသွားပါသည်


ပေးပို့ တင်ပြသူ
ဓာတ်ပုံ သန်းနိုင်

Thursday, November 13, 2014

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ လက်ရှိ ခန့်အပ်ထားတဲ့ အလုပ်သမား ဆိုင်ရာ အရာရှိဟာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပြဿ နာကို ပြေလည် အောင်မဖြေရှင်း ပေးနိုင်တဲ့ အတွက် ဆက်လက်ခန့်ထားခြင်း မပြုဖို့ ဘန်ကောက် ရွှေ့ပြောင်း အလုပ်သမား တချို့က ဆန္ဒပြတောင်း ဆိုကြပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ လက်ရှိ ခန့်အပ်ထားတဲ့ အလုပ်သမား ဆိုင်ရာ အရာရှိဟာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပြဿ  နာကို ပြေလည် အောင်မဖြေရှင်း ပေးနိုင်တဲ့ အတွက် ဆက်လက်ခန့်ထားခြင်း မပြုဖို့ ဘန်ကောက် ရွှေ့ပြောင်း အလုပ်သမား တချို့က ဆန္ဒပြတောင်း ဆိုကြပါတယ်။

လက်ရှိ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ဟာ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီက အလုပ်သမား တင်သွင်းနိုင်ဖို့ကိုတော့ လက်မှတ်ထိုးပေးခဲ့ပြီး အလုပ်သမားတွေ ပြသနာဖြစ်လာတဲ့အခါ မသိကျိုးနွံပြုတယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုအောင်ဆန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံထဲကို တင်သွင်းဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှာ အရင်ဆုံးခွင့်ပြုချက်တောင်းရပါတယ်။ ပြီးရင် မြန်မာအလုပ်သမားသံအရာရှိဆီမှာ ခွင့်ပြုချက် ယူရပါတယ်။ သူ့အနေနဲ့ တောင်းဆိုတဲ့ လူဦးရေအတွက် အလုပ်အမှန်တကယ်ရှိမရှိ မစစ်ဆေးဘဲ နေပြည်တော်ကိုပို့ခဲ့တယ်။ နေပြည်တော်က ခွင့်ပြုလို့ အလုပ်သမားတွေ ဒီဘက်ရောက်လာတဲ့အခါ  စာချုပ်ထဲပါတဲ့ အတိုင်း မဟုတ်ဘဲ အလုပ်အမျိုးအစား၊ နေရာနဲ့ လုပ်အားခတွေ လွဲမှားတာတွေရှိတယ်။ တချို့အလုပ်သမားတွေက ၂ လ ၃ လကြာတဲ့ထိ အလုပ်မရသေးဘူး။ ဒီကိစ္စတွေဖြေရှင်းပေးဖို့ ကျနော်တို့က သွားတောင်းဆိုတဲ့အခါကျတော့ သူနဲ့မဆိုင်သလိုနေတယ် ။ သူနဲ့မဆိုင်ဘူး ဆိုရင် ဒီရာထူးမှာ နေမနေနဲ့ပေါ့ဗျာ ။ ဒါကြောင့် သူ့ကိုဆက်မခန့်ဖို့ တောင်းဆိုတာ။”

ဒါ့အပြင် အလုပ်သမားတွေကို တရားဝင်တင်သွင်းပြီး ပြဿ     နာတွေကိုတော့ တာဝန်ယူဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (အဲမ်အိုအီးအေအက်ဖ်)ကိုလည်း ဒီမှာဆက်ပြီးမထားဖို့ တောင်းဆိုတယ်လို့ သူကဆက်ပြောပါတယ်။

အဲမ်အိုအီးအေအက်ဖ်အဖွဲ့ဟာ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံရောက်  မြန်မာနိုင်ငံသားများအဖွဲ့ချုပ်က ဒါရိုက်တာ ဦးကျော်သောင်းကိုတော့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ အမည်ပျက်စာရင်းတင်သွင်းခဲ့ကြောင်း။ ဒါကြောင့် နာမည်ပျက် စာရင်းကိစ္စကို သိသာမြင်သာရှိအောင် ဌာနဆိုင်ရာအနေနဲ့ ရှင်းရှင်းလင်းလင်းသတင်း ထုတ်ပြန်ပေးဖို့ စတဲ့အချက်တွေ တောင်းဆိုခဲ့တယ်လို့ ကိုအောင်ဆန်းဦးက ပြောပါတယ်။

ဘန်ကောက်က မြန်မာအလုပ်သမားပေါင်း ၆၀ ကျော်ဟာ ဒီကနေ့မနက် မြန်မာအလုပ် သမားသံအရာရှိရုံး နဲ့ အဲမ်အိုအီးအေအက်ဖ်ရုံးတို့ တည်ရှိရာ လမ်းပေါ်မှာ ဆန္ဒပြခဲ့ပြီး  ရုံး ၂ ရုံး စလုံး ပိတ်ထားတဲ့အတွက် တောင်းဆိုလွှာကို ထိုင်းရဲတွေကနေတဆင့် ထားခဲ့ရတယ်လို့ ဆိုပါ တယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်ကို မေးမြန်းရာမှာ –  အလုပ်သမားတွေရဲ့ တောင်းဆိုလွှာကို တွေ့ရှိပြီးဖြစ်ကြောင်း၊ အလုပ်သမားတွေရဲ့ ပြဿနာအခက်အခဲကို သူ့အနေနဲ့ လက်လှမ်းမီသလောက်   ဆောင်ရွက်ပေးခဲ့ပေမယ့် သန်းချီရှိ တဲ့ မြန်မာအလုပ်သမားအရေးအတွက် အစိုးရက ခန့်ထားပေးတဲ့ ၀န်ထမ်း အင်အားလောက်ငှမှု မရှိကြောင်း ခုလိုပြောပါတယ်။

“သူတို့ပေးခဲ့တဲ့စာကို ရပါပြီခင်ဗျ။ သူတို့ တောင်းဆိုချက်တွေလည်း သိရပါတယ်။ သူတို့ဆန္ဒပြတဲ့ ဓာတ်ပုံတွေနဲ့အတူ နေပြည်တော်ကို ဆက်ပို့ပေးပြီးပါပြီ။ ကျနော်တို့ဆီ ရောက်လာတဲ့ ပြဿ     နာတွေကို တတ်နိုင်သလောက်ဖြေရှင်းပေးပါတယ်။ ဒါပေမယ့် ထိုင်း အလုပ်ရှင်တွေနဲ့ ပတ်သက်ရင်တော့ သူတို့နိုင်ငံက ဥပဒေ နဲ့ ဖြေရှင်းမှရတယ်ခင်ဗျ ။”

“နောက်တခုက ဒီထိုင်းမှာ မြန်မာပြည်က အလုပ်သမား ၃ သန်းကျော်ရှိတာ၊ ကျနော်တယောက်တည်း ဘယ်လိုက်ကြည့်နိုင်မလဲ။ အလုပ်သမားအဖွဲ့အစည်းတွေရော  ၀ိုင်းကူလုပ်ကြတာ၊ ကျနော့်ဌာနမှာ  ၀န်ထမ်းတွေရော ထိုင်းဘာသာပြန်တွေရော တိုးမြင့်ခန့်ထားဖို့ စာတင်ထားပါတယ်။”

ဦးကျော်သောင်းကို နာမည်ပျက်စာရင်းတင်တဲ့ကိစ္စကို မသိရှိသလို  တရားဝင်ထုတ်ပြန်ချက်တွေလည်း မမြင်ဖူးဘူးလို့ သူက ဆက်ပြောပါတယ်။

ဦးကျော်သောင်းဟာ ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မှုသံသယနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးလွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေပြီး လူငယ် ၂ ဦးရဲ့ မိဘတွေကို မြန်မာပြည်လိုက်ပို့ပြီးအပြန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ   နာမည်ပျက်စာရင်းတင်သွင်းမှုတခုနဲ့စပ်လျဉ်းပြီး  လ၀က၀န်ထမ်းတွေက ခေါ်ယူစစ်မေးတာ ခံခဲ့ရဖူးပါတယ်။

iDevice များ Battery စားသက်သာစေရန် လုပ်ဆောင်သင့်သော

1. Close Background App
- App တစ်ခုခုကို အသုံးပြုပြီးတိုင်း ချက်ချင်းဖြစ်ဖြစ် ပြန်မသုံးသေးဘူးဆိုရင် အဲ့ဒီ App ကို Complete Close လုပ်ပေးပါ။
2. Proper Charging
- သင့်ရဲ့ iDevice ကိုတစ်လမှာ တစ်ကြိမ်လောက်ဖြစ်ဖြစ် Battery 20% အောက်ရောက်အောင် အသုံးပြုပြီးနောက် Full Charge ကို Non-Stop ပြန်သွင်းပါ။အားသွင်းနေတုန်းမှာ တခြားဘာမှမလုပ်ဆောင်သင့်ပါ။
ထို့ ပြင် နေ့ စဉ် ပုံမှန် အားတစ်ကြိမ်တော့ သွင်းပေးပါ။
3. Avoid Heat
- အပူဟာ Battery တွေအတွက် အရေးကြီးဆုံး သတိထားရမဲ့အချက်ဖြစ်ပါတယ်။သင့်ရဲ့ iDevice ကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ နေမဲ့နေရာမျိုးတွေဖြစ်စေ ၊ တခြားသော အပူချိန်မြင့်မားသောနေရာမျိုးတွေမှာဖြစ်စေ ထားရှိခြင်းကို ရှောင်ရှားသင့်ပါတယ်။
4. Wifi
- သင့်ရဲ့ iDevice ကို Wifi အသုံးပြုနေချိန်မှလွဲ၍ ကျန်သောအချိန်တွေမှာ Wifi မသုံးတော့ဘူးဆိုရင် Off လုပ်ထားသင့်ပါတယ်။
5. Bluetooth
- သင့်ရဲ့ iDevice ကို Bluetooth အသုံးပြုနေချိန်မှလွဲ၍ ကျန်သောအချိန်တွေမှာ Bluetooth မသုံးတော့ဘူးဆိုရင် Off လုပ်ထားသင့်ပါတယ်။
6. Turn Off AirDrop
- သင့်ရဲ့ iDevice ကို AirDrop အသုံးပြုနေချိန်မှလွဲ၍ ကျန်သောအချိန်တွေမှာ AirDrop မသုံးတော့ဘူးဆိုရင် Off လုပ်ထားသင့်ပါတယ်။
7. Lock Your iDevice
- Auto-Lock Feature ကိုအချိန်အတိုင်းအတာ တစ်ခုအဖြစ်သတ်မှတ်ပေးထားခြင်းကြောင့် သတိမေ့လို့ ပဲဖြစ်ဖြစ် အခြားအကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် Lock မဖြစ်ပဲ Device ပွင့်နေခြင်းကြောင့် Battery ကုန်ခြင်းကို ကာကွယ်ထားနိုင်ပါတယ်။
8. Upgrade Your Software
- သင့်ရဲ့ iDevice တွေကို Apple မှထုတ်လုပ်ပေးထားသော နောက်ဆုံး iOS Version တွေကို Upgrade အမြဲတမ်းလုပ်သင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ Apple မှသူတို့ရဲ့ iDevice တွေရဲ့အားနည်းချက် ချို့ယွင်းချက်တွေကို အစဉ်အမြဲရှာဖွေပြီး ပြုပြင်ပေးနေမှူကြောင့် Battery Performance တွေကိုပါ ပိုမိုကောင်းမွန်စေပါတယ်။
9. Don’t Use Third Party Charger
- ဒီအချက်က အတော်အရေးကြီးပါတယ်။Apple ရဲ့ iDevice တွေကို Apple iDevice ဝယ်ကတည်းကပါလာတဲ့ Battery Charger နဲ့ပဲအားသွင်းပါ။အခြားသော ပြင်ပ Company ကထုတ်လုပ်တဲ့ Battery Charger တွေနဲ့ အားမသွင်းသင့်ပါဘူး။အခန့် မသင့်ရင် ပေါက်ကွဲပြီး အသက်ပါဆုံးရှူံးနိုင်ပါတယ်။
10. Use Static Wallpaper
- Dynamic Background ပုံလေးတွေက လှပပေမဲ့ Battery ကိုတော့ ပိုစားပါတယ်။ ဒါကြောင့် Battery ပိုကြာရှည်ခံစေချင်ရင် လှူပ်ရှားမှူမရှိတဲ့ Static Background Image လေးတွေကိုသာသုံးသင့်ပါတယ်။
11.Automatic Downloads
- Automatic Downloads လုပ်ဆောင်ချက်ဟာ မိမိရဲ့ iDevice ထဲမှာ ရှိတဲ့ App တွေကို Update အသစ်ထွက်တိုင်း နောက်ကွယ်ကနေ Auto Update လုပ်ဆောင်ပေးလေ့ရှိပါတယ်။ဒါကြောင့် ဒီ Feature ကိုပိတ်ထားခြင်းအားဖြင့် Battery စားနှူန်းကို လျော့ချနိုင်ပါတယ်။
13. Adjust Auto Brightness
- Auto-Brightness ကို On ပေးထားခြင်းကြောင့် မိမိရဲ့ iDevice တွေမှာ Battery စားနှူန်းကို လျော့ချပေးနိုင်ပါတယ်။

14. Location Services
- အချို့ App တွေက သင့်ရဲ့လက်ရှိတည်နေရာကို အသုံးပြုကြပါတယ်။အချိန်တိုင်းလိုလို သင့်ရဲ့ လက်ရှိတည်နေရာကို ထောက်လှမ်းနေမယ်ဆိုရင် Battery အကုန်မြန်ပါတယ်။ဒါကြောင့် မလိုအပ်ဘူးဆိုရင် Location Service ကိုပိတ်ထားသင့်ပါတယ်။

15. Mobile Data
- ကိုယ့်ရဲ့ iDevice တွေမှာ မလိုအပ်ပဲနဲ့ Mobile Data On ထားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ 3G/4G တွေဟာလိုင်းဆွဲအားမြန်တယ်ဆိုပေမဲ့ Battery ကိုလည်းပိုစားပါတယ်။ဒါကြောင့် မလိုအပ်ဘူးဆိုရင် Off လုပ်ပေးထားသင့်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားဟာ

အမေရိကန်သမ္မတ အိုဘားမားဟာ ဒီနေ့ နေပြည်တော်က နန်းဝတီဟိုတယ်မှာ ပြည်ထောင်စု လွှတ်တော်နာယက သူရရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦး နဲ့ ဒီနေ့ တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍတွေကို လျှော့ချဖို့လိုအပ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက တိုက်တွန်းခဲ့တယ်လို့ ဒီနေ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

"အဓိကကတော့ ဘာကိုမှတ်ချက်ပြု ပြောသလဲဆိုလို့ရှိရင် ကျမတို့ အခုအပြောင်းအလဲကာလမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍတွေလျော့ချဖို့၊ လူနည်းစုတွေရဲ့ အခွင့်အရေးကိုပေးဖို့ပေါ့နော်၊ ဒါမျိုးမှမလုပ်ခဲ့ဘူးဆိုလို့ရှိရင် တိုင်းပြည်ရဲ့ အနာဂါတ်က မကောင်းနိုင်ဘူးပေါ့နော်၊ ဒါကြောင့်မို့လို့ လက်ရှိအခြေခံဥပဒေ ပြင်ဆင်မယ့် အခြေအနေမှာလည်း အကုန်ဝိုင်းဝန်းပြီး ဆောင်ရွက်ကြဖို့လိုတယ်၊ အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ် အဲ့လိုပုံစံမျိုးပါပဲ"

ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ ကြုံတွေ့နေရတဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ အိုဘားမားကို ပြောပြခဲ့သလို အိုဘားမားကလည်း အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲစဉ်က ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြခဲ့တယ်လို့ သိရပါတယ်။

မနက်ဖြန်မှာလည်း သမ္မတ အိုဘားမားက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံမှာဖြစ်ပြီး အရှေ့တောင်အာရှက လူငယ်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာ့ပြု ပြင်ပြောင်းလဲရေး ရှေ့ တက်လှမ်းနိုင်ဖို့ အတွက် နိုင်ငံရေးမှာ တပ်မတော် ရဲ့ ပါဝင်ပတ်သက်မှု ကို လျှော့ချဖို့ လိုအပ်ကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က

မြန်မာ့ပြု ပြင်ပြောင်းလဲရေး ရှေ့ တက်လှမ်းနိုင်ဖို့ အတွက် နိုင်ငံရေးမှာ တပ်မတော် ရဲ့ ပါဝင်ပတ်သက်မှု ကို လျှော့ချဖို့ လိုအပ်ကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ တပ်မတော် ဆိုတာ အရပ်သား အုပ်ချုပ်မှုအောက်မှာပဲ ရှိသင့်ပြီး - တိုင်းရင်းသား လက်နက် ကိုင်တွေ နဲ့ ငြိမ်းချမ်းရေးရဖို့ အတွက်ကိုလည်း အမြန်ဆုံး လုပ်ဆောင်သင့်တယ်လို့ သမ္မတ အိုဘားမားက လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ နေပြည်တော် မှာ တွေ့ဆုံချိန် ပြောဆို သွားခဲ့တာပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ လူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခတွေ နဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြတဲ့ အကြောင်း အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

ASEAN ထိပ်သီးညီလာခံကို တက်ရောက်ဖို့ အတွက် နေပြည်တော် မှာ ရောက်ရှိနေ တဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ဟာ ကြာသပတေးနေ့ နေ့ခင်းပိုင်းက လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနဲ့ NLD ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးနဲ့ နန်းဝဒီ ဟိုတယ်မှာ ၂ နာရီနီးပါးကြာ တွေ့ဆုံခဲ့ပြီးတော့-

ဒီတွေ့ဆုံမှုအတွင်း လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲမှု အခြေအနေ၊ တိုင်းရင်းသား အရေးကိစ္စနဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍ၊ ပြည်တွင်းမှာဖြစ်နေတဲ့ လူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခ စတဲ့ အကြောင်းအရာမျိုးစုံကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီအထဲကမှ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ ပြည်တွင်းစစ်ဖြစ်ပွားနေ တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ သြဇာကြီးမားမှုကို ချိန်ခွင်လျှာ ညှိနှိုင်းဖို့အတွက် အရပ်သား အုပ်ချုပ်မှုအောက်မှာ ထားရှိသင့်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောဆိုတဲ့ အကြောင်း သတင်းထောက်တွေကို သမ္မတ အိုဘားမားက အခုလို ပြောဆိုခဲ့ပါတယ်။

 “စစ်တပ်က သြဇာကြီးမားတဲ့ အဖွဲ့အစည်းတခု အဖြစ် ရှိနေဆဲဖြစ်ပြီး လက်ရှိ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အရပ်ဘက်က ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်မလဲ ဆိုတာတွေက မေးစရာတွေ ဖြစ်နေဆဲပါ။ ဒီလို အခြေအနေမျိုးတွေကို ဒေသတွင်းနဲ့ ကမ္ဘာပေါ်က တခြား တိုင်းပြည် တော်တော် များများမှာလည်း တွေ့ခဲ့ရပြီးပါပြီ။”

ဒါ့အပြင် သမ္မတ အိုဘားမားက - ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးရအောင် အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း - မြန်မာနိုင်ငံရဲ့ အခြေအနေကို အင်ဒိုနီးရှားနိုင်ငံ နဲ့ ဥပမာပေးပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ကို ပြောကြား ခဲ့တယ်လို့လည်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ် တဲ့ ဒေါ်ဖြူဖြူသင်း က အခုလို ပြောပြပါတယ်။

"တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပတ်သက်လို့ အမြန်ဆုံးဖြေရှင်းဖို့ လိုတဲ့ အကြောင်းပေါ့နော်။ ဒါကို မဖြေရှင်းဘူးဆိုရင် အခု အီရတ်တို့ ဘာတို့မှာ ဖြစ်နေတဲ့ ဘာသာရေး ပဋိပက္ခလိုဟာမျိုးပေါ့နော်။ စစ် အကြီးမားဆုံးဖြစ်သွားနိုင်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ အဲ့တာတွေကိုလည်း မြန်မြန်လေး ဖြေရှင်းဖို့ လိုတယ်ပေါ့နော်။ အဓိကကတော့  Constitution နဲ့ပတ်သက်ပြီး လူနည်းစုတွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ပေးသင့်ပေးထိုက် တာတွေကို ပေး လျှော့သင့် တာတွေပေါ့ ဗဟိုချုပ်ကိုင်မှုတွေကို လျှော့ချပြီးတော့ ဥပဒေပြဋ္ဌာန်းမှုတွေ  လုပ်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမယ်ပေါ့နော်။ ဒါမျိုးတွေ ပြောသွားပါတယ်။ အဓိကကတော့ ပြောင်းရမယ့် ကိစ္စတွေ၊ လုပ်ရမယ့် ကိစ္စတွေ သူတို့နိုင်ငံနဲ့ယှဉ်တယ်။ အင်ဒိုနီးရှားနိုင်ငံနဲ့ယှဉ်ပြီးတော့ ပြောသွားပါတယ်။ တဖြေးဖြေးနဲ့ မြန်မာနိုင်ငံက အင်ဒိုနီးရှားနိုင်ငံကို အတုယူပြီးတော့ လုပ်သွားမယ်ဆိုရင် အောင်မြင်နိုင်မယ်ပေါ့နော်။ "

လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ - လက်ရှိ လွှတ်တော်မှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဥပဒေပြုရေးကိစ္စတွေ၊ ပြည်တွင်းမှာဖြစ်နေတဲ့ လူမျိုးရေးအကြမ်းဖက်မှု ပဋိပက္ခတွေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်တွင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့ သမ္မတ အိုဘားမားကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NLD လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာ့ပြုပြင်ပြောင်း လဲရေး နှေးကွေး လာတာနဲ့ လွှတ်တော် ကိုယ်စားလှယ် တယောက်ရဲ့ အခက်အခဲတွေ ကိုလည်း သမ္မတ အိုဘားမားကို ပြောပြခဲ့ကြသလို၊ တက်ရောက်လာတဲ့ တိုင်းရင်းသားကိုယ်စားလှယ် တွေထဲက ရှမ်းတိုင်းရင်းသား ဒီမိုကရက်ပါတီ (SNDP) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကတော့ -

" ကျနော်အနေနဲ့ကတော့ ကနေ့ ကျနော်တို့ နိုင်ငံမှာ အရေးကြီးဆုံး ဖြေရှင်းရမယ့် ပြဿနာက ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပေါ့။ အဲ့ဒီ့အတွက်ဆိုလို့ရှိရင် ငြိမ်းချမ်းရေး ရဖို့အတွက်ကို အစိုးရကရော လွှတ်တော်ကရော အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့အကြောင်းပေါ့နော်။ အဲ့တော့အပစ်အခတ်ရပ်စဲရေး ရပြီးလို့ရှိရင်တော့ နိုင်ငံရေးဆွေးနွေးပွဲကို ထပ်သွားမှာဖြစ်တဲ့ အကြောင်း၊ အဲ့ဒီ့နိုင်ငံရေးဆွေးနွေးပွဲ လုပ်တဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ပြင်သင့်ပြင်ထိုက် တာကို ပြင်ရမယ်ဆိုတဲ့အကြောင်း အထူးသဖြင့် ကတော့ ကျနော်တို့ ပုံစံအားဖြင့် ပြည်ထောင်စု စနစ်ဖြစ်ပေမဲ့ လက်တွေ့ အားဖြင့် ပြည်နယ်တွေ၊ တိုင်းဒေသကြီး တွေမှာ ရထားတဲ့ ဥပဒေပြုခွင့်အာဏာနဲ့ အုပ်ချုပ်ခွင့် အာဏာတွေက သိပ်နည်းနေတဲ့ အကြောင်း ဒါကြောင့်မို့လို့ အဲ့တာတွေကို သင့်တော်စွာ ဗဟိုချုပ်ကိုင်မှု လျှော့ချပေးရမယ်ဆိုတဲ့ အကြောင်း အဲ့တာကို ကျနော့်အမြင် ဆွေးနွေးခဲ့တယ်။"

ဒါ့အပြင် မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်လို့လည်း - ဘာသာရေး အမြင်မတူတာတွေ ရှိပေမဲ့ ရာဇ၀တ်မှုကို ရာဇ၀တ်အမှု အနေနဲ့ပဲ ကိုင်တွယ်ပြီး လူနည်းစုကို လူများစုက ဖိနှိပ်တာမျိုးတွေ မလုပ်သင့်တဲ့ အကြောင်းလည်း သမ္မတ အိုဘားမားက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ မနက်ဖြန် သောကြာနေ့မှာတော့ ရန်ကုန်ကို သွားရောက်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ သီးခြားတွေ့ဆုံမှာဖြစ်သလို၊ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ Town-hall ဆွေးနွေးပွဲ ကျင်းပဖို့ ရှိပါတယ်။

အွန်လိုင်းမှတစ်ဆင့် ငွေပေးချေခြင်း

အွန်လိုင်းမှတစ်ဆင့် ငွေပေးချေခြင်း၊ ငွေလက်ခံခြင်းများ ဆောင်ရွက်နိုင်သည့် MyanPay Online System (Online Payment Gateway) တွင် မာစတာကတ်များ စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။   မတ်လ ၁ ရက်နေ့မှ စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ထားကြောင်း MyanPay ၏ တာဝန်ရှိသူက ပြောသည်။ “မာစတာကတ် ကိုင်ဆောင်တဲ့သူ မည်သူမဆို MyanPay အကောင့်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။ MyanPay အကောင့်အသုံးပြုရန်အတွက် ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ရခြင်းဖြစ်၍ ဘဏ်ဖွင့်ရက်တွင်သာ သွားရောက်ဆောင်ရွက်နိုင်ကြောင်း၊ ယခုအခါ မာစတာကတ်ဖြင့် ငွေပေးချေနိုင်ပြီဖြစ်၍ ဘဏ်သို့ သွားရောက်စရာမလိုတော့ကြောင်း ဆက်လက်ပြောကြားသည်။ ရုံးပိတ်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ခြင်း၊ ၂၄ နာရီ အသုံးပြုနိုင်ခြင်း စသည့် အားသာချက်များ ရှိလာမည်ဖြစ်ကြောင်း ဆိုသည်။   MyanPay စနစ်မှာ အင်တာနက်မှတစ်ဆင့် ငွေပေးချေခြင်း၊ ငွေလွှဲပေးပို့ခြင်း၊ ငွေလက်ခံခြင်းတို့အား ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။ ငွေလွှဲပေးပို့ရာတွင် MyanPay အကောင့်အချင်းချင်း (သို့) ငွေလွှဲပြောင်းပေးပို့လိုသူ၏ အီးမေးလ်လိပ်စာသိရှိရုံဖြင့် ပေးပို့နိုင်မည်ဖြစ်ကြောင်း၊ ပေးပို့လိုသော အီးမေးလ်ထံသို့ အကောင့်တစ်ခုရ ယူ၍ ငွေလက်ခံရန်အကြောင်းကြား ပေးပို့ပေးကြောင်း သိရသည်။ ငွေလက်ခံရာတွင် အွန်လိုင်းပေါ်၌အမြဲရှိနေရန် မလိုအပ်ဘဲ မိုဘိုင်းဖုန်းသို့ စာတိုပို့စနစ်ဖြင့် အကြောင်းကြားပေးကြောင်း သိရသည်။   “လက်ရှိမှာ MyanPay ထဲကို မြန်မာပြည်တွင်းမှာရှိတဲ့ Bank ခွဲပေါင်း ၅၁၀ ကျော်ကနေ ငွေသွင်းလို့ ရပါတယ်။ အခု MyanPay ထဲကို Mastercard ကနေ ချက်ချင်းငွေသွင်းနိုင်အောင် စီစဉ်ပေးလိုက်တာပါ။ နောက်ပိုင်းတွေ VISA ကတ်ကပါ ချက်ချင်းငွေသွင်းနိုင်အောင် ဆက်လုပ်နေပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ Internet Banking မရှိသေးတော့ ဘဏ်ကို သွားရတဲ့အဆင့် ရှိပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းတွေ MPU ကတ်စနစ်၊ မိုဘိုင်းဘဏ်စနစ်၊ မိုဘိုင်းပေးမန့်စနစ်တွေနဲ့ ချိတ်ဆက်ပြီး တိုးချဲ့ဝန်ဆောင်မှုပေးဖို့ လုပ်နေပါတယ်။ MyanPay က ငွေလွှဲရုံပဲ။ အဓိက လုပ်ဆောင်တာ မဟုတ်ပါဘူး။ MyanPay က Online Payment ပါ။ Online Shopping Website တွေမှာ ငွေပေးချေလို့ရအောင် စီစဉ်ပေးတဲ့ ဝန်ဆောင်မှုပါ” ဟု MyanPay မှ ဦးရန်နောင်စိုးက ပြောသည်။   မာစတာကတ် အသုံးပြုသူများအနေဖြင့် www.myanpay.com.mm သို့ ဝင်ရောက်ကာ Login ပြုလုပ်ပြီး မာစတာကတ်အတွက် သတ်မှတ်ထားသော Link ထံသို့ Click လုပ်ကာ ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “MyanPay ထဲကို ငွေသွင်းရင်တော့ မြန်မာငွေပဲ သွင်းရမှာပါ။ Exchange Rate ကတော့ CB Bank က သတ်မှတ်ထားတဲ့ Rate အတိုင်း Currency Excha